ဓာတ်ပုံတွေကိုကြည့်ပြီး ဉာဏ်စမ်းပဟေဠိလေးတွေ ဖြေကြည့်ရအောင်

ကျွန်တော်တို့ဦးနှောက်ဟာ ကျန်းမားသန်စွမ်းပြီးအမြဲထက်မြက်နေစေဖို့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေလိုဘဲ ပုံမှန်လေ့ကျင့်ခန်းလုပ်နေဖို့လိုပါတယ်။ ဒါကြောင့် သင့်ရဲ့ဦးနှောက်ဘယ်လောက်ထိထက်မြက်နေလဲဆိုတာ စမ်းသပ်ဖို့အတွက် ဒီဉာဏ်စမ်းရဲ့စိန်ခေါ်မှုတွေကို သင့်အနေနဲ့လက်ခံသင့်ပါတယ်။ ဒီဉာဏ်စမ်းကိုကြည့်ရတာဟာ ရိုးရှင်းတယ်လို့ထင်ရပေမယ့် အချို့လှည့်ကွက်တွေကြောင့် သင့်အနေနဲ့ဖြေရှင်းရတာတော့လွယ်ကူမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ဒီဉာဏ်စမ်းထဲကအချို့ကို မှန်အောင်ဖြေဆိုပြီးတော့ သင့်သူငယ်ချင်းကို ငါဟာ ပါရမီရှင်ဖြစ်တယ်ဆိုတာကြွားလိုက်ရအောင်။

(၁) ဆင်းရဲတဲ့သူက ဘယ်သူလဲ?

ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးနှစ်ဦးလုံးကတော့ အပျိုလေးတွေဖြစ်ကြပါတယ်။ သူတို့ထဲကတစ်ယောက်ဟာနှစ်ပေါင်းများစွာဆင်းဆင်းရဲရဲနေလာရပြီး အကြွေးတွေဆပ်ရန် မကြာသေးမှီက ဘဏ်ကိုဓားပြတိုက်ခဲ့ပါတယ်။ ဘယ်တစ်ယောက်ဖြစ်မလဲဆိုတာသင်ခန့်မှန်းကြည့်ပါအုံး။

(၂) အပုံထဲကအင်္ဂလိပ်စကားလုံး(၃)လုံးကိုရှာကြည့်ပါ။

(၃) အပုံထဲကအင်္ဂလိပ်စကားလုံး (၃) လုံးကိုရှာကြည့်ပါ။

(၄) ဘယ်ထွက်ပေါက်ကို သူရွေးချယ်သင့်သလဲ?

လူတစ်ယောက်ကတော့ ဖမ်းချုပ်ခံထိထားပြီး သူ့မှာလွတ်မြောက်နိုင်ဖို့အတွက် တံခါးသုံးခုရှိပါတယ်။ ပထမတံခါးမှာတော့ ဒေါသထွက်နေတဲ့ခွေးတစ်ကောင်ရှိပြီး။ နောက်တံခါးမှာတော့အချိန် ၅ မိနစ်ကြာရင်ပေါက်ကွဲမယ့် ဗုံးတစ်လုံးရှိနေပါတယ်။ နောက်ဆုံးတံခါးမှာတော့လက်နက်ကိုင် အစောင့်တစ်ယောက်ရှိနေပါတယ်။ သူအနေနဲ့ဘယ်တံခါးကိုရွေးချယ်သင့်ပါသလဲ?

(၅) ဘယ်ဓာတ်လှေကားက ပိုလုံခြုံပါသလဲ?

