စိတ်ဝင်စားစရာကောင်းလှသော ကမ္ဘာပေါ်ကကိန်းဂဏန်းဆိုင်ရာအချက်အလက်များ

များပြားလှတဲ့နံပါတ်တွေ၊ ဇယားတွေနဲ့ စာရင်းအင်းတွေကိုတွေ့တဲ့အခါ သင့်အနေနဲ့ ဘာလုပ်မှာပါလဲ ? သင့်အနေနဲ့ဒါတွေကို လစ်လျူရှုလိုက်မိမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယနေ့ဆောင်းပါးထဲမှာတော့ ကျွန်တော်နေထိုင်ရာ ကမ္ဘာကြီးနဲ့ပက်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်းဆိုင်ရာအချက်အလက်အချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ကတော့ အမေရိကမှာရှိတဲ့ လူပေါင်း(၁၇၀၀)ဝန်းကျင်ဟာ နေ့တိုင်းသန်းကြွယ်သူဌေးတွေဖြစ်လာတာကို သင်သိပါသလား?

(၁) ရုရှားနိုင်ငံထက်ကိုလူဦးရေများပြားလှတဲ့ ဘင်္ဂလားဒေ့ရှ်

ကမ္ဘာ့အကြီးဆုံးနိုင်ငံဟာ ရုရှားနိုင်ငံဖြစ်ပေမယ့်လည်း ရုရှားနိုင်ငံထက်အဆပေါင်း(၁၀၀)ကျော်သေးငယ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူဦးရေဟာ ရုရှားနိုင်ငံရဲ့လူဦးရေထက်ကို ပိုမိုများပြားနေတာကို တွေ့ရပါတယ်။ ယနေ့‌စစ်တမ်းကောက်ယူရရှိထားတဲ့ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လူဦးရေဟာ (၁၆၁)သန်းကျော်ရှိပေမယ့်လည်း ရုရှားနိုင်ငံရဲ့လူဦးရေဟာ (၁၄၆)သန်းကျော်သာ ရှိပါတယ်။

(၂) စကြဝဠာကကြယ်တွေထက်ကို ပိုများတဲ့ကမ္ဘာမြေကသစ်ပင်များ

ဖော်ပြသောစစ်တမ်းများအရ နဂါးငွေ့တန်းဂလက်ဆီအတွင်းမှ ကြယ်တွေထက်ကို ကမ္ဘာမြေမှ သစ်ပင်များက ပိုများနေကြောင်းသိရပါတယ်။ကမ္ဘာမြေကသစ်ပင်တွေကတော့ ၃ထီလီရံခန့်ရှိပြီး ဂလက်ဆီအတွင်းမှ ကြယ်တွေကတော့ ၄၀၀ဘီလီယံခန့်ရှိကြောင်းသိရပါတယ်။

(၃) ကလေးလူဦးရေ ရာခိုင်နှုန်းအလွန်နည်းတဲ့ ဂျာမနီနိုင်ငံ

မွေးကင်းစကနေ အသက်၁၄နှစ်ထိရှိသော ကလေးလူးဦးရေဟာ ဂျာမနီနိုင်ငံမှာ ၁၂% သာရှိပြီးကင်ညာနိုင်ငံမှာတော့ ထိုအသက်အရွယ်အတွင်းရှိသော ကလေးလူဦးရေမှာ ၄၀% တောင်ရှိပါတယ်။

(၄) ရွှေသမ္မတနိုင်ငံလို့ လူသိများကြတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ


တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြားနိုင်ငံတွေအားလုံးထက်ကို ရွှေပိုပြီး ထွက်ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။လေ့လာသူတွေရဲ့ ရှာဖွေတွေ့ရှိချက်အရ တရုတ်နိုင်ငံဟာနှစ်စဉ် ရွှေတန်ချိန်(၄၄၀)ခန့်ထွက်ရှိတယ်လို့ သိရပါတယ်။

(၅) လွန်ခဲ့သောနှစ်တစ်ထောင်အတွင်းမှာ ကမ္ဘာ့လူဦးရေ ၂၂ဆခန့်တိုးပွားလာ

၁၀၀၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်းမှာ ကမ္ဘာ့လူဦးရေဟာ ၂၂ ဆတိုးပွား လာခဲ့ပါတယ်။ ၁၀၀၀ ခုနှစ် ဂျူလိုင်လမှာတော့ ကမ္ဘာ့လူဦးရေဟာ ၂၇၅၀၀၀၀၀၀ ခန့်ရှိပြီး ၂၀၀၀ ခုနှစ် ဂျူလိုင်မှာတော့ ကမ္ဘာ့လူဦးရေဟာ ၆၁၄၅၀၀၆၉၈၉ ဦးရှိနေပါတယ်။

