
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်ဟာအရမ်းကိုထူးဆန်းလွန်းလှပါတယ်။ ထိုထူးဆန်းမှုတွေဟာကျွန်တော်တို့ထင်ထားတာထက်ကိုပိုပါတယ်။ ထူးခြားဆန်းကြယ်မှုတွေ အံ့ဩစရာဖြစ်ရပ်တွေနဲ့ပြည့်နေပြီး ဒါတွေဟာ သဘာဝမိခင်ကြီးက ဖန်တီးပေးထားတဲ့ မှော်စွမ်းအားတွေပဲဖြစ်ပါတယ်။ ထိုအရာတွေဟာ တခါတစ်ရံမှာလှပမှုတွေနဲ့ တစ်ခါတစ်ရံမှာတော့ ကြည့်ရတာဟာ ကျောရိုးကိုပင် ချမ်းစိမ့်သွားစေနိုင်ပါတယ်။ ထိုစိတ်ဝင်စားစရာကောင်းလှတဲ့အရာတွေကို စာဖတ်သူတွေဗဟုသုတရစေဖို့အတွက် ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးလိုက်ပါတယ်။
(၁) ၂၀၁၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကထူးဆန်းလှသောယိုစိမ့်မှု
တရုတ်နိုင်ငံတွင် ၂၀၁၃ခုနှစ်ရဲ့ ညတစ်ညမှာ ဆိုးရွားလှသောအနံ့အသက်နဲ့အတူ ထူးဆန်းလှသောအရာတစ်ခု လမ်းလယ်ခေါင်တစ်ခုမှာ ရုတ်တရက်ယိုစိမ့်ထွက်ပေါ်လာခဲ့ပါတယ်။ ခဏကြာပြီးနောက်မှာတော့ထိုယိုစိမ့်လာတဲ့အမည်မသိအမြှုပ်တွေဟာ ၁စင်တီမီတာလောက်သာ အကျယ်ရှိတဲ့အက်ကြောင်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်။ ထိုယိုစိမ့်တာနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေများစွာ ထွက်ပေါ်လာခဲ့ပေမယ့် ဘယ်သူမှတော့အတိအကျ အဖြေမပေးနိုင်ကြသေးပါဘူး။ အစိုးရကတော့ ဒီယိုစိမ့်မှုဟာ အနီးအနားမှာရှိတဲ့မြေအောက်မီးရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့မတော်တဆမှုတစ်ခုကြောင့် ထွက်ပေါ်လာခဲ့တာလို့ တရားဝင်ထုတ်ပြန်ကြေညာထားခဲ့ပေမယ့် ဘယ်သူမှာတော့ ဒီအချက်ကိုမယုံကြည်ကြပါဘူး။
(၂) ဆာဟာရရဲ့မျက်လုံးတစ်ဖက်
Richat ဖွဲ့စည်းပုံလို့လူသိများကြတဲ့ဒီအရာဟာ ကြီးမားလွန်းလှတဲ့မျက်လုံးနဲ့ဆင်တူပြီး သူရဲ့နာမည်ကတော့ The Eye of the Sahara (ဆာဟာရရဲ့မျက်လုံး)ဖြစ်ပါတယ်။ အချင်းအားဖြင့်(၄၀)ကီလိုမီတာရှိကာ ထိုမျက်လုံးဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုရဲ့ဝင်တိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ ပထမအစကပြောဆိုခဲ့ကြပါတယ်။ များစွာသောလေ့လာမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာတော့ ဘူမိဗေဒပညာရှင်များက ထိုအရာဟာ အချိုးကျကျတည်ဆောက်ထားတဲ့ ဘူမိဗေဒအခုံးဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ထိုအမိုးခုံးရဲ့ အလယ်မှာတော့ ဆီလီကွန်ဒြပ်ပေါင်းပါဝင်တဲ့ ကျောက်တုံးများတည်ရှိနေပြီး တိုင်းတာချက်များအရကီလိုမီတာ (၃၀) ခန့်ရှိပါတယ်။
