
လူတွေရဲ့ကျောရိုးဟာ သဘာဝအရကွေးနေတဲ့နေရာတွေရှိပေမယ့်လည်း ပုံမှန်ထက်ပိုမိုကွေးနေရင်တော့ ကျန်မာရေးပြဿနာရှိနိုင်ပါတယ်။ ကောင်းမွန်သောကိုယ်ဟန်အနေထားဟာ ကျွန်တော်တို့၏ခန္ဓာကိုယ်အားတည်ငြိမ်စေပြီး ခန္ဓာကိုယ်အပြင်ပန်းသဏ္ဍာန်ကိုကောင်းမွန်စေရုံသာမက ကိုယ်တွင်းအင်္ဂါများနဲ့အာရုံကြောစနစ်တွေရဲ့အလုပ်လုပ်ပုံတွေကိုပါလွှမ်းမိုးနေကြောင်းသိရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမပေါ်မချင်း ကျောရိုးအဆင်မပြေတာတွေကို လျစ်လျူရှုထားတတ်ကြပါတယ်။
ဒါကြောင့်ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံတွေက ခန္ဓာကိုယ်အနေထားကိုဘယ်လိုသက်ရောက်စေတယ်၊ဘယ်လိုတိုးတက်စေနိုင်သလဲဆိုတာကိုရှာဖွေပြီး မိတ်ဆွေတို့ကို မျှဝေပေးလိုက်ပါတယ်။ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့ဆောင်းပါးတစ်ဗုဒ်ဖြစ်တာကြောင့်အဆုံးထိဖတ်ရှုကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။
(၁) အနောက်ဘက်ကို ကျောရိုးငေါထွက်နေသော အနေအထား
သင်ရဲ့ကျောရိုးဟာအနောက်ဘက်ကိုငေါထွက်နေလားဆိုတာသိနိုင်ဖို့အတွက်က အရင်ဆုံးသင့်ရဲ့တင်ပါးဆုံကိုစစ်ဆေးရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာတော့ သင့်ရဲ့တင်ပါးဆုံဟာ ပုံမှန်အနေအထားထက် အရှေ့ဘက်ကို ရောက်နေတတ်ပါတယ်။ သင်ရဲ့ အနောက်ကျောပြင်ဟာလည်း အလွန်ကောက်ကွေးနေတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုမျိုးကိုယ်ဟန်အနေအထားကြောင့် သင့်ရဲ့ခြေထောက်သွေးကြောများတောင့်တင်းခြင်းနဲ့ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများ မညီမျှမှုကို သင့်အနေနဲ့ သတိထားမိကောင်း မိနိုင်ပါတယ်။ ထိုအနေထားမှာတော့ သင့်ရဲ့ခြေထောက်အကြောများမှာလည်း တောင့်တင်းနေကာအခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများဟာလည်း မညီမျှမှုတွေဖြစ်နေတာကိုတွေ့ရမှာပါ။ ဒါတွေဟာ ခန္ဓာကိုယ်အနေအထားကိုဖြေလျော့ပေးရန်လိုအပ်တာကြောင့်ဖြစ်လာရတာပါ။
ဘာကြောင့် ဒီကိုယ်ဟန်အနေအထားက သင့်အတွက်မကောင်းတာလဲ ?
-မူမမှန်တဲ့အနေထားက သင့်ခန္ဓာကိုယ်အလေးချိန်ကို မညီမျှမှုတွေဖြစ်စေကာ၊ အဆစ်အမြစ်နာတောင့်တင်းတာတွေဖြစ်နိုင်ပါတယ်။
-အလွန်အကျွံအားစိုက်ထုတ်မှုကြောင့် သင့်ရဲ့အရွတ်တွေကဆန့်ထွက်လာပြီး ကျောရိုးရဲ့တည်ငြိမ်နေမှုကိုလျော့နည်းလာစေပါတယ်။
ဒါကိုဘယ်လိုပြုပြင်ကြမလဲ?