(၆) အသက် ၈၀ အရွယ်ရှိ လူသားတစ်ဦးဟာ မသေဆုံးခင်အထိလမ်းလျှောက်ခဲ့တာဟာ ကမ္ဘာကို ၄.၅ပတ်ပတ်တာနဲ့ညီမျှနေ

လူတစ်ဦးဟာ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ခြေလှမ်း ၇၅၀၀ခန့်လှမ်းခဲ့ပြီး ပျှမ်းမျှသက်တမ်းကတော့ အသက်၈၀လောက်ရှိကြပါတယ်။သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ ထိုအသက်အရွယ်ရှိ လူတစ်ဦးဟာ ဘဝတစ်လျှောက်လုံး ၁၈၀၀၀၀ကီလိုမီတာခန့်လမ်းလျှောက်ခဲ့ပြီး ဒါဟာ ကမ္ဘာကို အီကွေတာအတိုင်း ၄.၅ကြိမ်ပတ်တာနဲ့ ညီမျှနေပါတယ်။

(၇) အ‌မေရိကန်ပြည်သူများဟာ ပျှမ်မျှအားဖြင့်တနေ့ကို၄နာ‌ရီလောက်တီဗီကြည့်ကျ

နေ့စဉ်နေ့တိုင်း အမေရိကန်ပြည်သူများဟာ တစ်နေ့တာရဲ့ အချိန် ၅ ပုံ ၁ ပုံခန့်ရှိသော ၂၇၀ မိနစ်ကို တီဗီကြည့်တာနဲ့ကုန်ဆုံးကြပါတယ်။ ဒါပေမယ့် အမေရိကန်ကနေ ပိုလန်ကိုပြောင်းလာတဲ့လူတွေကတော့ ‌တနေ့ကို ၂၆၄ မိနစ်ဘဲတီဗီကြည့်ကြပါတယ်။

(၈) ၉၀% သောအီးမေးလ်တွေဟာ spam ‌တွေဖြစ်နေ

Cisco ရဲ့ ဖော်ပြချက်များအရ ၉၀%သောအီးမေးလ်တွေဟာ သူတစ်ပါးမလိုချင်ဘဲ ပေးပို့နေသော အီးမေးလ်တွေဖြစ်ကြောင်းသိရပါတယ်။

(၉) တစ်စက္ကန်ကို ဟမ်ဘာဂါ ၇၅လုံးရောင်းနေရသော မက်ဒေါ်နယ်

နာမည်ကြီးစားသောက်ဆိုင်ကြီးတစ်ခုဖြစ်တဲ့ မက်ဒေါ်နယ်ဟာ တစ်စက္ကန့်ကို ဟမ်ဘာဟာ ၇၅လုံးရောင်းချနေရကြောင်းသိရပါတယ်။ မက်ဒေါ်နယ်မှာ တရားဝင် ဝက်ဆိုဒ်ရှိပြီး ထိုဝက်ဆိုဒ်မှာတော့ အချိန်နဲ့တပြေးညီ အစားအသောက်တွေ ဘယ်လောက်ရောင်းရနေသလဲဆိုတာ ဖော်ပြထားပါတယ်။

(၁၀) အမေရိကန်သူ ၁၇၀၀ လောက်ဟာ နေ့တိုင်းမီလီယံနာသူဌေးတွေဖြစ်နေ

သင်ထင်ထားတာထက်ကို ကျွန်တော်တို့ကမ္ဘာများ သူဌေးတွေ ပိုများလာပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ (၁၇၀၀) လောက်ဟာနေ့တိုင်း သူဌေးတွေဖြစ်နေကြပါတယ်။ စစ်တမ်းကောက်ယူချက်များအရ အမေရိကန်မိသားစု ၈ သန်းလောက်ဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာတစ်သန်းခန့် ရရှိနေပါတယ်။ ထိုဖော်ပြတဲ့စာရင်းမှာတော့ ပစ္စည်းဥစ္စာနဲ့ အခြားလက်ဝတ်လက်စား ပိုင်ဆိုင်မှုတွေမပါဝင်ပါဘူး။
ဒါပေမယ့်လည်း အခုလိုကမ္ဘာ့ကပ်ဘေးအခြေအနေမှာတော့ ကိန်းဂဏန်းများဟာ အပြောင်းအလဲ ရှိနိုင်ပါတယ်။