
ထိုင်းနိုင်းငံမှာနေထိုင်ပြီး ကြောင်တွေကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်တဲ့ Thammapa Supamas ဟာ သူ့ကြောင်လေးရဲ့မှိုရောဂါကို ပျောက်ကင်းစေချင်တာကြောင့် နနွင်းကိုအသုံးပြုပြီး ကြောင်လေးရဲ့ကိုယ်တစ်ခုလုံးကို လိမ်းချယ်လိုက်ရာကနေ မတော်တဆ ကြောင်လေးရဲ့အရောင်ဟာ အဝါရောင်ကိုပြောင်းလဲသွားခဲ့တယ်လို့ သူ့မရဲ့ဖေ့ဘွတ်ပို့စ်အရ သိရပါတယ်။ပုံမှာတွေ့ရတဲ့အတိုင်း ကြောင်လေးရဲ့မူလအရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။

ဒါပေမယ့် ပိုင်ရှင်က သူ့ရဲ့ခြေထောက်နားမှာ မှိုရောဂါတစ်ခုဖြစ်နေတာကိုတွေ့ရှိခဲ့တာကြောင့် အာရှဒေသတွေမှာ ချက်ပြုတ်စားသောက်နေတဲ့ အိန္ဒိယဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်တဲ့နနွင်းနဲ့ သူ့ရဲ့ခြေထောက်မှာ သေချာဂရုစိုက်ပြီး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူမဟာ ရောဂါပျံ့နှံ့မှု ထပ်ဖြစ်မှာဆိုးရိမ်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြောင်လေးရဲ့ကျန်ရှိနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ထိုအရောင်ပါတဲ့နနွင်းမှုန့်တွေကို ဆက်ပြီးတော့လိမ်းထားလိုက်ပါတယ်။

ထိုနနွင်းမှုန့်တွေနဲ့ စမ်းသပ်လိမ်းချယ်ခဲ့ပြီး အချိန်အနည်းငယ်အကြာမှာတော့ ပိုင်ရှင်ဖြစ်သူက သူမကြောင်လေးကို ရေချိုးပေးခဲ့ပေမယ့်လည်း အရောင်တွေဟာ ပျောက်မသွားဘဲ ကျန်နေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ Thammapa ဟာ သူမ လုပ်လိုက်မိတဲ့အလွဲကြောင့် အရောင်ပြောင်းလဲသွားတဲ့ သူမကြောင်လေးရဲ့ဓာတ်ပုံကို မူလဓာတ်ပုံနဲ့ယှဉ်ကာ ဖေ့ဘွတ်ပေါ်မျှဝေလိုက်တဲ့အခါမှာတော့ သူမရဲ့ပိုစ့်လေးဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူထောင်များစွာရဲ့Like,Share,Comment များစွာကို ရရှိခဲ့ပါတယ်။

သူမရဲ့ပိုစ့်ထဲက comment အချို့ဟာဆိုရင် သူရဲ့ကြောင်လေးကို နာမည်ကြီးပိုကီမွန်ဇာတ်ကောင်ဖြစ်တဲ့ Pikachu နှိုင်းယှဉ်ပြောဆိုထားသလို အချို့တွေကလည်း photoshop နဲ့ပြုလုပ်ကာ ရယ်စရာဓာတ်ပုံတွေကို လာမန့်ကြတာကိုတွေ့ရပါတယ်။ဒီဖြစ်ရပ်အတွက် ကြောင်လေးကိုတော့ မည်သူကမှစိုးရိမ်ကြခြင်း မရှိကြပါဘူး။

ဘာကြောင့်လဲဆိုတော့ ကြောင်တွေဟာ နနွင်းကိုစားသုံးနိုင်ပြီး ကျန်းမာရေးအတွက်ကိုလည်း အများကြီးအထောက်အကူဖြစ်စေတာကြောင့် ဖြစ်ပါတယ်။ကြောင်တွေကိုတော့ နနွင်းစားသုံးတာကို တစ်နေ့(၈)ဂရမ်လောက်ထိ ခွင့်ပြုထားပြီး ထို့ထက်ပိုပြီးစားသုံးမိပါက ဝမ်းဗိုက်ပူလာတာတွေ၊ ပျို့အန်တာတွေနဲ့ ဝမ်းပျက်ဝမ်းလျှော်တာတွေ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒါပေမယ့် နနွင်းဟာ ကြောင်တွေအတွက် ကင်ဆာကိုတိုက်ဖျက်ရာမှာ အလွန်အကျိုးပြုသလို၊ အဆစ်အမြစ်ရောင်တာတွေ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ အစာချေဖျက်ရာမှာလည်း များစွာအထောက်အကူပြုပါတယ်။

Writer-SHL