သင်မသိလောက်သေးတဲ့ ကမ္ဘာကြီးပေါ်က လျှို့ဝှက်ချက်များ

အံ့ဖွယ်ကောင်းလှသော ကျွန်တော်တို့ကမ္ဘာမြေကြီးဟာ ကျွန်တော်တို့အတွက် အံဩစရာတွေကို အမြဲယူဆောင်လာပေးတတ်ပါတယ်။ကျွန်တော်ကမ္ဘာကြီးမှာ ယခုအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ အရာတွေနဲ့ နေရာတွေများစွာရှိလို့နေပါတယ်။ ထိုအရာတွေရဲ့ လျှို့ဝှက်ချက်တွေဟာ ကျွန်တော်တို့ လူသားတွေကို ဆွဲဆောင်မှုတွေ များစွာပေးလို့နေပါတယ်။ ဒီဆောင်ပါးလေးမှာတော့ သိပ္ပံပညာရှင်တွေတောင် ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ဘော့စနီးယားနိုင်ငံမှ ကျောက်ဘောလုံးကြီး

အချို့သောသူများကကျွန်ုပ်တို့၏ရှေးဟောင်းဘိုးဘေးများသည်ကျောက်တုံးများကိုကောင်းကင်အရာဝတ္ထုများ၏သင်္ကေတများအဖြစ်သို့မဟုတ်သူတို့၏အုပ်ချုပ်မှုနယ်နိမိတ်များကိုပိုင်းခြားထားသည့်အရာများအဖြစ်ပြုလုပ်ခဲ့သည်ဟုယူဆကြအပါတယ်။ထိုကျောက်ဘောလုံးကြီးကိုတော့ကမ္ဘာပေါ်မှာရှိတဲ့နိုငံများစွာကမသိရှိကြသလိုဖြေရှင်းနိုင်ခြင်းမျိုးတွေလည်းမရှိကြပါဘူး။

(၂) ကြီးမားတဲ့ Sphinx ရုပ်ထု

ဘော်စတွန်မှဘူမိဗှဒပညာရှင် Robert Schochကတော့ Sphinx ရုပ်ထုရဲ့ ဦးခေါင်းဟာ အစပိုင်းတုန်းက ခြင်္သေ့ခေါင်းတစ်ခု ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုထားပါတယ်။ ထိုရုပ်ထုရဲ့ ဦးခေါင်းဟာ ဖာရိုဘုရင်ရဲ့ ပြုံးနေတဲ့ မျက်နှာပုံစံကို ထွင်းထုထားတာတွေ့ရပါတယ်။ (ထိုဖာရိုဘုရင်ရဲ့အမိန့်အရ) သို့ပေမယ်လို့ ထိုဘူမိဗေဒပညာရှင်ရဲ့ ထင်မြင်ယူဆချက်ကိုတော့ သိပ္ပံပညာရှင်တွေကတော့ မထောက်ခံခဲ့ပါဘူး။ Graham Hancock ဆိုသူရဲ့ယူဆချက်ကတော့ ထိုပိရမစ်သုံးခုဟာ Orion ကြယ်စုနဲ့ဆက်စပ်မှု ရှိလိမ့်မယ်လို့ဆိုပါတယ်။

(၃) မပြီးဆုံးသေးတဲ့အီဂျစ်က Zawiyet el-Aryan ပိရမစ်

Zawiyet el-Aryan ပိရမစ်ရဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းကခရီးသွားတွေအပေါ်ကိုကန့်သတ်ထားတာတွေရှိပါတယ်။ထိုပိရမစ်ထဲက၇၅ပေအနက်ရှိတဲ့ စင်္ကြံကြီးတစ်ခုဟာ ထုံးကျောက်ကြီးတစ်ခုကိုထွင်းထုကာဖောက်လုပ်ထားတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေသိရှိလိုနေတဲ့အချက်ကတော့ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာအဆင်မြင့်နည်းပညာတွေမရှိဘဲနဲ့ထိုကျောက်တုံးကြီးကိုချောမွတ်အောင်ဘယ်လိုထွင်းထုထားခဲ့သလဲဆိုတာပါဘဲ။ပြီးတော့ထိုကျောက်တုံးကြီးရဲ့အလေးချိန်ဟာအလွန်ကြီးမားပြီးလေးလံလွန်းလှပါတယ်။ထိုပိရမစ်ဟာအီဂျစ်မှာရှိတဲ့အခြားဘယ်ပိရမစ်နဲ့မှမတူဘဲထူးခြားလွန်းတဲ့တည်ဆောက်မှုတွေရှိနေတာဘဲဖြစ်ပါတယ်။

(၄) Meredith ကျောက်တုံး

ထိုကျောက်တုံးကိုတော့ ၁၈၇၂ ခုနှစ်အမေရိကန်နိုင်ငံ Meredith မြို့ရဲ့ရေကန်ကြီးWinnipesaukee ထဲကနေတွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။ထိုကျောက်တုံးပေါ်မှာတော့ ထူးခြားတဲ့ မျက်နှာနဲ့ အခြားလက်ရာမြောက်တဲ့ ပုံစံအချို့ကို ထွင်းထုထားတာကို တွေ့ရပါတယ်။ထိုကျောက်တုံးကို ထွင်းထုခဲ့တဲ့ခုနှစ်နဲ့ အလုပ်လုပ်ပုံတွေကိုတော့ ယခုအချိန်ထိ ဘယ်သူမှမသိကြပါဘူး။

(၅) ဂျင်ဂျစ်ခန်ရဲ့ဂူသင်္ချိုင်း

ရာစုနှစ်ပေါင်းများစွ ာနာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘုရင်ဂျင်ဂျစ်ခန်ရဲ့ဂူသင်္ချိုင်း တည်နေရာကိုတော့ လူတွေက သိချင်နေကြပါတယ်။တရုတ်နဲ့ မွန်ဂိုလီယားနိုင်ငံတွေမှာ ဂျစ်ဂျစ်ခန်ရဲ့ဂူသင်္ချိုင်းကို ရှာဖွေတူးဖော်မှုတွေ များစွာပြုလုပ်ခဲ့ကြပေမယ့်လည်း ထိုခေါင်းဆောင်ကြီးကို ဘယ်နေရာမှ ာမြုပ်နှံသင်္ဂြိုလ်ထားလည်းဆိုတာကို ဘယ်သူမှအတိအကျ မသိကြသေးပါဘူး။