ဆီပိုက်နဲ့မိလ္လာပိုက် မှားစုပ်မိခဲ့တဲ့ ဆီသူခိုး

သူခိုးတစ်ယောက်ဟာ သူ့ရဲ့ဖြစ်ရပ်တစ်ခုကြောင့် လူအများကိုပြုံးရယ်စေမယ့် ဖြစ်ရပ်တစ်ခုကို ပြုလုပ်ခဲ့မိပါတယ်။ တုံး’အ’လွန်းသူ သူခိုးတစ်ယောက်ဟာ ဘတ်စ်ကားတစ်စီးမှ ဆီခိုးယူရန်ကြိုးစားနေစဥ်မှာ ကံကြမ္မာဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူဟာဘတ်စ်ကားရဲ့ ဆီကန်ထဲမှ ဆီကိုစုပ်နေတယ်လို့ထင်နေပေမယ့်လည်း ကံဆိုးစွာပဲ ပိုက်ထဲပါလာတာကတော့ အခြားအရာတစ်ခုဖြစ်နေခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ အနောက်ဩစတြေးလျရှိ လာဗာတန်မြို့မှာဖြစ်ပွားခဲ့ပြီး တရားခံဟာ ရပ်နားထားတဲ့ ဘက်စ်ကားကနေ ဆီကိုစုပ်ယူကာ ငွေရှာဖွေဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူရခဲ့တဲ့ ရလာဒ်ကတော့တလွဲတွေသာ ဖြစ်ခဲ့ရပါတယ်။ သူဟာဆီကန်နဲ့ မိလ္လာကန်ကိုမှားပြီးစုပ်ခဲ့မိပါတယ်။

လာဗာတန်မြို့ရဲ့ရဲအရာရှိတွေနဲ့ အင်တာဗျူးတစ်ခုမှာတော့ “ကျွန်တော်တို့ ထင်မြင်ယူဆချက်အရ သူတို့အမြန်ပြန်ဆုတ်ဖို့ အလျင်လိုနေတာကြောင့် ပါးစပ်ထဲခါးတဲ့အရသာရနေ‌တာတောင် သတိမထားမိတာဖြစ်ပါ့လိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ရဲတွေဟာ ခိုးရာပါပစ္စည်းကိုပြန်လိုက်ပေးဖို့အတွက်ကစိတ်ဝင်စားမှုအလွန်နည်းပါတယ်။

အခြားတစ်ဖက်မှာတော့ ဒီသူခိုးရဲ့လုပ်ရပ်ကို အင်တာနက်ပေါ်မှာ အောင်ပွဲခံတဲ့လူတွေ ရှိနေပြန်ပါတယ်။ ဖေ့ဘွတ်အသုံးပြုသူတစ်ယောက်က ဒီဖြစ်ရပ်ကို comments ပေးထားတာကတော့ ” သူခိုးက သူများပစ္စည်းကိုခိုးတာကြောင့် ချက်ချင်းဝတ်လည်တာ ဒီသတင်းက ငါ့ကိုကောင်းကောင်းရယ်မောစေခဲ့တယ် “လို့ ရေးသားခဲ့ပါတယ်။

ဒီသူခိုးလည်း ယခုဖြစ်ရပ်အတွက် သင်ခန်းစာကောင်းတစ်ခု ရသွားမှာပါ။ လူတိုင်းဟာ အမှားနဲ့မကင်းကြပေမယ့်လည်း ဒီမတော်တဆဖြစ်ရပ်ကြောင့် သူခိုးဟာ ဘဝမှာ ရှက်စရာကောင်းပြီးအမှတ်ရစေမယ့်ဖြစ်ရပ်တစ်ခုအဖြစ်နဲ့ ကျန်နေခဲ့တော့မှာလည်း ဖြစ်ပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )