သား (၁၃) ယောက်မွေးထားပေမယ့် သမီးမရမချင်း ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ လင်မယား

ဘရာဇီးနိုင်ငံ Concei ao de Coit မြို့မှ လင်မယားနှစ်ဦးဟာ သမီးလေးတစ်ဦးကို လိုချင်ခဲ့ကြတာဖြစ်ပါတယ်။ ထိုစုံတွဲဟာ လွန်ခဲ့တဲ့နှစ်၂၀လောက်ကတည်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခုအချိန်မှာတော့ သားယောကျာ်းလေးကြီးဘဲ(၁၃)ယောက်အထိ‌ မွေးဖွားထားတာကြောင့် သမီးမိန်းကလေးတစ်ဦးလိုချင်နေကြတာဖြစ်ပါတယ်။

အသက်(၄၀)အရွယ် လယ်သမားတစ်ဦးဖြစ်သူ Ireneu Cruz နဲ့ သူရဲ့ဇနီး Jucicleide Silva တို့ဟာ ထိုသား(၁၃)ယောက်ရဲ့ မိဘတွေဖြစ်ပြီး အကြီးဆုံးသားကတော့ အသက်(၁၈)နှစ်ဖြစ်ပြီး အငယ်ဆုံးသားကတော့ အသက်(၁)လဖြစ်ပါတယ်။ ပြီးတော့ ထိုစုံတွဲဟာ သမီးမိန်းကလေး မွေးဖွားတဲ့အချိန်ထိ ကလေးဆက်ယူကြဖို့ ကတိပြုထားခဲ့ကြပါတယ်။

သူတို့ဟာ (၁၃)ယောက်မြောက်ကလေးကို မိန်းကလေးဖြစ်‌မယ်လို့ မျှော်လင့်ချက်ကြီးထားခဲ့ကြပေမယ့်လည်း ယောကျာ်းလေးဖြစ်ကြောင်းသိရပြီးတဲ့နောက်မှာတော့ နောက်တစ်ကြိမ်ဆက်ကြိုးစားရမယ်ဆိုတာ သိခဲ့ရပါတယ်။ ထိုစုံတွဲရဲ့နောက်ထပ်သဘောတူညီချက်တစ်ခုကတော့ နောက်ကလေးဟာ ယောကျာ်းလေးမွေးလာပါက အဖေနာမည်ပေးပြီး မိန်းကလေးဖြစ်ပါက မိခင်နာမည်ပေးဖို့ပါ။ ဒါကြောင့် မိခင် Jucicleide က သူ့ရဲ့နာမည်ကို သမီးမိန်းကလေးမွေးမှပေးဖို့ချန်ထားပါတယ်။

သန်းခေါင်စာရင်းမှကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ ထိုကဲ့သို့ ကလေး၁၃ယောက်လုံး ယောကျာ်းလေးဖြစ်ဖို့ ဖြစ်နိုင်ခြေဟာ ၈၀၀၀ အချိုး ၁ သာရှိတယ်လို့ဆိုပါတယ်။ထိုစုံတွဲလင်မယားရဲ့ ကလေးတွေနာမည်ကတော့ Robson ၁၈နှစ်၊Reinan ၁၇နှစ်၊Rauan ၁၅နှစ်၊Ruben ၁၄နှစ်၊Rivaldo ၁၃နှစ်၊Ruan ၁၂နှစ်၊Ramon ၁၀နှစ်၊Rincon ၉နှစ်၊Riquelme ၇နှစ်၊Ramires ၅နှစ်၊Railson ၃နှစ်၊Rafeal ၂နှစ်နဲ့ အငယ်ဆုံးတစ်လသားလေးရဲ့ နာမည်ကတော့ Ronaldo ပဲဖြစ်ပါတယ်။

အဖေဖြစ်သူ Ireneu ရဲ့ အိမ်မက်ကတော့ သူရဲ့ သားတွေထဲကမှ အနည်းဆုံးတစ်ယောက်လောက်ကို နာမည်ကျော် ဘောလုံးသမားတစ်ဦးဖြစ်စေချင်နေတာပါ။ ဒါကြောင့် အပတ်စဉ် သူတို့ရွာထဲမှာ ကစားတဲ့ဘောလုံးပွဲတွေမှာ သူ့သားတွေပါတဲ့အသင်းကို သူကိုယ်တိုင်ဒိုင်လူကြီးအဖြစ် ဝင်လုပ်ပေးလေ့ရှိပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )