သခင်နဲ့တွေ့ရဖို့ ပြသနေကြဆေးခန်းမှာ အကူအညီသွားတောင်းခဲ့တဲ့ ခွေးလေး

တနေ့မှာတော့ ထိုင်းနိုင်ငံက ‌အနက်ရောင်ခွေးလေးတစ်ကောင်ဟာ အလွန်ဆိုးရွားထိပ်လန့်စရာ အခြေနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ သူ့သခင်နဲ့ ကွဲကွာပျောက်ဆုံးသွားခဲ့ပြီး ကမ္ဘာကြီးပေါ်မှာတစ်ကောင်ထဲဖြစ်သွားခဲ့တာပါ။

ဒါပေမယ့်လို့ ဒီလိမ္မာပါးနပ်လှတဲ့ ခွေးလေးဟာ မိမိကိုသခင်ဖြစ်သူရှာတွေ့ရန် မျှော်လင့်ချက်ဖြင့်စောင့်ဆိုင်းနေမယ့်အစား ကိုယ်တိုင်အကူအညီတောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ထိုခွေးလေးဟာ ဘယ်အချိန်ကတည်းက ပျောက်ဆုံးခဲ့ပြီး သူ့သခင်ကိုလိုက်ရှာခဲ့သလဲဆိုနေတာ မဖော်ပြထားပေမယ့် သူ့ရဲ့အိမ်ပြန်လမ်းကို မမှတ်မိခဲ့ပါဘူး။

ကံကောင်းလှတဲ့အချက်ကတော့ ခွေးလေးဟာ သူပြသနေကြဆရာဝန်ရဲ့ Putahracsa တိရစ္ဆာန်ဆေးကုခန်းကိုခြေရာခံနိုင်ခဲ့ပါတယ်။ CCTV ကင်မရာတွေရဲ့ဖော်ပြချက်အရ သူဟာ တိရစ္ဆာန်ဆေးကုခန်းကိုရောက်လာကာ အထဲကဝန်ထမ်းတွေ သတိထားမိတဲ့အချိန်ထိကို စိတ်ရှည်စွာစောင့်နေခဲ့ပါတယ်။

သူဟာ လိုအပ်တဲ့အကူအညီရဖို့ ရွေးချယ်တဲ့နေရာမှန်သွားခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲ ဆေးခန်းဝန်ထမ်းတွေဟာ သူတို့ဆီလာပြနေကြထဲက ခွေးတစ်ကောင်ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားခဲ့ပြီး ပိုင်ရှင်ဆီကိုဖုန်းဆက်ခဲ့ပါတယ်။

ထိုအခါမှာတော့ ခွေးလေးစိုးရိမ်ပူပန်နေခဲ့ရတဲ့ဇာတ်လမ်းလေးဟာပြီးဆုံးသွားခဲ့ပြီး အားလုံးဟာတော့ သူ့ရဲ့လိမ္မာပါးနပ်မှုကြောင့်သာဖြစ်ပါတယ်။ဆေးခန်းရဲ့ပြောပြချက်အရ ခွေးရောခွေးပိုင်ရှင်ရော အလွန်ပျော်ရွင်နေကြတယ်လို့သိရပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )