
တရုတ်နိုင်ငံဝူဟန်မြို့မှ မိန်းကလေးတစ်ဦးဟာ သူမရဲ့ချစ်သူကိုကျောပိုးပြီး ရေကြီးနေတဲ့လမ်းကို ဖြတ်ကျော်နေတဲ့ပုံရိပ်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားသွားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှမြို့တော်တော်များများဟာ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံစားနေရပါတယ်။
ဒီထဲကမှ ဖြစ်ရပ်လေးတစ်ခုကတော့ လူတွေရဲ့အာရုံစိုက်ခြင်းကို အတော်လေးခံခဲ့ရပါတယ်။ အချို့တွေက ရေကြီးနေတာတွေကိုအန္တရာယ်တစ်ခုလို့ထင်နေပေမယ့် ကောင်မလေးတစ်ဦးကတော့ ချစ်သူကောင်လေးကို ကျောမှာတောင် ကုန်းပိုးလာခဲ့ပါသေးတယ်။ အကြောင်းအရင်းကတော့ သူမချစ်သူရဲ့ တန်ဖိုးကြီးလှတဲ့ရှုးဖိနပ်ရေစိုမှာဆိုးလို့ဖြစ်ပါတယ်။
ထိုမိန်းကလေးကတော့ သူမရဲ့ဖိနပ်ဟာ ဆေးကြောဖို့အတွက်လွယ်ကူပေမယ့် သူမချစ်သူရဲ့ဖိနပ်ဟာ ရွှံ့ဗွက်များတဲ့ရေပေါ်ကို ဖြတ်ကျော်ခဲ့လျှင် ပြန်လည်ဆေးကြောဖို့အတွက် ခက်ခဲတာကြောင့်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ လူမှုကွန်ယက်မှ မှတ်ချက်တစ်ခုမှာတော့ ” ငါသာ မင်းနေရာမှာဆို ဒီမိန်းကလေးကို သေချာပေါက်လက်ထပ်မှာ မင်းအရမ်းကံကောင်းပါတယ်။ ဒီလိုမိန်းကလေးမျိုးကို ရှာတွေ့ဖို့ကမလွယ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။
နောက်တစ်ဦးကတော့ ” ဘာတွေဟာသလာလုပ်နေတာလဲ မင်းဖိနပ်ကိုချွတ်လိုက်ရင်ရတာဘဲ”လို့ ပြောထားပါတယ်။ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ဒီလိုဖြစ်ရပ်ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းကလည်း ကောင်မလေးတစ်ယောက်ဟာ သူမချစ်သူရဲ့ဖိနပ်ရေမစိုစေဖို့အတွက် ဒေါက်ဖိနပ်နဲ့ ချစ်သူကိုကျောပိုးပြီး ရေလျှံနေတဲ့လမ်းပေါ်ကို ဖြတ်ကျော်ခဲ့တဲ့ဖြစ်ရပ်ဟာ ရေပန်းစားခဲ့ပါသေးတယ်။
အင်တာနက်အသုံးပြုသူတစ်ဦးရဲ့မှတ်ချက်တစ်ခုကတော့ ” မိန်းကလေးတွေကိုမုန်းလို့လား ဒါမှမဟုတ် ကျားမတန်းတူအခွင့်အရေးကိုဖော်ပြနေတာလားမသိတော့ပါဘူး ” လို့ဆိုခဲ့ပါတယ်။ ဒါဟာ စုံတွဲတွေ အတူတူကစားကြဖို့ဆုံးဖြတ်လိုက်တဲ့ ဂိမ်းတစ်ခုလား။ ဒါမှမဟုတ် အခြားသူတွေပြောသလို ယောကျာ်လေးဟာ သူ့ရဲ့ချစ်သူကို ဖိနပ်လောက်တောင် တန်ဖိုးမထားဘဲ တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်မလား။
ဘယ်အချက်ကအမှန်လဲဆိုတာကိုတော့ ဘယ်သူမှအတိအကျတော့မသိကြပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာတော့ သူတို့နှစ်ယောက်ရဲ့ အမှန်ကန်ဆုံးအကြောင်းပြချက်ကောင်းတစ်ခုခုတော့ ရှိနေမှာပါ။ ပရိသတ်တို့ရောဒီအဖြစ်အပျက်နဲ့ပက်သက်ပြီးဘယ်လိုထင်ပါသလဲ။ ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားဦးပေးကြပါဦး။
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )