သခင့်အတွက် ဖိနပ်အရံ(၅၀)ကျော် ခိုးယူပြီး လက်ဆောင်ပေးခဲ့တဲ့ကြောင်

အိမ်မွေးတိရစ္ဆာန်ကြောင်လေးတွေဟာ သူတို့ချစ်ခင်တဲ့သခင်တွေကို သစ်ရွက်လေးတွေနဲ့ အခြားအကောင်ငယ်လေးတွေဖမ်းပြီး လက်ဆောင်အဖြစ်နဲ့ ယူဆောင်လာပေးတတ်ကြပါတယ်။ ဒါပေမယ့် ခုပြောပြချင်တဲ့ကြောင်လေးကတော့ အခြားအိမ်တွေကနေ ဖိနပ်တွေကိုခိုးယူပြီး သခင့်အတွက် လက်ဆောင်အဖြစ် ညတိုင်းယူဆောင်လာခဲ့တာကြောင့် ကြောင်ရဲ့သခင်ဖြစ်သူလည်း အခက်တွေ့နေရပါတယ်။ အဲ့ဒါကြောင့်လည်း သခင်ဖြစ်သူဟာ သူ့ရဲ့ကြောင်လေးခိုးယူခဲ့တဲ့ဖိနပ်တွေကို ဖိနပ်ပိုင်ရှင်ဖြစ်သူတွေထံ ပြန်လည်ပေးအပ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားရပါတော့တယ်။

‌ဒီလအစောပိုင်းမှာတော့ အမေရိကန်နိုင်ငံ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ Altoona မြို့မှ BJ Ross ဆိုသူက သူမရဲ့အိမ်မွေးတိရိစ္ဆာန်ဂျော်ဒန်လို့အမည်ရတဲ့ကြောင်ရဲ့ အကျင့်ဆိုး (သူတို့အိမ်နီးချင်းရဲ့ ဖိနပ်တွေကိုခိုးတာ)ကို ဖြေရှင်းဖို့ Facebook group တစ်ခုကို ဖွင့်ခဲ့ပါတယ်။ WTAJ ၏အဆိုအရ ဝိတ်ခြောက်ပေါင် အနက်ရောင်နှင့်အဖြူရောင်ရှိတဲ့ ထိုကြောင်လေးဟာ ညအချိန်တွေမှာ တောက်လျှောက်ထွက် သွားပြီး ပါးစပ်မေးရိုးအပြည့် ပစ္စည်းတွေနဲ့အတူ အိမ်သို့ပြန်လာတတ်ပါတယ်။ ပိုင်ရှင် Ross က ဆိုရှယ်မီဒီယာကနေ ဖိနပ်တွေကို သက်ဆိုင်ရာပိုင်ရှင်တွေဆီ ပြန်ပေးဖို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပေမယ့် သူမကြောင့် ခုတော့ ဂျော်ဒန်ရဲ့အကျင့်ဆိုးတွေကို ကမ္ဘာတစ်ခုလုံးက သိသွားကြပြီဖြစ်တဲ့အပြင် သူ့ကြောင်ကလည်း လူအများကြား ဆယ်လီဖြစ်သွားပါတော့တယ်။

ဒါကတော့ ဂျော်ဒန်ရဲ့ ရယ်စရာ ပြစ်မှုကျူးလွန်တဲ့ ဗီဒီယိုတခုပါ။

ကြောင်ကလေး ဂျော်ဒန်က သူသယ်ယူနိုင်သလောက် ခိုးလာတဲ့ ဖိနပ်တွေပါ။

သူ့ပိုင်ရှင်က မနက်တိုင်း ဖိနပ်တွေ အိမ်ရှေ့ရောက်နေတာကို တွေ့ရပုံပါ။

ခုတော့ ဖိနပ်အားလုံ အရံ ၅၀လောက်ရှိနေပါပြီ။

ဂျော်ဒန်ကတော့ သူတိတ်တိတ်လေး ခိုးလာတာတွေကို ကြိတ်‌ဂုဏ်ယူနေပုံပါ။

“ခင်ဗျားတို့အားလုံး ကျွန်မရဲ့ကြောင် ဂျော်ဒန်ကို သိမယ်လို့ ထင်ပါတယ်။ ပြီးတော့ သူက နေ့တိုင်းကျွန်မအတွက် ဖိနပ်တွေ ယူလာပေးရတာ ကြိုက်တယ်ဆိုတာကိုလည်း သိမယ်လို့ ထင်ပါတယ်။” ဆိုပြီး group မှာ ရေးထားပါတယ်။ ကြောင်ပိုင်ရှင် BJ Ross က သူ့ကြောင်ရဲ့ လှုပ်ရှားသွားလာမှုကိုသိစေဖို့ သူ့ကိုယ်မှာ GPS တပ်ထားပေးလိုက်ပါတယ်။

ဂျော်ဒန်ရဲ့ ဂျီပီအက်စ်ခြေရာခံချက်တွေအရ၊ သူဟာ အိမ်နီးနားချင်းတွေရဲ့ အိမ်တွေကို မကြာခဏ ကျူးကျော်ပြီး ဖောက်ထွင်းမှုတွေ ကျူးလွန်တာကို တွေ့ရပါတယ်။ ဘာလို့ဆို ဂျော်ဒန်က သူ့သခင်အတွက် ဖိနပ်အစုံလိုက် လက်ဆောင်ပေးချင်ပေမယ့် ကြောင်ဖြစ်တာကြောင့် တကြိမ်ကို ဖိနပ်တဖက်ပဲ ယူလာနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနည်းစုသော ကြောင်ဖောက်ထွင်းဝိဇ္ဇာတွေတွက် အကန့်သတ်ရှိပေမယ့် ဂျော်ဒန်ကတော့ အကြိမ်ကြိမ်ပါပဲ။ ခုလိုကျူးလွန်ဖို့တွက် နေ့အချိန်တွေမှာ အားပြည့်နေအောင် မကြာခဏ အိပ်စက်အနားယူနေတတ်ပါတယ်။

ခုလိုခိုးဖို့တွက် သူဟာ တစ်ညကို ၇ မိုင် ၈ မိုင်လောက်ထိ လျှောက်သွားနိုင်ပါတယ်။

Ross က သက်သေတချို့ရအောင် သူ့နောက်ကျောဖက်မှာ လုံခြုံရေး ကင်မရာကိုလည်း တပ်ထားပေးပါသေးတယ်။ ပြီးတော့ ဂျော်ဒန်ကျူးလွန်တဲ့ အမှုတွေကို ဆွေးနွေးဖို့ ဖေ့ဘွတ်ဂရုကိုလည်း ဖွင့်ထားပါတယ်။ သေချာတာတော့ အားလုံးက ဂျော်ဒန့်ကို ချစ်ကြမယ် ဆိုတာပါပဲ။