(၃) bioluminescent အစုအဝေး(bioluminescent=ရေနေသတ္တဝါများကိုယ်မှထုတ်လွှတ်သောအလင်းတန်း)
ထို bioluminescent ဆိုတဲ့အလင်းတန်း အစုအဝေးရှိတဲ့ ပင်လယ်ကမ်းခြေဟာ ဟောင်ကောင်မှာတည်ရှိပြီး အရမ်းကိုလှပပါတယ်။ ထိုအလင်းတန်းများကို ပင်လယ်ရဲ့မီးပွင့်လို့လည်းခေါ်ကြပါတယ်။ bioluminescent အလင်းတန်းများဟာ စိုက်ပျိုးမွေးမြူရေးခြံညစ်ညမ်းတာတွေကြောင့် ဖြစ်ပေါ်လာရပြီး ၎င်းဟာ ပင်လယ်နေသတ္တဝါများနဲ့ ငါးဖမ်းလုပ်ငန်းတွေကို များစွာပျက်စီးစေပါတယ်။ ဘယ်လောက်ပင်လှပနေပါစေ ထိုအလင်းတန်းများပေါ်လာပြီဆိုပါက စိုးရိမ်ဖွယ်ရာဖြစ်ပြီး ချက်ချင်းဂရုစိုက်ဖို့လိုအပ်နေပြီကြောင်းသတိပေးနေတာလည်းဖြစ်ပါတယ်။

(၄) တရုတ်နိုင်ငံမှာရှိတဲ့သက်တန့်တောင်တန်း
လူသားတွေဟာ ဆေးသုတ်ဆေးခြယ်တာတွေကိုဘာလို့ဖန်တီးခဲ့ကြလည်းဆိုတဲ့အချက်ကို သင်သိချင်တယ်ဆိုရင်တော့ တရုတ်နိုင်ငံမှာရှိတဲ့ သက်တံ့တောင်တန်းကို ပြေးမြင်လိုက်ပါ။ ထိုတောင်တန်းဟာ Zhangye Danxia ဘူမိဗေဒဥယျာဉ်မှာတည်ရှိပြီး ၎င်းဟာ သဘာဝတရားအတိုင်းဖြစ်ပေါ်နေတဲ့ အံ့ဖွယ်ရာတစ်ခုပါ။ ဒီနေရာကိုတော့ ၂၀၀၉ ခုနှစ်က ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ထိုအရောင်မျိုးစုံဖြစ်ပေါ်နေရတာကတော့ သူ့မှာတည်ရှိနေတဲ့ တွင်းထွက်တွေ၊ သံအောက်ဆိုဒ်နဲ့ အခြားသောတွင်းထွက်တွေရဲ့အရောင်တွေကြောင့်ပဲ ဖြစ်ပါတယ်။
(၅) ကောက်ကွေးနေတဲ့အပင်တွေရှိတဲ့သစ်တော
ဟယ်ရီပေါ်တာစာအုပ်နဲ့ ပုံပြင်တွေထဲမှာတော့ ထိုသစ်တောမှာရှိတဲ့သစ်ပင်တွေဟာ ပုံမှန်အဖြောင့်အတိုင်းရှိနေတယ်လို့သိရပါတယ်။ ၁၉၃၀ ခုနှစ်နောက်ပိုင်းမှာ စိုက်ပျိုးခဲ့တဲ့ ထင်းရှုးပင် ၄၀၀ လောက်ကသာ မြောက်ဘက်ကိုအနည်းငယ်ကွေးသွားပြီးမှ အဖြောင့်အတိုင်း ပေါက်ရောက်သွားတာဖြစ်ပါတယ်။ သူတို့ ဘာကြောင့်ဒီလိုမျိုးပေါက်ရောက်ကြတာလဲဆိုတာကတော့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ထိုအချက်နဲ့ပက်သက်ပြီး ယူဆချက်တစ်ခုကတော့ လူးသားတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒါကတော့အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး ဒီအချက်ကိုတော့ အတိအကျဘယ်သူမှမသိကြပါဘူး။
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ )