ကားဝပ်ရှော့မှာ အမြဲတမ်းဝန်ထမ်းအဖြစ်နဲ့ အလုပ်ရသွားခဲ့တဲ့ ကြက်ဖ

ပိုင်ရှင်မဲ့ကြက်ဖတစ်ကောင်ဟာ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ ကားဝပ်ရှော့ဆိုင်တစ်ဆိုင်ကို ရောက်ရှိလာခဲ့ပါတယ်။ ဆိုင်ကလုပ်သားတွေက အနီးတစ်ဝိုက်မှာရှိတဲ့ နေထိုင်သူတွေကို ကြက်ဖပိုင်ရှင်ဟုတ်မဟုတ် လိုက်လံမေးမြန်းခဲ့ပေမယ့် ထိုကြက်ဖဟာဘယ်ကရောက်လာမှန်း ဘယ်သူမှမသိကြပါဘူး။

ဆိုင်လုပ်သားတွေဟာ ထိုကြက်ဖကို သူတို့ရဲ့ စားကြွင်းစားကျန်တွေကျွေးပြီး မကြာခင်မှာ သူ့ဘာသာသူ ထွက်သွားလိမ့်မယ်လို့ ထင်နေခဲ့ကြပါတယ်။ စနေ၊တနင်္ဂနွေပိတ်ရက်ပြီးလို့ ဆိုင်လုပ်သားတွေ အလုပ်ပြန်ဝင်တဲ့အခါမှာ ထိုကြက်ဖဟာ သူတို့ပြန်အလာကိုစောင့်နေခဲ့သလို အရင်နေရာမှာဘဲရှိနေခဲ့ပါတယ်။ ဒါနဲ့ဘဲဆိုင်ဝန်ထမ်းတွေက သူ့ကိုခေါ်ထားလိုက်ပြီး Earl ဆိုပြီးနာမည်မှည့်ပေးလိုက်ပါတယ်။

အဲဒီအချိန်ကစပြီး ထိုကြက်ဖဟာ ဆိုင်မှာဘဲနေပြီး ဝန်ထမ်းသဘောမျိုးဖြစ်လာခဲ့ပါတယ်။ Earl ဟာအားလုံးရဲ့ လုပ်ဖေါ်ကိုင်ဖက်ကောင်းဖြစ်လာခဲ့ပြီး ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကြားမှာလဲ ဆယ်လီဖြစ်လာခဲ့ပါတယ်။

ကားဂိုဒေါင်ပိုင်ရှင် Joe Gallo ရဲ့အင်တာဗျူးမှာတော့ ” Earl ကဆိုင်ရဲ့အနောက်ဘက်မှာရှိတဲ့ သစ်ပင်တစ်ပင်မှာအိပ်လေ့ရှိပါတယ်။ ရာသီဥတုဆိုးရွားချိန်တွေမှာတော့ တာဝန်ကျဝန်ထမ်းတွေက သူ့ကိုအန္တရာယ်ကင်းစေဖို့ ညဖက်အထဲခေါ်ထားတတ်ကြပါတယ်။ မနက်မိုးလင်းတာနဲ့ သူကစောနိုင်သမျှစောစော ဆိုင်ရှေ့သွားပြီး အစောဆုံးရောက်လာတဲ့ဝန်ထမ်းတွေနဲ့ ဆိုင်ဖွင့်ပါတယ်။ ပြီးတော့ အလုပ်ရှင်ဆီကအစာနဲနဲစားပြီးတာနဲ့ ကားဂိုဒေါင်ကို လှည့်ပါတ်ပြီး ပိုးကောင်နဲ့ ပင့်ကူတွေကို ခုံအောက်နဲ့ တူးဘောက်တွေကြားမှာရှာနေပါတော့တယ်။

” Earl ကအလုပ်လာတဲ့ ဝန်ထမ်းတိုင်းကို လိုက်နှုတ်ဆတ်တတ်ပါသေးတယ်။ တစ်နေ့လုံး လမ်းဘေးခွေးဖမ်းတာကို လှည့်ပါတ်ပြေးနေတတ်ပြီး တစ်ခါတစ်လေတော့ အိမ်မြောင်တွေကို လိုက်ဖမ်းနေတတ်ပါတယ်။ တစ်ခါတစ်လေကားနားမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတွေနားမှာ ထိုင်နေပြီး သူလည်းအမြဲတမ်းလုပ်သားတစ်ယောက်လိုနေနေတတ်ပါတယ်။ ”

” တစ်ခါတစ်လေတော့ သူကားအောက်တွေမှာ တစ်ရေးတစ်မောအိပ်တတ်ပါသေးတယ်။ Earl ကသူတို့အလုပ်အတွက် ဘာအကြံဉာဏ် အကူအညီမှမပေးနိုင်ပေမဲ့ ဝန်ထမ်းလေးတွေကတော့ သူ့ကိုဂရုစိုက်ကြပါတယ်လို့ ” ဆိုင်ပိုင်ရှင်က ပြောပြခဲ့ပါတယ်။

ဆယ်လီကြက်ဖ

Earl ဟာအခုဆို ဆိုင်ကိုရောက်တာ တစ်နှစ်တောင်ရှိပြီဖြစ်ပြီး သူဟာဒေသတွင်းမှာ ဆယ်လီတောင်ဖြစ်လို့နေပါပြီ။ Earl ကြောင့်မို့ မြောက်ကယ်ရိုလိုင်းနားက ” R and R ” ကားဝပ်ရှော့ဟာအရမ်းကို ပေါ်ပြူလာဖြစ်လာပြီး အခုသူတို့က Earl ကိုသူတို့ရဲ့လိုဂိုအသစ်မှာ တည့်ပြီး ယူနီဖောင်းရှပ်အင်္ကျီအဖြစ်သတ်မှတ်ဖို့ စဉ်းစားနေပါတယ်။ အောက်မှာတော့ ဆယ်လီကြက်ဖ Earl ရဲ့ နေ့စဉ်လုပ်ငန်းခွင်က အပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။