Tom ဟာ ကွင်းဆက်လူသတ်သမားတစ်ဦးက သူ့ကိုသတ်ဖို့လာနေပြီဖြစ်ကြောင်း မက်ဆေ့စ်တစ်စောင် လက်ခံရရှိခဲ့ပြီးနောက် သူဟာအဆောက်အဦးအတွင်းကနေ ထွက်ဖို့ကြိုးစားပါတော့တယ်။ သူဓာတ်လှေကားစောင့်နေစဉ် ဓာတ်လှေကားနှစ်ခုလုံးဟာ သူ့အရှေ့မှာပွင့်လာခဲ့ပြီး လူသတ်သမားလို့ထင်ရတဲ့ သူစိမ်းနှစ်ဦးလုံးက သူ့ကိုသေချာစိုက်ကြည့်နေပါတယ်။ ဘယ်ဓာတ်လှေကားထဲကို သူ့အနေနဲ့ဝင်သင့်ပါသလဲ?

(၆)ဒီအပုံမှာဘာမှားနေသလဲ

(၇)ဘယ်သူက လူလိမ်လဲ?

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာသူ့ရုံးခန်းသို့ရောက်လာတဲ့အချိန်မှာစားပွဲပေါ်ကအရေးကြီးတဲ့စာရွက်စာတန်းတချို့ပျောက်ဆုံးသွားခဲ့ပါတယ်။ရဲကတော့ဒီအမှုအတွက်လူသုံးဦးကိုသံသယရှိခဲ့ပြီး သူတို့သုံးယောက်လုံကတော့ရုံးခန်းကိုပင်မရောက်ခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။ဒီထဲကဘယ်သူကလိမ်နေတာလည်း?

(၈)ဘယ်တံခါးကနေထွက်ပြေးလွတ်မြောက်နိုင်မလဲ?
လူတစ်ယောက်ဟာပြန်ပေးဆွဲခံရပြီးအိမ်တစ်အိမ်မှာသော့နဲ့ခတ်ပိတ်ခံထိထားပါတယ်။သူမှာထွက်ပြေးလွတ်မြောက်နိုင်တဲ့တံခါးလေးခုရှိပါတယ်။ပထမတံခါးရဲ့အနောက်မှာတော့ သူ့ကိုသေစေနိုင်လောက်အောင်အေးတဲ့အပူချိန်ရှိပါတယ်။ဒုတိယတံခါးရဲ့အနောက်မှာတော့ဆာလောင်နေတဲ့ငါးမန်းတစ်ကောင်ရှိပြီးတတိယတံခါးမှာတော့ အဆိပ်ငွေ့တွေနဲ့ပြည့်နေပါတယ်။နောက်ဆုံးတံခါးမှာတော့ အရာအားလုံးကိုလောင်ကျွမ်းစေနိုင်တဲ့အင်အားပြင်းတဲ့နေလုံးကြီးရှိနေပါတယ်။သူဘယ်တံခါးကနေထွက်ပြေးလွတ်မြောက်နိုင်မှာလည်း?


အဖြေများ

( ၁ ) သူမဟာ ဘဏ်ဓါးပြတိုက်ထားတဲ့ငွေတွေနဲ့ လူတစ်ကိုယ်သုံးစာထက်ကိုပိုပြီးတော့ အစားအစာနဲ့ဖန်စီပစ္စည်းတွေအတွက်ငွေအများကြီးသုံးတာတာကြောင့် သူမကဆင်းရဲသူတစ်ယောက်ပါ။

( ၂ ) အဖြေမှန်

( ၃ ) အဖြေမှန်

( ၄ ) ဗုံးရှိတဲ့တံခါးက ဗုံးဟာ ၅ မိနစ်နေရင်ပေါက်ကွဲသွားမှာမို့ ဗုံးပေါက်ပြီးတာနဲ့ ဒီတံခါးကနေသူထွက်သွားနိုင်ပါတယ်။


( ၅ )လူသတ်သမားဟာ အပြင်ကလာတာဖြစ်တဲ့အတွက် အောက်ထပ်ကနေဘဲတက်လာရမှာပါ။

( ၆ ) အဖြေမှန်

( ၇ ) အဖြေမှန်

(၈) သူ့အနေနဲ့ နေဝင်သွားတဲ့အခါမှ ာနောက်ဆုံးတံခါးကနေ ထွက်သွားနိုင်ပါတယ်။