ဗီဒီယိုကြည့်ရှုသူ(၁.၇)သန်း ရှိသွားခဲ့ပြီတဲ့ (၂)နာရီကြာအောင် ဘာမှမလုပ်ဘဲ ကင်မရာကိုထိုင်ကြည့်နေခဲ့တဲ့ အမျိုးသား

Vlogger တွေနဲ့ အခြားအကြောင်းအရာဗီဒီယိုဖန်တီးသူ‌တွေဟာ အရည်သွေးကောင်းမွန်တဲ့ဗီဒီယိုတွေထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားပြီးဖန်တီးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်အသွေးကောင်းလှတဲ့ဗီဒီယိုတွေဟာ များပြားလှတဲ့ကြည့်ရှုသူတွေကိုရှာနိုင်သလို စိတ်ဝင်စားစရာကောင်းတာကြောင့် ကြည့်ရှုသူလည်းများများရမှာဖြစ်ပြီး ဝင်ငွေလည်းပိုပြီးရှာနိုင်မှာပါ။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံမှ ဗီဒီယို vlogger တစ်ဦးဖြစ်တဲ့ Sobat Miskin ကတော့ ဒီနည်းလမ်းနဲ့ဆန့်ကျင်ဘက်ပါ။

သူဟာ ဗီဒီယိုထဲမှာ ဘာမှမလုပ်ပြဘဲနဲ့ကြည့်ရှုသူ ၁.၇သန်း အနည်း‌ဆုံးရရှိခဲ့ပါတယ်။ ဒီဗီဒီယိုကိုတော့ သူ့ရဲ့youtube channel ဖြစ်တဲ့ Sobat Miskin official မှာတင်ခဲ့ပါတယ်။ ဒီဗီဒီယိုကတော့ နှစ်နာရီကျော်ကြာရှည်ပြီး ဗီဒီယိုထဲမှာတော့ သူဟာ အခန်းတစ်ခုအတွင်းမှာရှိတဲ့ အိပ်ယာဘေးမှာထိုင်နေတာကို တွေ့ရပါတယ်။ အကယ်၍ သင်ဟာ ဗီဒီယိုကိုကြည့်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါက ဗီဒီယိုဟာ (၁၅)မိနစ်နောက်ပိုင်း (သို့မဟုတ်)တချိန်ချိန်မှာစိတ်ဝင်စားစရာ တစ်ခုခုဖြစ်မယ်လို့ ထင်ခဲ့မိမှာပါ။

ဒါပေမယ့် သူဟာ ဗီဒီယိုကြာချိန်နှစ်နာရီတစ်လျှောက်လုံးကင်မရာကိုသာ စိုက်ကြည့်နေခဲ့ပါတယ်။ အချိန်တွေသာကုန်သွားခဲ့ပေမယ့် သူဟာ ထိုင်နေရာကမရွေ့သလို ဘာတစ်ခုမှလည်းမဖြစ်ပျက်ခဲ့ပါဘူး။ သူဟာ ဘာမှထူးထူးခြားခြားမလုပ်ခဲ့ပေမယ့်လည်း ကြည့်ရှုသူသန်းချီရရှိခဲ့ပါတယ်။ အကယ်၍ သင်သာ vlogger တစ်ယောက်ဖြစ်ခဲ့မယ်ဆိုပါက အမြဲတမ်းအကြံကောင်းတွေကိုစဉ်းစားကာ အရည်သွေးမြင့်တဲ့ဗီဒီယိုရရှိဖို့အတွက်ကြိုးစားမှာပါ။

ဒီရယ်စရာကောင်းတဲ့အဖြစ်အပျက်လေးဖြစ်ပွားပြီးနောက် အခြား youtuber တွေလည်း sobat လိုမျိုး ကိုယ်တိုင်ဗီဒီယိုရိုက်ကူးကာတင်ခဲ့ကြပါတယ်။ ဘာကြောင့်မို့ကြည့်ရှုသူတွေဟာ ဘာမှမလုပ်ပြထားတဲ့ဗီဒီယိုကို စိတ်ရှည်စွာနဲ့ကြည့်ရှုခဲ့တာပါလဲ? အဖြေအားလုံးရဲ့အကြောင်းပြချက်ကတော့ စူးစမ်းလိုစိတ်ပြင်းပြကြတာပါ။ ဒီဗီဒီယိုမတိုင်ခင်မှာတော့ သင့်အနေနဲ့ဘာမှမသိခဲ့ရ‌တာကြောင့် ဗီဒီယိုထဲမှာ ဘာများဖြစ်လာမလဲဆိုပြီး စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

ဒီ‌အကြောင်းကို ကြားလိုက်တဲ့အခါမှာတော့ ယခုချိန်မှာ သင့်အနေနဲ့ဒီဗီယိုကြည့်ဖို့စူးစမ်းလိုစိတ်မရှိတော့ပါဘူး။ အားလုံးပြီးသွားတဲ့အခါမှာတော့ ဒီဗီယိုဟာအားလုံးကြားမှာရေပန်းစားသွားခဲ့ပြီး ဒီရေပန်စားမှုကနေပဲ sobat ဟာ သန်းချီတဲ့ကြည့်ရှုသူတွေရခဲ့တာလည်းဖြစ်ပါတယ်။

Video ကြည့်ရန်

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြေ‌ောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )