မြောက်ကိုးရီးယားနိုင်ငံမှာသာရှိတဲ့ ထူးခြားတဲ့အချက် (၈) ချက်

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ထူးခြားတဲ့ဓလေ့တွေနဲ့ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေရှိတဲ့နိုင်ငံတစ်ခုဆိုတာ အားလုံးသိပြီကြပြီးဖြစ်မှာပါ။မြောက်ကိုရီးယားဟာ ဆံပင်ညှပ်တဲ့ပုံစံတွေကအစကန့်သတ်ချက်တွေရှိပြီး အမေရိကန်ထုတ်ပစ္စည်းတွေကိုလည်း လုံးဝသုံးစွဲခွင့်မရှိတဲ့နိုင်ငံဖြစ်သလို ကိုးကွယ်ယုံကြည်မှုတွေမှာလည်းတင်းကြပ်တဲ့စည်းကမ်းတွေရှိပါတယ်။ ယခုဆောင်းပါးမှာတော့ မြောက်ကိုရီးယားနိုင်ငံမှာသာရှိတဲ့ ထူးခြားတဲ့အချက်(၈)ချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) သီးခြားဖြစ်နေတဲ့ပြက္ခဒိန်

၁၉၉၇ခုနှစ်မှာ‌ မြောက်ကိုရီးယားဟာခုနှစ်သက္ကရာဇ်တစ်ခုကိုဖန်တီးခဲ့ပြီး ယခုအချိန်မှာတော့ မြောက်ကိုရီးယားရဲ့ သက္ကရာဇ်ဟာ ၁၀၆နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့ရဲ့ ခုနှစ်သက္ကရာဇ်ကို ခေါင်းဆောင် ကင်အီဆန်းမွေးဖွားတဲ့ ၁၉၁၂ခုနှစ်ကစတင်ကာရေတွက်ခဲ့ပါတယ်။ သူတို့ရဲ့ ပြက္ခဒိန်အားလုံးမှာ ခုနှစ်၂မျိုးနဲ့ထုတ်လုပ်ပြီး တစ်မျိုးကတော့ သူတို့ရဲ့သက္ကရာဇ်နဲ့ နောက်တစ်မျိုးကတော့ ကမ္ဘာရဲ့ သက္ကရာဇ်ဖြစ်ပါတယ်။ ကင်အီဆန်း၊သားဖြစ်သူကင်ဂျုံအီနဲ့ မြေးဖြစ်သူကင်ဂျုံအန်းတို့မှာ မြင့်မြတ်တဲ့ဂုဏ်ပုဒ်တွေ များစွာရှိတာကြောင့် သူတို့ကိုသမ္မတလို့ ဘယ်တော့မှ မခေါ်ကြပါဘူး။

(၂) လမ်းမများ

မြောက်ကိုရီးယားနိုင်ငံမှာ ဆောက်လုပ်ထားတဲ့လမ်းတွေဟာ အလွန်နည်းပါးပါတယ်။ လမ်းအားလုံးရဲ့ ၈ရာခိုင်နှုန်းဟာ မြေသားလမ်းတွေဖြစ်ပြီး ကျန်၂ရာခိုင်နှုန်းသာ ခင်းထားတဲ့လမ်းတွေက ကတ္တရာလမ်းတွေပါ။ နိုင်ငံသားတွေအတွက်ကတော့ ဒါဟာအခက်အခဲတစ်ခုတော့ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံးကို အာဏာပိုင်တွေကထိန်းချုပ်ထားတာကြောင့် စစ်တပ်ကလူတွေနဲ့ နိုင်ငံရေးသမားတွေကသာ ကားဝယ်စီးနိုင်ကြပါတယ်။ကျန်တဲ့နိုင်ငံသားအများစု ကတော့စက်ဘီးဖြင့်သာသွားလာကြရပါတယ်။

(၃) အမျိုးသမီး မီးပွိုင့်

လေ့လာတွေ့ရှိချက်များအရ မြောက်ကိုရီးယားနိုင်ငံမှာ မီးပွိုင့်အနည်းငယ်သာရှိပြီး မြို့ကြီးတွေမှာ မီးပွိုင့်ထိန်းချုပ်မှုတွေကို လိုအပ်နေဆဲဖြစ်ပါတယ်။ ထိုအတွက်ကြောင့် ကြည့်ကောင်းတဲ့မိန်းကလေးတွေအတွက် အလုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ မီးပွိုင့်တွင် တာဝန်ထမ်းဆောင်ရမယ့်မိန်းကလေးဟာ Single ဖြစ်ရမှာဖြစ်ပြီး အသက်၂၆နှစ်အောက်ရှိရမှာပါ။သတ်မှတ်ထားတဲ့စည်းကမ်းတွေထဲကတစ်ခုခုချိုးဖောက်ပါက ရာထူးမှနုတ်ထွက်ခံထိမှာလည်းဖြစ်ပါတယ်။

(၄) မှော်ဆေး

မြောက်ကိုရီးယားဟာ အီဘိုလာ၊ မားစ်ရောဂါနဲ့ AIDS အတွက်ဆေးကိုတွေ့ရှိထားပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ထိုမှော်ထိုးဆေးဟာ ကင်ဆာနဲ့ ကွန်ပျူတာကြည့်များတာကြောင့် ဖြစ်တတ်တဲ့ အကြောတက်မှုတွေကိုလည်း သက်သာစေတယ်လို့ဆိုပါတယ်။ ထိုဆေးတွင် ကင်ဆွန်းဒေသမှာသာ ထွက်ရှိတဲ့ ဂျင်ဆင်းအနီပါဝင်ပြီး ထိုဒေသမှာတော့ ရွှေနဲ့ပလက်တီနမ်တွေလည်း တူးဖော်ရရှိပါတယ်။

