အာဖရိကမှ စတိုင်လ်အကျဆုံးအမျိုးသား ဓါတ်ပုံ ( ၁၅ ) ပုံ

လူအများစုဟာ တစ်ယောက်ယောက်ရဲ့ နေပုံထိုင်ပုံနဲ့ ဝတ်ပုံစားပုံကိုကြည့်ပြီး အကဲဖြတ်လေ့ရှိကြပါတယ်။ ဒါကြောင့်လဲဝတ်စားဆင်ယင်မှုမှာ စတိုင်ကျပြီး မိမိနဲ့လိုက်ဖက်စေမယ့် ဒီဇိုင်းကာလာဘာညာအနေအထား ဆိုတာလိုအပ်လာပါတယ်။ ဒါပေမဲ့ အာဖရိကမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကတော့ အများနဲ့မတူဘဲကွဲထွက်နေတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးနဲ့ လူတွေကိုငေးမောစေခဲ့ပါတယ်။ အာဖရိကတိုက် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှအမျိုးသားတစ်ဦးဟာ ထင်ရှားတောက်ပပြီး မတူညီတဲ့အဝတ်အစားများကို နေ့စဉ်ဝတ်ဆင်လေ့ရှိပါတယ်။ ထိုအမျိုးသားဟာ မိမိဝတ်မဲ့ အင်္ကျီဘောင်းဘီများရဲ့အရောင်များကို ဆင်တူယုံသာမက ဦးထုပ်၊ဖုန်း၊နက်တိုင်၊နာရီ အစရှိတဲ့အရာများကိုရောင်တူဝတ်ဆင်ပြီး အပြင်သွားလေ့ရှိပါတယ်။ ၂၀၁၈ တုန်းက BBC ရဲ့အင်တာဗျူးတစ်ခုမှာတော့ အဆိုပါအမျိုးသားဟာ ဝတ်ဆုံပေါင်း ၁၆၀၀ ကျော်၊ ဦးထုပ် ၃၀၀၊ ဖိနပ်အရံ ၂၀၀ နဲ့လိုက်ဖက်စေမယ့် အခြားပစ္စည်းများစွာ ပိုင်ဆိုင်ထားကြောင်းပြောဆိုခဲ့ပါသေးတယ်။ မိတ်ဆွေတို့အနေနဲ့ရော အဝတ်အစားများကို မိမိနဲ့လိုက်ဖက်အောင် ဘယ်လိုဝတ်ဆင်ကြပါသလဲ။ အောက်ဘက်မှတော့ ထိုအာဖရိကအမျိုးသားရဲ့ စတိုင်ကျလွန်းတဲ့ ဓါတ်ပုံအချို့ကိုမျှဝေပေးလိုက်ပါတယ်။

၁။

၂။

၃။

၄။

၅။

၆။

၇။

၈။

၉။

၁၀။

၁၁။

၁၂။

၁၃။

၁၄။

၁၅။