
နေ့စဉ်အသုံးပြုနေကျ အရာဝတ္ထုတွေထဲကအချို့က အရမ်းကိုအံ့ဩဖို့ကောင်းတယ်ဆိုတာ သင်သိပါသလား? ထိုပစ္စည်းလေးတွေရဲ့ လျှို့ဝှက်ချက်ကိုသင်သိသွားရင်တော့ ဒီအရာတွေဟာ သင့်ရဲ့ဘဝအတွက်ပိုမိုလွယ်ကူပြီး အသုံးတည့်လာပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့နေ့စဉ်မြင်တွေ့နေကျအရာတွေထဲမှာရှိတဲ့လျှို့ဝှက်ပစ္စည်းအကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)ခေါင်းစွပ်တွေပေါ်ကအလုံးလေး
ခေါင်းစွပ်တွေပေါ်မှာ အလုံးလေးတစ်ခုရှိတာကိုလူတိုင်းသိကြမှာပါ။ ထိုအလုံးလေးတွေဟာ ချစ်စရာပုံစံနဲ့ အမွေးဖွာသော အလုံးလေးတစ်ခုဖြစ်ပြီး ထိုအလုံးလေးကတော့ အလှတပ်ဆင်ထားခြင်းမဟုတ်ဘဲ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ ထိုအလုံးပါတဲ့ သိုးမွှေးခေါင်းစွပ်တွေကိုတော့ ပြင်သစ်သင်္ဘောသားတွေဟာ ကြမ်းတမ်းတဲ့ရာသီဥတုမှာ ရွက်လွှင့်ရတဲ့အခါ ဦးခေါင်းတိုက်မိတာတွေမဖြစ်အောင် ထိုအလုံးပါတဲ့ခေါင်းစွပ်ကို ဝတ်ဆင်ကြတာဘဲဖြစ်ပါတယ်။
(၂)ဂျင်းဘောင်းဘီပေါ်ကနှိပ်ကြယ်သီးလေး
ထိုဂျင်းဘောင်းဘီပေါ်က နှိပ်ကြယ်သီးလေးကိုတော့ rivets လို့ခေါ်ကြပြီး သူဟာ သင့်ရဲ့ဘောင်းဘီကြာရှည်ခံနိုင်ဖို့အတွက် အဓိကသူရဲကောင်းလေးလည်း ဖြစ်ပါတယ်။ ထိုကြယ်သီးလေးတွေဟာ ဂျင်းဘောင်းဘီရဲ့ အိပ်ကပ်နေရာမှာ အများဆုံးရှိတတ်ပြီး လှုပ်ရှားသွားလာတဲ့အခါ အထည်သားတွေပြဲထွက်၊ ဆန့်ထွက်မသွားစေဖို့ သူက ကူညီပေးတာဖြစ်ပါတယ်။
(၃)ကားထိုင်ခုံကခေါင်းမှီ
ကားထိုင်ခုံကခေါင်းမှီဟာ လူတစ်ဦးရဲ့ခေါင်းအနိမ့်အမြင့်ကို လိုက်၍ချိန်ညှိနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒီလိုလုပ်ပေးထားတာသဘာဝကျပေးမယ့် ဒီအရာကိုဖြုတ်လို့ရအောင် ဘာကြောင့်လုပ်ပေးထားတာပါလဲ။ အဖြေကတော့ ရှင်သန်လွတ်မြောက်နိုင်ဖို့ပါ။ ထိုခေါင်းမှီကို ထိုင်ခုံကနေဆွဲထုတ်လိုက်မယ်ဆိုပါက သူ့ဆီမှာ မာကျောတဲ့သတ္တုရှည်နှစ်ချောင်းရှိပါတယ်။ ထိုအရာရဲ့အလုပ်လုပ်ပုံကတော့ သင့်အနေနဲ့ကားအတွင်းမှာပိတ်မိနေပါက ထိုသတ္တုချောင်းနဲ့တံခါးမှန်ကိုထိုးခွဲကာ အမှန်ဆုံးထွက်ကာလွတ်မြောက်နိုင်မှာပဲဖြစ်ပါတယ်။
(၄) ဘောပင်အဖုံးကအပေါက်လေး
ထိုဘောပင်အဖုံးကအပေါက်လေးဟာ ကျန်မာရေးနဲ့ပက်သက်တဲ့အန္တာရာယ်တစ်ခုအတွက်ပြုလုပ်ထားတာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိုဘောပင်အဖုံးကိုမတော်တဆမြိုချမိတဲ့အခါမှာ ထိုအဖုံးမှာပါတဲ့အပေါက်ကလေးကအသက်ရှုနိုင်စေဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ အချို့လူတွေကို ကူညီပေးနိုင်မှာမဟုတ်တာကြောင့် စမ်းသပ်တာတွေ မပြုလုပ်ဖို့တော့အကြံပြုပါရစေ။
