
ကျွန်တော်တို့သိကြတဲ့အတိုင်း ကမ္ဘာ့ဖက်ရှင်လောကဟာ ခေတ်ရေစီးကြောင်းအတိုင်း ဖက်ရှင်ဒီဇိုင်းများဟာလည်း နေ့စဉ်နဲ့အမျှ အသစ်အဆန်းများ ပေါ်ထွက်လျက်ရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးချင်တဲ့ဘောင်းဘီဒီဇိုင်းကတော့ ထူးဆန်းတဲ့ဖက်ရှင်ဒီဇိုင်းတွေထဲကမှ ထိပ်ဆုံး(၁၀)ခုစာရင်းမှာ ပါဝင်နေမှာပါ။
ဒီထူးဆန်းတဲ့ဘောင်းဘီကိုတော့ အမျိုးသားဝတ်ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတဲ့ဖက်ရှင်ဒီဇိုင်းနာ Harikrishnan က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဘောင်းဘီရဲ့ brand နာမည်ကိုတော့ “Harri” လို့ အမည်ပေးထားပါတယ်။ ထိုဘောင်းဘီကို အနက်ရောင်အင်္ကျီနဲ့ တွဲဖက်ပြီး ဝတ်ဆင်လိုက်မယ်ဆိုရင် The Incredibles ဇာတ်ကားထဲက ဇာတ်ကောင်တွေနဲ့ ဆင်တူနေမှာပါ။
၂၀၂၀ခုနှစ် မတ်လတုန်းက catwalk ပွဲတစ်ခုမှာ ဒီဘောင်းဘီကိုပွဲထုတ်ခဲ့ပြီး ယခုအချိန်မှာတော့ Pre order မှာယူလို့ရနေပါပြီ။ ဒီဘောင်းဘီကိုတော့ အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး အနက်ရောင်နဲ့ အဖြူအစင်းရောင် ဖြစ်ပါတယ်။
ရာဘာစေးနဲ့ပြုလုပ်ထားပြီး ကိုယ်တိုင်လေထိုးသွင်းကာ ဝတ်ဆင်ရတဲ့ ဒီဘောင်းဘီမှာတော့ များပြားတဲ့သတိပေးချက်တွေရှိပါတယ်။ ထိုအချက်တွေကတော့ထိုဘောင်းဘီကို အပူ၊ နေရောင်ခြည်နဲ့ သတ္တုတွေရဲ့အဝေးမှာထားရမှာဖြစ်ပြီး ဆီအမျိုးအစားအားလုံးနဲ့တိုက်ရိုက်ထိတွေ့မှုကိုလည်း ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ နောက်ထပ်သူကိုဝတ်ဆင်တဲ့အခါမှာ ဂရုစိုက်ရမယ့်အချက်ကတော့ မဝတ်ဆင်ခင်မှာ ကိုယ်လိမ်းပေါင်ဒါသုံးရမှာပဲ ဖြစ်ပါတယ်။
ပြင်သစ်က နာမည်ကြီး brand တစ်ခုဖြစ်တဲ့ HYPEBEAST ကတော့ ဒီဘောင်းဘီရဲ့ထူးခြားတဲ့ဒီဇိုင်းနဲ့ အနုပညာကို ထင်ဟပ်နေအောင်ပြသနိုင်တာကြောင့် သူတို့အနေနဲ့ ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။
ဒီဘောင်းဘီကို ” လေဘယ်လိုထိုးမလဲ ” လို့ သင့်အနေနဲ့ မေးစရာရှိနေမှာပါ။ ဘောင်းဘီကို ခေါက်ချုပ်ထားတဲ့အနား နေရာမှာ လေထိုးသွင်းလို့ရနိုင်မယ့် အဆို့ရှင်လေးပါရှိမှာဖြစ်ပြီး အဲ့ဒီကနေပြီးတော့ လေထိုးရမှာဖြစ်ပါတယ်။
ဘောင်းဘီရဲ့ဒီဇိုင်းနာဖြစ်တဲ့ Harikrishnan က ပြီးခဲ့တဲ့ မတ်လပိုင်းက ကျင်းပခဲ့တဲ့ London College of Fashion ရှိုးပွဲအတွက် ဒီဘောင်းဘီတစ်စုံကို ပြီးစီးအောင် ချုပ်လုပ်နိုင်ဖို့အတွက် အချိန် ၄၈ နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ယခုဘောင်းဘီကိုတော့ APOC စတိုးမှာ အော်ဒါမှာယူရရှိနိုင်ပါတယ်။ အနက်ရောင်ဝတ်စုံ ‘Black Limo’ ကတော့ ဒေါ်လာ ၁၁၆၀(မြန်မာငွေ ၁၅၈၀၀၀၀ခန့်)ကျသင့်မှာဖြစ်ပြီး အစင်းကျားအရောင်ဖြစ်တဲ့ ‘Striped Swirl’ ရဲ့ရောင်းဈေးကတော့ ဒေါ်လာ ၁၉၆၁(မြန်မာငွေ ၂၇သိန်းနီးပါး)ခန့် ကျသင့်မှာဖြစ်ပါတယ်။
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ )