ကျွန်တော်တို့ရဲ့ဘဝကို စမတ်ကျတဲ့ပုံစံအဖြစ် ပြောင်းသွားစေမယ့် တီထွင်မှု (၅) ခု

တီထွင်သူများဟာ သူတို့ရဲ့ဖန်တီးမှုတွေကိုဘယ်တော့မှရပ်တန့်မနေဘဲကျွန်တော်တို့ကိုအမြဲအံဩစရာတွေယူဆောင်လာပေးတတ်ကြပါတယ်။ဥပမာအားဖြင့်စမတ်ကျတဲ့အိပ်ရာနဲ့အနားယူနိုင်တဲ့ကိရိယာဟာ အမျိုးသမီးတွေဓမ္မလာခြင်းကြောင့်ဖြစ်တဲ့ဗိုက်အောင့်တာတွေကိုသက်သာစေတဲ့နည်းပညာမျိုးတွေဖြစ်ပါတယ်။ဒီဆောင်ပါးထဲမှာထိုကဲ့ဘဝကိုစမတ်ကျလှတဲ့ပုံစံကိုခေါ်ဆောင်သွားပေးနိုင်မယ့်တီထွင်မှုတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
(၁)ရုပ်ရှင်ပိတ်ကားပါထည့်သွင်းထားတဲ့အိပ်ယာ

© Hi-Interiors/Ferrari Press/East News, © Hi-Interiors/Ferrari Press/East News

ဒီအိပ်ယာထဲမှာတော့ မျက်နှာပြင်လက်မ၇၀ရှိတဲ့ 4K ပရိုဂျက်တာတစ်ခုပါဝင်ပါတယ်။ထိုပရိုဂျက်တာဟာ သန့်စင်တဲ့လေထုကိုဖန်တီးပေးနိုင်တဲ့ Build -in အလင်းစနစ်လည်းပါဝင်ပါတယ်။ထိုအပြင်စမတ်အိပ်ယာကိုသူဆွဲသူတွေက အိပ်ယာအနေထားတွေ၊အပူချိန်တွေ၊အလေးချိန်တွေနဲ့အခန်းတွင်းရှိလေထုရဲ့အရည်အသွေးတွေကိုထိန်းချုပ်နိုင်မယ့် အပလီကေးရှင်းတစ်ခုလည်းပါဝင်ပါတယ်။ထိုအချက်များကြောင့်ထိုအိပ်ယာပေါ်မှာအိပ်စက်ပြီးပါကဘယ်သူမှစွန့်ခွာချင်တော့မှာမဟုတ်ပါဘူး။
(၂)သင့်အတွက်ကိုလတ်ဆတ်တဲ့ကော်ဖီဖျော်ပေးမယ့်နှိုးစက်

© Joy Resolve/Ferrari Press/East News, © Joy Resolve/Ferrari Press/East News

ထိုသေးငယ်ပြီးဒီဇိုင်းမိုက်လှတဲ့စက်လေးကတော့သင့်ကိုလုပ်ဆောင်ချက်နှစ်ခုကိုထောက်ပံပေးပါတယ်။တစ်ခုကတော့ သင့်ကိုမနက်ခင်းမှာနှိုးဖို့နဲ့ နောက်တစ်ခုကတော့သောက်စရာပူပူနွေးနွေးလေးတစ်ခုကိုပြုလုပ်ပေးဖို့ပါ။ထိုစက်ဟာသင်ရဲ့လိုချင်တဲ့စိတ်ဆန္ဒအတိုင်း ကော်ဖီသို့မဟုတ်လက်ဖက်ရည်တစ်ခုခုကိုဖော်ပေးမှာဖြစ်ပါတယ်။ထိုနောက်ကျွန်တော်တို့ဟာအရသာကောင်းမွန်တဲ့ ကော်ဖီပူပူလေးနဲ့အတူလှပတဲ့မနက်ခင်းလေးတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
(၃)ပလတ်ထိုးစရာမလိုတဲ့ Hairdryer

© AER/Ferrari Press/East News

ကြိုးမဲ့ပစ္စည်းတွေနဲ့နားကြပ်တွေကိုမြင်ရတာတော့ဒီနေ့မှာအထူးအဆန်းတော့မဟုတ်တော့ပါဘူး။နည်းပညာရဲ့တိုးတက်ပြောင်းလဲလာမှုတွေအရကြိုးတွေကိုဖယ်ရှားပစ်လာကြပြီး ဥပမာတစ်ခုအနေနဲ့ကြိုးမဲ့ Hairdryers ကိုပြုလုပ်လာတာဘဲဖြစ်ပါတယ်။ပြီးတော့ထိုပစ္စည်းဟာကွေးနိုင်ဆန့်နိုင်ပြီးတော့ ဘယ်နေရာမဆိုလွတ်လွတ်လပ်လပ်သယ်ယူသွားလို့ရသလို ဘယ်ချိန်ဖြစ်ဖြစ်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
(၄)သင့်ကိုလျင်မြန်စွာအိပ်ပျော်စေနိုင်တဲ့စမတ်ကျတဲ့ပစ္စည်းလေး

© LIVLAB INC / Amazon.com

အကယ်၍သင်ဟာညဘက်မှာအိပ်ရတာအခက်အခဲရှိနေမယ် ပြီးတော့ညဘက်တွေမှာသက်တောင့်သက်သာမရှိဘူးဆိုရင်တော့ဒီပစ္စည်းလေးကသင့်အတွက်အရမ်းကိုအသုံးတည့်မှာဖြစ်ပါတယ်။ထိုစက်ဟာမျက်နှာကြက်ပေါ်ကိုသင့်ရဲ့အသက်ရှုနေတဲ့ပုံစံအလင်းရောင်လေးတစ်ခုကိုထုတ်လွှတ်လိုက်မှာဖြစ်ပြီးထိုအလင်းရောင်လေးကိုကျွန်တော်တို့ကြည့်နေတဲ့အချိန်မှာ အသက်ရှုတာဟာတစ်ဖြည်းဖြည်းနှေးသွားတဲ့ပုံစံဖြစ်ပေါ်လာမှာဖြစ်ပြီးသင့်စိတ်ဟာလည်းငြိမ်သက်လာကာသင့်ကိုအိပ်ငိုက်လာစေမှာဖြစ်ပါတယ်။
(၅)လက်အရွယ်အစားခန့်သာရှိသောအဝတ်လျှော်စက်

© Dolfi/Ferrari Press/East News, © Dolfi/Ferrari Press/East News

ဒီစက်နဲ့ဆိုရင်တော့အဝတ်လျှော်စက်မရှိဘဲအဝတ်တွေကိုလျှော်ရတဲ့လူတွေအတွက်ပိုပြီးတော့လွယ်ကူလာစေမှာဖြစ်ပါတယ်။ထိုစက်ကတော့ နှုန်းလွန်အသံလှိုင်းနည်းပညာကိုသုံးထားပြီး သင့်ရဲ့ရေချိုးခန်းအတွက်းကလက်ဆေးခွက်ထဲမှာတောင်အဝတ်တွေကိုလျှော်ဖွတ်နိုင်မှာဘဲဖြစ်ပါတယ်။ထိုစက်ဟာနူးညံတဲ့အဝတ်အထည်တွေကိုလွယ်လွယ်ကူကူနဲ့လျှော်ဖွတ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။