(၅) ကားဆီဒိုင်ခွက်မှာပါသောမျှားလေး
သင့်အနေနဲ့ ဆီဆိုင်ကိုရောက်တဲ့အခါ သင့်ကားရဲ့ဆီကန်ဟာ ဘယ်ဘက်မှာရှိနေလဲဆိုတာကို မေ့နေတတ်တဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ထိုအခါ အဖြေကို သင်ခက်ခက်ခဲခဲစဉ်းစားဖို့ မလိုဝောာ့ပါဘူး။ အဖြေက သင့်အရှေ့မှာရှိနေပါတယ်။ ဆီဒိုင်ခွက်မှာပါတဲ့ ဆီဖြည့်စက် သင်္ကေတဘေးနားက မျှားပုံသို့မဟုတ် တြိဂံအတုံးလေးဟာ သင့်ကားရဲ့ဆီကန်ကို ဘယ်ဘက်အခြမ်းမှာရှိနေတာလဲဆိုတာ ညွန်ပြပေးထားတာလည်း ဖြစ်ပါတယ်။
(၆) ဟင်းအိုးရဲ့ လက်ကိုင်ချောင်းမှာရှိတဲ့အပေါက်
အိုးမှာပါတဲ့ လက်ကိုင်အပေါက်ဟာ သင့်ရဲ့ အိုးကိုနံရံမှာချိတ်ဆွဲနိုင်ဖို့ တစ်ခုတည်းအတွက်မဟုတ်ဘဲ ဟင်းချက်နေတုန်း ဇွန်းနဲ့ယောက်မတွေကို ထည့်ထားလို့ရအောင်လည်း ပြုလုပ်ပေးထားတာပါ။
(၇) ကီးဘုတ် က F နဲ့ J key ပေါ်မှာရှိတဲ့အထစ်လေး
ကီးဘုတ်ပေါ်က F နဲ့ J မှာရှိနေတဲ့ အထစ်ကတော့ သင်စာရိုက်တဲ့အခါမှာ ကီးဘုတ်ကိုပြန်ငုတ်ကြည့်စရာမလိုဘဲ F နဲ့ J keyကိုအလွယ်တကူ သိနိုင်ဖို့အတွက် ဖန်တီးပေးထားတာဖြစ်ပါတယ်။
(၈) အအေးဗူးဖောက်တံအပေါ်ကအပေါက်
အချို့တွေကတော့ ထိုအအေးဘူးအပေါ်ကဖောက်တဲ့အတံကို ဖောက်ပြီးတဲ့အခါမှာ ဖြုတ်ထုတ်တတ်ကြပါတယ်။ တကယ်တော့ ထိုအအေးဗူးအပေါ်မှာ ပါတဲ့ဖောက်တံရဲ့ရည်ရွယ်ချက်ကတော့ အအေးဖောက်ပြီးတဲ့အခါ ဒီဘက်ကိုပြန်လှည့်ပြီး ပိုက်ထည့်သောက်လို့ရနိုင်အောင်အပေါက်ထည့်ပေးထားတာဖြစ်ပါတယ်။
(၉) ကြေးဝါတံခါးလက်ကိုင်ဘု
များသောအားဖြင့် တံခါးလက်ကိုင်ဘုတွေဟာ ကြေးဝါဖြင့်ပြုလုပ်တတ်ကြပါတယ်။ အကြောင်းကတော့ ကြေးဝါအပေါ်မှာဆို ဘတ်တီးရီးယားတွေရှင်သန်နိုင်ခြင်းမရှိလို့ပါ။ တံခါးလက်ကိုင်ဘုတွေဟာ ဘတ်တီးရီးယားများစွာရှင်သန်နိုင်တာမို့ ကြေးဝါကိုအသုံးပြုခြင်းဖြင့် မိသားစုနဲ့ ကလေးတွေအတွက်လုံခြုံမှုရှိစေလို့ဘဲဖြစ်ပါတယ်။
(၁၀) ပေဘူးထိပ်က သတ္တုပြားနဲ့အပေါက်လေး
ပေဘူးအများစုမှာတော့ သံသတ္တု အပြားချိတ်လေးနဲ့အပေါက်လေးတစ်ခုပါရှိပါတယ်။ ထိုအရာကတော့ အကယ်၍ သင် တိုင်းတာမှုတွေပြုလုပ်တဲ့အခါ လက်တွေမအားတာတို့ တစ်ယောက်ထဲအဝေးကြီးတိုင်းတာတဲ့ အခါမျိုးတွေမှာ ထိုချိတ်မှာပါတဲ့အပေါက်ကို သံမှာချိတ်ကာ တိုင်းတာနိုင်ပါတယ်။ သင်သေချာကြည့်မယ်ဆိုပါက ထိုသတ္တုပြားရဲ့ အနားတစ်ဖက်မှာ လွှသွားပုံစံလေး ပြုလုပ်ထားတာကိုတွေ့ရမှာပါ။ထိုအရာကတော့ သင့်မှာ မှတ်သားစရာခဲတံမရှိတဲ့အခါမျိုးမှာ မှတ်သားလို့ရနိုင်အောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။