(၅) အဝတ်အစားနဲ့ဖက်ရှင်များ

မြောက်ကိုရီးယားအမျိုးသမီးများဟာ နိုင်ငံခြားဖက်ရှင်များကို ဝတ်ဆင်တဲ့အလေ့အထမရှိပေမယ့် သူတို့ကိုကြည့်ရတာတော့ လှပနေဆဲပါ။ သူတို့တွေဟာ သတ်မှတ်ထားတဲ့ အဝတ်အစားနဲ့ ယူနီဖောင်းတွေကိုလည်း နေ့စဉ်ဝတ်ဆင်ကြရပါတယ်။ မြောက်ကိုရီးယားအမျိုးသမီးတွေကတော့ ဒေါက်မြင့်ဖိနပ်စီးရတာကိုနှစ်သက်ကြပြီး တစ်နေ့တာလုံးဒေါက်မြင့်ဖိနပ်စီးကာ နေကြပါတယ်။ မြောက်ကိုရီးယားအမျိုးသမီးတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝနဲ့ အလုပ်ကိုသွားတဲ့အခါတွေမှာ မိတ်ကပ်တွေလိမ်းချယ်ခြင်းမရှိပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့အမျိုးသားအားလပ်ရက်တွေနဲ့ ပွဲအခမ်းအနားတွေမှာတော့ သူတို့ဟာ တောက်ပတဲ့မိတ်ကပ်တွေလိမ်းချယ်ကာ သစ်လွင်လှတဲ့ ရိုးရာဝတ်စုံတွေကိုဝတ်ဆင်ကြပါတယ်။

(၆) ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာအကောင်းဆုံးနိုင်ငံ

မြောက်ကိုးရီးယားမှသိပ္ပံပညာရှင်များရဲ့ သုတေသနပြုချက်များအရ မြောက်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ‌အပျော်ရွှင်ရဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းဆိုပါတယ်။ အတိအကျဆိုရလျှင် တရုတ်ပြီးလျှင် ကမ္ဘာပေါ်မှာဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ပါတယ်။ မြောက်ကိုးရီးယားအာဏာပိုင်များက နိုင်ငံသားများကို ပျော်ရွှင်စေရန်နှင့် နိုင်ငံသားများရဲ့ စိတ်ဓါတ်ကို မြင့်တင်ရန်အတွက် အဓိကထားလုပ်ဆောင် ပေးခဲ့တယ်လို့ဆိုပါတယ်။

(၇) မြောက်ကိုးရီးယားနိုင်ငံမှာ Unicorns တွေတကယ်ရှိတယ်။

မြောက်ကိုးရီးယားနိုင်ငံမှက သုတေသီများမှ ဒဏ္ဍရီများထဲမှ ဦးချိုတစ်ချောင်းသာပါသော မြင်း ( Unicorns ) တွေဟာ ဒဏ္ဍရီများထဲတွင်သာရှိတာမဟုတ်ဘဲ မြောက်ကိုးရီးယားနိုင်ငံတွင်အမှန်တကယ်ရှိကြောင်းဆိုကြပါတယ်။ ရှေးဟောင်းသုတေသီများက မြို့တော်ပြုံယမ်းတွင် ရှေးဟောင်း ဥယျာဉ်တစ်ခုထဲမှရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ထိုသို့မှော်ဆန်တဲ့တွေ့ရှိမှုတွေက နိုင်ငံသားတွေရဲ့ လူမှုရေးပါဝါနဲ့ မျိုးချစ်စိတ်ကို တတ်ကြွလာစေတယ်လို့ ဆိုထားပါတယ်။

(၈) တန်ခိုးရှင် ကင်ဂျုံအီ

မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင်ဟောင်း ကင်ဂျုံအီဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ တန်ခိုးရှင်တစ်ယောက်ဖြစ်ကြောင်း မြောက်ကိုးရီးယား ကျောင်းသုံးသင်ခန်းစာမှာပါတဲ့ ကင်ဂျုံအီရဲ့ အတ္ထုပ္ပတ္တိထဲတွင် ဖေါ်ပြထားပါတယ်။ အဆိုပါအတ္ထုပ္ပတ္တိထဲတွင် ကင်ဂျုံအီကို “ပတ်ခု”တောင်ပေါ်တွင်မွေးဖွားခဲ့ပြီး သူမွေးဖွါးစဉ်အချိန်တွင် ကောင်းကင်၌ကြယ်များအထွန်းလင်းဆုံးတောက်ပပြီး သက်တန့်နှစ်လဲတစ်ပြိုင်နက်ပေါ်ထွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကင်ဂျုံအီဟာ အသက်တစ်နှစ်မပြည့်သေးချိန်ကပင် လမ်းလျောက်ခြင်းနှင့် စကားပြောခြင်းကို ကောင်းစွာသင်ယူတတ်မြောက်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ သူသေဆုံးပြီးနောက် မီဒီယာများက ဖေါ်ပြသည်မှာ ” ပတ်ခုတောင်ပေါ်ရှိရေကန်ထဲမှ ရေခဲထုတွေဟာ မကြုံစဖူးအက်ကွဲသွားပြီး ပြင်းထန်သောနှင်းမုန်တိုင်းများလဲ တိုက်ခတ်ခဲ့ကြောင်း ” ဖေါ်ပြကြပါတယ်။ တခြားသတင်းရင်းမြစ်များတွင်တော့ ကင်ဂျုံအီကို ယခင်ဆိုဗယက်နိုင်ငံ ဗက်တိုကီ( ရုရှားနိုင်ငံ ) တွင်မွေးဖွါးတယ်လို့ဖေါ်ပြကြပါတယ်။