
ကျွန်တော်တို့ရဲ့ အချိန်တော်တော်များများဟာ မီးဖိုချောင်မှာကုန်ဆုံးလေ့ရှိကြပြီး တစ်ခါတစ်ရံ စမ်းသပ်မှုလေးတစ်ခု ဒါမှမဟုတ် နည်းလမ်းလေးတစ်ခုဟာ ကျွန်တော်တို့ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ပို၍စိတ်လှုပ်ရှားစရာ ဖြစ်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ကတော့ သင့်ရဲ့ ကော်ဖီကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ဘဲ လိမ္မော်ခွံသုံးပြီး လက်ရာမြောက်တဲ့ပုံစံမျိုးတွေ ပြောင်းနိုင်တာဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ပိုမိုကောင်းတဲ့ပုံစံကို ပြောင်းလဲပေးမယ့်မီးဖိုချောင်ထဲက သင်မသိသေးတဲ့ လျှို့ဝှက်ချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကြက်ဥကို ရေဆူတဲ့အချိန်မှထည့်ပြုတ်ပြီး အခွံခွာတာက ပိုလွယ်ကူစေနိုင်ပါတယ်
ကျွန်တော်တို့ဟာ အများအားဖြင့် ကြက်ဥပြုတ်တစ်လုံးကို အခွံခွာတဲ့အခါ အခက်တွေ့ရပါတယ်။ ဒီအရာအတွက် ကျွန်တော်တို့မှာ လွယ်ကူတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ကြက်ဥကို ဆူနေတဲ့ရေထဲ ထည့်ပြုတ်ပါ(ရေမဆူသေးရင် ကြက်ဥကို မထည့်သေးပါနဲ့)။ ပြီးလျှင်ဆယ်ထုတ်ပြီးတော့ ရေခဲရည်ထဲထည့်ပါ။ ထိုအခါသင့်ကြက်ဥကိုလွယ်ကူစွာနဲ့ အခွံခွာနိုင်ပါပြီ။
(၂) အာလူးကို အကော်ဒီယံပုံစံလို ဖြတ်နိုင်ဖို့အတွက် ဝါးတူကိုသုံးပါ။
အာလူးကို အကော်ဒီယံပုံစံမျိုး ဖြတ်ဖို့အတွက် သင့်မှာ ကိရိယာစုံစုံလင်လင်မရှိဘူးဆိုရင်တော့ ဒီလျှို့ဝှက်နည်းလမ်းလေးကိုသုံးနိုင်ပါတယ်။ အာလူးကို တူနှစ်ချောင်းကြားထဲထည့်ပြီးတော့ လိုချင်တဲ့ပုံစံလေးလှီးလိုက်ပါ။ ထိုတူနှစ်ချောင်းက သင့်ရဲ့အာလူးကိုအဆုံးထိမပြတ်သွားစေဖို့ ကူညီပေးပါလိမ့်မယ်။ ထိုအခါမှာတော့ သင့်ရဲ့အာလူးဟာ အကော်ဒီယံပုံစံမျိုးလှီးနိုင်ပြီး လိုသလိုချက်ပြုတ်နိုင်ပါပြီ။
(၃) သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ကမ္ဗလာသီးအခွံနဲ့ကော်ဖီ
အရသာရှိလှတဲ့ ကော်ဖီတစ်ခွက်နဲ့နိုးထရတဲ့ မနက်ခင်းဟာအရမ်းကိုမိုက်ပါတယ်။ ဒီလိုကောင်းမွန်တဲ့နံနက်ခင်းကိုပိုင်ဆိုင်နိုင်ဖို့ သင်ကိုယ်တိုင် ဖန်တီးလို့ရနေပါပြီ။ ကမ္ဗလာသီးတစ်လုံးကိုယူပြီး အထဲကအစာတွေကိုဖယ်ထုတ်ပြီး အခွံကိုခွက်ပုံစံပြုလုပ်လိုက်ပါ။ ထိုကမ္ဗလာသီးခွက်ထဲကို ကော်ဖီစစ်စစ်တစ်ဇွန်းနဲ့ ရေနွေးအနည်းငယ်ထည့်လိုက်ပါ။ပြီးနောက်အနည်းငယ်စောင့်လိုက်ပါ။ ထိုအခါကော်ဖီဟာ ကမ္ဗလာခွံနဲ့အရသာရောစပ်သွားကာ အရသာရှိလှတဲ့ ကမ္ဗလာကော်ဖီတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။
(၄) ပေါင်မုန့်မီးကင်စက်၌ ကြက်သာတုံးချက်နည်း
သင်ရဲ့ ကြက်သားတုံးကို ဆီသို့မဟုတ် ထောပတ်တွေမသုံးဘဲ ချက်ပြုတ်ချင်တယ်ဆိုရင်တော့ ဒီနည်းကအကောင်းဆုံးပါဘဲ။ သင့်ကြက်သားတုံးတွေကို တုတ်ထဲစွပ်ထည့်ပြီး ပေါင်မုန့်မီးကင်စက်မှာချက်ပြုတ်နိုင်ပါတယ်။ သင့်ရော သင့်ကလေးတွေပါ ဒီလိုချက်ထားတဲ့ကြက်သားလေးကို တစ်ခါလောက်မြည်းစမ်းသင့်ပါတယ်။
(၅) ဖရဲခွံကိုသုံးသာ ကြက်သားကိုအရည်ရွမ်း အောင်ကင်နည်း
အရာသာရှိတဲ့ ကြက်သားကင်တဲ့ နည်းလမ်းတွေများစွာရှိပြီး ဒီနည်းလမ်းကတော့ သင့်ရဲ့ကြက်သားကိုပိုပြီး အရည်ရွှမ်းစေပါတယ်။ နောက်တစ်ခါ သင်ဖရဲသီးဝယ်တဲ့အခါ အခွံကိုမပစ်ချဘဲ ပုံမှာပြထားတဲ့အတိုင်း အိုးပုံစံလုပ်လိုက်ပါ။ ပြီးတော့ သင့်ရဲ့ကြက်သားကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အကုန်သုတ်နယ်ပြီး ထိုဖရဲသီးအိုးထဲထည့်ကာ မီးဖိုပေါ် ၂ နာရီလောက်ကင်လိုက်ပါက အရသာရှိပြီး အဆီတွေခန်းခြောက်မသွားတဲ့ ကြက်ကင်ကိုသုံးဆောင်နိုင်ပါပြီ။