-ကြွက်သားမညီမျှမှုတွေကိုပြင်ပေးပါ။ဆရာဝန်နဲ့ပြသတိုင်ပင်ဆွေးနွေးပြီး သင်နဲ့သင့်တော်မယ့်လေ့ကျင့်ခန်းများပြုလုပ်တာကတော့ အကောင်းဆုံးဆိုပေမယ့် သင် ကိုယ်တိုင်လည်း အချို့လေ့ကျင့်ခန်းလေးတွေကို အိမ်မှာစမ်းပြီးလုပ်ကြည့်နိုင်ပါတယ်။ ယောဂကျင့်စဉ် Warrior Pose I ကိုပြုလုပ်တာနဲ့ တင်ပါးဆုံဆွဲဆန့်တဲ့လေ့ကျင့်ခန်းတွေဟာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့နည်းတွေဖြစ်ပါတယ်။
-ဒီလိုမျိုးကျောရိုးငေါထွက်ရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ အောက်ပိုင်းကြွက်သားတွေအားနည်းတာကြောင့်ဖြစ်ပြီး တဝက်ထိုင်ထတဲ့လေ့ကျင့်ခန်းကိုမှန်မှန်ပြုလုပ်ပေးခြင်းဖြင့်လည်းကူညီနိုင်ပါတယ်။
-နောက်ထပ်တစ်နည်းကတော့သင့်ရဲ့မတ်တပ်ရပ်တဲ့ပုံစံကိုဖြောင့်မတ်စွာ ရပ်နိုင်ဖို့ထိန်းချုပ်ခြင်းဘဲဖြစ်ပါတယ်။
(၂) Hyperlordosis
Hyperlordosis ကတော့ ခန္ဓာကိုယ်အရ ကျောရိုးအောက်ပိုင်းက အလွန်အကျွံကွေးနေတာပဲဖြစ်ပါတယ်။ထိုသို့ဖြစ်နေပါကအစာအိမ်ဟာအရှေ့သို့ရောက်ရှိလာပြီး တင်ပါးကြွက်သွားတွေဟာလည်းအရှေ့ကိုထိုးထွက်လာပါတယ်။(ခါးချိုက်ဝင်ပြီးဗိုက်အနည်းငယ်ပူလာခြင်း)ဘေးကကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ဟာ Cပုံစံအကွေးလေးဖြစ်နေပါတယ်။
ဘာကြောင့် ဒီကိုယ်ဟန်အနေအထားက သင့်အတွက်မကောင်းတာလဲ?
-ဒီလိုမူမမှန်တဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် သင့်ရဲ့ လှုပ်ရှားမှုတွေကလည်းလေးပင်နေကာ ကြွက်သားတွေဟာလည်းတောင့်တင်းနေမှာပါ။
-တစ်ခါတစ်ရံ Hyperlordosis ဆိုတဲ့ကိုယ်ဟန်အနေအထားဟာ သင့်ရဲ့ကျောရိုးအောက်ပိုင်းနာကျင်မှုရဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။ထိုအရာဟာအာရုံကြောကိုလည်း အကျိုးသက်ရောက်စေပြီး တစ်ခါတစ်ရံ ခြေထောက်ထုံကျင်တာတွေလည်းဖြစ်စေပါတယ်။
ဒါကိုဘယ်လိုပြုပြင်ကြမလဲ?
-ဒီအရာကို ကောင်းဆုံးပြုပြင်နိုင်ဖို့အတွက် သင့်ရဲ့ခန္ဓာကိုယ်အလယ်ပိုင်းကြွက်သားတွေကိုပိုပြီးသန်မာအောင်ပြုလုပ်ရပါမယ်။ တင်ပါးဆုံလေ့ကျင့်ခန်းများ၊ထိုင်ထလေ့ကျင့်ခန်းနဲ့ အိပ်လျက်နဲ့ခြေထောက်မြှောက်တင်တဲ့လေ့ကျင့်ခန်းတွေလုပ်ရမှာဖြစ်ပါတယ်။
-အဝလွန်ခြင်းဟာလည်း Hyperlordosis ဖြစ်စေနိုင်တဲ့အကြောင်းအရင်း တစ်ခုဖြစ်ပြီး သင့်ရဲ့ကိုယ်အလေးချိန်ကိုလျော့ချပေးခြင်းဖြင့်လည်း Hyperlordosisဖြစ်ခြင်းတွေကိုလျော့ချနိုင်မှာဖြစ်ပါတယ်။