ပတ်ဝန်းကျင် ညစ်ကြေးတာကာကွယ်ဖို့ ဆယ်စုနှစ်တစ်ခုလုံး အမှိုက်အိတ် ၇၀၀၀ ကျော်ကိုလိုက်ကောက်ခဲ့သူ

မြောက်ကိုင်ရိုလိုင်းနားပြည်နယ်မှအမျိုးသားတစ်ဦးဟာပတ်ဝန်းကျင်ညစ်ညမ်းတာကိုကာကွယ်ဖို့နဲ့ သူရဲ့ဒေသကိုသန့်ရှင်းစွာထားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဘဝတစ်လျှောက်လုံး အမှိုက်အိတ်ပေါင်း ၇၀၀၀ကျော်ကောက်ယူခဲ့ပါတယ်။Daniel Toben လို့ခေါ်တဲ့ထိုအမျိုးသားဟာ ၂၀၁၉ ခုနှစ်မြောက်ကိုင်ရိုလိုင်းနားပြည်နယ်မှာ ပညာသင်ကြားနေစဉ်အချိန်မှစတင်ကာအမှိုက်ကောက်ခဲ့တာဖြစ်ပါတယ်။

အမှိုက်စကောက်ဖြစ်ခဲ့တာကတော့ သူရဲ့ အဆောင်အနီးက စမ်းချောင်းအတွင်းမှာ ပလပ်စတစ်ဘူးတွေပြည့်နေတာကို သတိထားမိတဲ့အချိန်မှ စတင်ခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့ သူတစ်ယောက်ထဲအမှိုက်ကောက်ကာ သန်ရှင်းရေးတွေလုပ်နေခဲ့ပြီး နောက်ပိုင်းမှာတော့ လူများဟာသူ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုလာရောက်ပူးပေါင်းလုပ်ကိုင်လာကြပါတယ်။

ထိုအချိန်မှစ၍ Daniel ဟာ သူအဖွဲ့နဲ့အတူဇာတိမြို့အတွင်းက အမှိုက်တွေကိုတက်ကြွစွာနဲ့ စတင်ကောက်ယူခဲ့ကြပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်လောက်ကမှ Daniel ရဲ့ကြိုးစားအားထုတ်မှုတွေကိုသိရှိခဲ့ကြပြီး ထိုအချိန်မှာတော့ သူဟာအမှိုက်အိတ်ပေါင်း ၇၀၀၀ကျော်ကိုကောက်ယူစုဆောင်းထားတာကိုတွေ့ခဲ့ရပြီး မသိခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ဒီထက်ကိုပိုတဲ့ပမာဏကိုကောက်ယူစုဆောင်းထားတယ်လို့လည်းသိရပါတယ်။

လေးစားစရာကောင်းတဲ့အချက်ကတော့ သူဟာ sandwich ဆိုင်တစ်ခုမှာ မန်နေဂျာအလုပ်ကို အချိန်ပြည့်လုပ်နေရင်းနဲ့ ဒီအလုပ်ကို လုပ်နေခဲ့တာဖြစ်ပါတယ်။ Daniel ဟာသူ့ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာမှာ သူအမှိုက်ကောက်နေတဲ့ပုံရိပ်တွေကိုမျှဝေလေ့ရှိပြီး လူအများရဲ့ အာရုံစိုက်မှုများစွာလည်းရရှိနေပါတယ်။

နောက်ပိုင်းတွေမှာတော့ သူဟာ Mission to Beautify Our Communities လို့အမည်ရတဲ့ ရန်ပုံငွေ page တစ်ခုကိုတည်ထောင်ဖို့ဆန္ဒရှိနေပြီး ထိုကနေတဆင့် ပိုက်ဆံလုံလောက်စွာရရှိလာပါက အမှိုက်ကားတစ်စီးဝယ်ကာထဒီထက်ပိုပြီးအမှိုက်ကောက်ဖို့ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။သူဟာအမှိုက်ကောက်ခြင်းတစ်ခုသာမဟုတ်ဘဲ ဥပဒေနဲ့မညီညွတ်တဲ့အမှိုက်ပုံတွေဖယ်ရှားတာ၊အဆိပ်သင့်ဓာတုပစ္စည်းတွေ၊ဘိလပ်မြေ၊အိမ်သုတ်ဆေး၊ပိုးသတ်ဆေးတွေနဲ့ စက်ရုံသုံးဓာတုပစ္စည်းတွေကိုဖယ်ရှားရှင်းလင်းတာတွေပါလုပ်ဆောင်ပေးလျက်ရှိပါတယ်။

သူဟာဒီလိုအမှိုက်ကောက်နေရင်း ပျောက်ဆုံးသွားတဲ့ ခွေးနှစ်ကောင်ကိုလည်းပိုင်ရှင်ထံသို့ပြန်ပေးနိုင်ခဲ့ပါတယ်။သူဟာ အလုပ်စတင်လုပ်ကိုင်ကတည်းက ‘The Earth Stewards လို့ခေါ်တဲ့ facebook page တစ်ခုထောင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ထိုနာမည်နဲ့ Tik Tok အကောင့်တစ်ခုပြုလုပ်ထားခဲ့ကာ ပါဝင်လိုသူတွေ လာရောက်လုပ်ကိုင်စေနိုင်ရန်အတွက်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

@danieltoben

Day 51: I clean up trash everyday all over the place. SLAMMMM THAT follow y’all. It’s gonna be lit 🔥.#HealthyHabits6Step #BackyardVibes

♬ original sound – danieltoben