
လေအေးပေးစက်တပ်ထားတဲ့ ကိုယ့်ရဲ့မိသားစုအိပ်ခန်းထဲမှာ အိမ်မွေးခွေးလေးတစ်ကောင်ကို ပေးအိပ်စက်စေတာဟာ စိန်တွေကွပ်ထားတဲ့ခွေးလည်ပတ်တွေဝယ်ပေးတာနဲ့ ခွေး Spa ပြုလုပ်ဖို့အတွက် ဒေါ်လာထောင်ပေါင်းများစွာကို သုံးတာထက်စာရင်တော့ ဘာမှမပြောပလောက်ပါဘူး။ ဒါပေမယ့် လေအေးပေးစက်တပ်ထားတဲ့ခွေးအိမ်လေးဆောက်ပေးတာကတော့သာမန်လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။
ထိုကံကောင်းတဲ့ခွေးလေးရဲ့နာမည်ကတော့ Roush ဖြစ်ပြီး သူရဲ့ပိုင်ရှင်ဖြစ်တဲ့ StickStickly က ထိုခွေးအိမ်လေးကို သူရဲ့အဖေဖြစ်သူမှ တည်ဆောက်ပေးတာဖြစ်ကြောင်း တွစ်တာမှာရေးသားထားတာကိုတွေ့ရပါတယ်။ သူရဲ့မိဘတွေကတော့ အိမ်မွေးခွေးလေးတွေမွေးရတာကို အစကတော့မကြိုက်ကြပါဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အိမ်မွေးခွေးတွေကို မုန်းတဲ့သူ့အမိဘတွေဟာ ခွေးလေး Roush နဲ့တွေ့မှပဲ ချစ်တတ်သွားကြပါတော့တယ်။
“ကျွန်တော်မိဘတွေကတော့ ရှေးမက်ဆီကန်လူမျိုးတွေဖြစ်ပြီး သူတို့တွေဟာ အိမ်မွေးခွေးကိုမုန်းကြပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ သူတို့ဟာ Roush လေးကိုဘုရင်တစ်ယောက်လို ဆက်ဆံနေကြပါတယ်”လို့ StickStickly ကဆိုပါတယ်။
StickStickly ရဲ့ပိုစ့်မှ ခွေးလေးရဲ့ပုံတွေကို comment ရေးတာတဲ့သူတွေကတော့ “ထိုခွေးလေးကတော့အလွန်ကိုကံကောင်းတဲ့ခွေးလေးတစ်ကောင်ပါ ဘာလို့လဲဆို ဖွံ့ဖြိုးဆဲနိုင်ငံက အိမ်တွေအားလုံးတောင် လေအေးပေးစက် ပုံမှန်မသုံးနိုင်ကြပါဘူး အချို့ပိုက်ဆံအတော်အတင့်ရှိသူတွေသာ တတ်နိုင်ကြတာပါ။ ဒါကြောင့် လေအေးပေးစက်ဟာ ဇိမ်ခံပစ္စည်းတစ်ခုလို့တောင်ဆိုရမှာပါ”လို့ မှတ်ချက်ပြုရေးသားထားကြတာကိုလည်းတွေ့ရပါတယ်။
ကျွန်တော်တို့ကို နောက်ထပ်သိစေချင်တဲ့အချက်တစ်ခုကတော့ ထိုအိမ်မွေးတိရစ္ဆာန်ခွေးလေးတွေရဲ့အိမ်နေရာအကျယ်အဝန်းနဲ့ ထိုလေအေးပေးစက်ကအဆင်ပြေရဲ့လားဆိုတာပါပဲ။ လေအေးပေးစက်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Cielo ရဲ့တရားဝင်ဝက်ဆိုဒ်မှာ ရေးသားထားတာကတော့ “ကြောင်တွေနဲ့ခွေးတွေဟာ နွေရာသီမှာလေအေးပေးစက်လိုအပ်ပြီးဆောင်းရာသီမှာလည်း နွေးဖို့အတွက်လိုအပ်ပြန်ပါတယ်။ ဒါပေမယ့် သင်စဉ်းစားရမှာကတော့ လေအေးပေးစက်ရဲ့ဘယ်အပူချိန်ကို ကျွန်တော်တို့ရဲ့ခွေးလေးတွေကြောင်လေးတွေ ခံနိုင်ရဲ့ဆိုတာပါဘဲ။ သူတို့ခံနိုင်တဲ့အနေထားယူနစ်ကိုသာ အသုံးပြုပေးဖို့လိုတာပါ”လို့ရေးသားထားပါတယ်။
လေအေးပေးစက်အပူချိန်ရဲ့အပူနဲ့အအေးတွေဟာကျွန်တော်တို့ကိုသက်ရောက်သလိုမျိုးဘဲ သူတို့တွေမှာလည်းသက်ရောက်မှုရှိပါတယ်။ သေးငယ်တဲ့ခွေးတွေဟာ အရွယ်အစားကြီးမားတဲ့ခွေးတွေထက် အေးတာကိုခံစားရတာပိုမြန်ပါတယ်။ အမွှေးထူပြီးအမွှေးရှည်တဲ့ခွေးတွေကတော့ အေးတဲ့ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိကြပါတယ်။
( www.beesportnews.fun တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ။ )