တစ်သက်တစ်ကျွန်းကျနေတဲ့ သားဖြစ်သူကို လှိုဏ်ခေါင်းတူး ထောင်ဖေါက်ပြီး ကယ်ထုတ်ဖို့ကြိုးစားခဲ့တဲ့မိခင်

ယူကရိန်းနိုင်ငံက မိခင်တစ်ယောက်ဟာ တစ်ယောက်ထဲ လှိုင်ခေါင်းတူးပြီး ယူကရိန်းနိုင်ငံ အကျဉ်းထောင်မှာ တစ်သက်တစ်ကျွန်းကျနေတဲ့ သားဖြစ်သူကို ထောင်ကနေကယ်ထုတ်ဖို့ ကြိုးစားခဲ့တာကြောင့် ထောင်ကျမဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ အဆိုပါ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဟာယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ Zaporizhia မြို့က အကျဉ်းထောင်နားမှာ အိမ်တစ်လုံးငှားခဲ့ပြီး သူမရဲ့ ထောင်ဖောက်ဖို့ အစီအစဉ်ကိုစတင်ခဲ့တာပါ။

ထိုအမျိုးသမီးဟာ ညအချိန်မှာသာ သံတူရွင်းနဲ့ပေါက်တူးကို အသုံးပြုပြီးလှိုဏ်ခေါင်းတူးခဲ့တာကြောင့် ဘယ်သူမှမသိရှိခဲ့ပါဘူး။ သူမဟာထောင်အနီးမှာဘဲ နေထိုင်တဲ့အတွက်ကြောင့်လည်း ဒေသခံများကမရိပ်မိခဲ့တာဖြစ်ပါတယ်။ ညအချိန်ရောက်တာနဲ့ သူမဟာ တွင်းတူးရမယ့် နေရာကိုအသံငြိမ်တဲ့ လျှပ်စစ်စကူတာနဲ့ သွားရောက်ကာ တွင်းတူးခဲ့ပြီး မြေကြီးများကိုတော့ လက်တွန်းလှည်းအသေးစားနဲ့ သယ်ယူခဲ့ပါတယ်။

သူမဟာ ၁၀ ပေအနက်ရှိတဲ့ တွင်းကိုတူးခဲ့ပြီး သူမရဲ့သားရှိတဲ့ အချုပ်ခန်းဆီကို မြေအောက်ကနေ ၃၅ ပေခန့်ဆက်လက်တူးဖေါ်ခဲ့ပါတယ်။ တွင်းတူးပြီးတဲ့အခါမှာတော့ သူမဟာမြေကြီးများကို ထောင်အနီးအနားမှာရှိတဲ့ ကားသင်္ချိုင်းနားမှာ သွားရောက်စွန့်ပစ်ခဲ့ပါတယ်။ သူမဟာရက်သတ္တပေါင်း ၃ ပတ်ခန့်ကြိုးစားတူးဖေါ်ခဲ့ပြီးတဲ့နောက်မှာတော့ တူးထားတဲ့မြေကြီးတွေဟာ ၃ တန်ခန့်ရှိသွားခဲ့တာကြောင့် ထောင်စောင့်များက သတိထားမိသွားခဲ့ကြပြီး သူမကို ဖမ်းဆီးနိုင်ခဲ့တာပါ။

ရဲများဟာ ထိုအမျိုးသမီးငှားရမ်း နေထိုင်တဲ့နေတဲ့ အိမ်ကိုသွားရောက် စစ်ဆေးတဲ့ အခါမှာတော့ တူးဖေါ်ရေးပစ္စည်းများကိုလည်း တွေ့ရှိခဲ့ပါတယ်။ ထောင်စောင့်တစ်ဦးကလ ” သူမမှာ မြေကြီးတွေသယ်ဖို့အတွက် သစ်သားနဲ့ ပြုလုပ်ထားတဲ့ လက်တွန်းလှည်းအသေးစားရှိတယ် ” လို့ပြောပြခဲ့ပါတယ်။ ယူကရိန်းသတင်းဌာနမှ သတင်းထောက်များဟာ ထိုအမျိုးသမီးဓါတ်ပုံကိုပြသပြီး ဒေသခံစတိုးဆိုင်များကို မေးမြန်းခဲ့ပေမဲ့လဲ ထိုအမျိုးသမီးကို မသိရှိကြဘူးလို့ ဆိုကြပါတယ်။

သတင်းဌာနများက ထိုအမျိုးသမီးနဲ့ ထောင်ကျနေတဲ့ သားဖြစ်သူရဲ့နာမည်ကို မဖေါ်ပြခဲ့ပေမဲ့လဲ Mykolaiv မြို့ကဖြစ်တယ်လို့ တင်ပြထားခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအများစုက ထိုအမျိုးသမီးဟာ ပြစ်မှုကျူးလွန်ခဲ့ပေမဲ့ သူ့ရဲ့ ကြီးမားလှတဲ့ မိခင်မေတ္တာကို ချီးကျူးပြောနေကြပါတယ်။

အင်တာနက်အသုံးပြုတစ်ယောက်ဖြစ်တဲ့ Serhey Phinyansky ဆိုသူက ” ဒီအမျိုးသမီးက သေသေချာချာကို စီစဉ်ခဲ့တာပဲ၊ တွင်းတူးတဲ့လုပ်ငန်းတွေကို လုပ်ခဲ့ဖူးတယ်ထင်တယ်၊ ၃ မီတာအနက်ရှိတဲ့ တွင်းကိုတူးခဲ့တာဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပဲ ” လို့မှတ်ချက်ပြုခဲ့ပါတယ်။

Video ကြည့်ရန်