
အခါအားလျော်စွာ လူတိုင်းဟာ သူတို့ရဲ့မျက်လုံးတွေထဲမှာ မသာမယာခံစားမှုမျိုးတွေကို ခံစားဖူးကြမှာပါ။ ကျွန်တော်တို့ အများစုအတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းနဲ့ အနားယူခြင်းက အမြင်အာရုံကို ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်နိုင်သော်လည်း အချို့လက္ခဏာတွေကတော့ ကျွန်တော်အနေနဲ့ လျစ်လျူမရှုထားသင့်ပါဘူး။ ဒီဆောင်းပါးထဲမှာတော့ မျက်လုံးကြည့်တာနဲ့ သိနိုင်မယ့်ကျန်းမာရေးအခြေအနေတွေကို ဖော်ပြပေးထားပြီး ထိုလက္ခဏာတွေတွေ့ပြီဆိုတာနဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
(၁) မျက်ကြည်လွှာ အပေါ်က အဖြူအစက်အပြောက်
ဒီလက္ခဏာကတော့မျက်ကပ်မှန်တပ်တဲ့လူတွေမှာအများစုဖြစ်လေ့ဖြစ်ထရှိပြီးမျက်လုံးကိုရောဂါပိုးတွေဝင်ရောက်နိုင်တဲ့လက္ခဏာလည်းဖြစ်ပါတယ်။မျက်ကပ်မှန်တပ်ထားတဲ့လူများဟာမျက်လုံးမှာဒဏ်ရာအသေးလေးတွေဖြစ်ပေါ်စေကာ ထိုဒဏ်ရာတွေကနေတစ်ဆင့်ရောဂါပိုးတွေဝင်ရောက်နိုင်ကာမျက်ကြည်လွှာပေါ်မှာပြည်တည်နာတွေဖြစ်လာနိုင်ပါတယ်။ဒီအချက်ဟာ သက်တမ်းကုန်ဆုံးနေတဲ့မျက်ကပ်မှန်တွေကိုဝတ်ဆင်တဲ့လူတွေနဲ့ညဘက်တွေပါအပါအဝင်တစ်နေ့လုံးအချိန်ကြာရှည်စွာမျက်ကပ်မှန်တပ်သူတွေမှာဖြစ်စေနိုင်ပြီးအန္တရာယ်ရှိတဲ့အခြေနေလည်းဖြစ်ပါတယ်။
(၂)မျက်စိရဲ့ မျက်ဝန်းပတ်ပတ်လည်ရှိ အဖြူအဝိုင်း
များသောအားဖြင့်၎င်းဟာအိုမင်းခြင်းလက္ခဏာဖြစ်ပြီးစိုးရိမ်စရာတော့မရှိပါဘူး။ဒါပေမယ့်သင်ဟာအသက်အရွယ်ကြီးသူတစ်ယောက်မဟုတ်ခဲ့ဘူးဆိုပါကမျက်ဝန်းပတ်လည်ရှိထိုအဖြူဝိုင်းဟာကိုလက်စရောနဲ့triglycerides ပမာဏမြင့်မားနေတယ်လို့လက္ခဏာပြနေတာဘဲဖြစ်ပါတယ်။ထိုအချက်ရဲ့ဆိုလိုရင်းကတော့များသောအားဖြင့်သင့်ဟာနှလုံးရောဂါနဲ့လေဖြတ်ရောဂါဖြစ်နိုင်တယ်လို့ပြသနေတာဘဲဖြစ်ပါတယ်။
(၃) မျက်လုံးနီရဲနေခြင်း
မျက်လုံးနီခြင်းရဲ့အကြောင်းအရင်းမှာအိပ်ချိန်မလုံလောက်ခြင်း၊အလုပ်များစွာလုပ်ရခြင်းနှင့်လေနဲ့နေရောင်တို့ထိတွေ့မှုများတာတို့ကြောင့်ဖြစ်နိုင်ပါတယ်။အကယ်၍မျက်လုံးဟာအကြောင်းပြချက်မရှိဘဲနီလာတယ်ဆိုပါက ၎င်းဟာအတွင်းပိုင်းဖိအား(glaucoma)သက်ရောက်တာဖြစ်ပြီး အတွင်းပိုင်းဖိအားမြင့်မားခြင်းနဲ့ဆီးချိုရောဂါတို့ဖြစ်စေနိုင်ပါတယ်။
(၄)ခြောက်သွေ့သောမျက်လုံး
ခြောက်သွေ့သောမျက်လုံးဟာ သက်တောင့်သက်သာမရှိခြင်းနဲ့ယားယံခြင်းကိုဖြစ်ပေါ်စေပြီးတော့လက်ဖြင့်ပွတ်တိုက်မှုကြောင့်နူးညံသောမျက်လုံးအတွင်းသားကိုလည်းထိခိုက်စေနိုင်ပါတယ်။၎င်းဟာမျက်ခွ့တွန့်တာတွေဖြစ်လာစေနိုင်ပြီးလေတိုက်ခံရမှုတွေပိုပြီးသက်ရောက်လာစေကာ မျက်လုံးကိုပိုပြီးခြောက်သွေ့လာစေပါတယ်။မျက်လုံးယားယံခြင်းကိုဖြစ်စေနိုင်တဲ့အများဆုံးအကြောင်းအရင်းမှာရာသီအလိုက်ဓာတ်မတည့်ခြင်းတွေကြောင့်ဖြစ်ပါတယ်။မျက်လုံးခြောက်သွေ့မှုအလွန်များပြားလာပါက အလင်းရောင်ကိုမခံနိုင်ခြင်းတွေဖြစ်လာစေကာ၎င်းဟာSjogren’s syndromeလို့ခေါ်တဲ့ရှားပါးတဲ့ကိုယ်ခံအားစနစ်ဖောက်ပြန်တဲ့ရောဂါဖြစ်စေနိုင်ကြောင်းညွန်ပြနေပါတယ်။
(၅) မျက်လုံးအရှေ့မှာ အရောင်မရှိတဲ့ အစက်အပြောက်တွေ မြင်ရခြင်း
ထိုအစက်အပြောက်ကိုတော့ ကျွန်တော်တို့ဟာ ကြည်လင်နေတဲ့ ကောင်းကင်တွေ၊ တောက်ပတဲ့ဆီးနှင်းတွေနဲ့ အဖြူရောင်နောက်ခံ၊ နံရံတွေပေါ်မှာဆို မြင်တွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ အတော်များများကတော့ ဒီအရာတွေကို တွေ့ရတတ်ပြီး အရေအတွက်များပြားစွာတွေ့လာရပြီဆိုပါက retinal tear နဲ့ retinal detachment လို့ခေါ်တဲ့ရောဂါတွေ ဖြစ်လာနိုင်ကြောင်း သတိပေးနေတာဘဲဖြစ်ပါတယ်။
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )