
တိရစ္ဆာန်တွေဟာ ပုံမှန်အားဖြင့်သေးတဲ့အရွယ်စားနဲ့ကြီးတဲ့အရွယ်အစားတွေရှိကြတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ခွေးထက်ကိုကြီးမားတဲ့ နွားတစ်ကောင်ကိုတွေ့တယ်ဆိုတာကတော့ အံ့ဩစရာမရှိပါဘူး။ သို့ပေမယ်လည်း သင်ဟာ စွန်ပလွန်ပင်လောက်ရှိတဲ့ပိုးကောင်၊ လူအရွယ်စားလောက်ရှိတဲ့ဂျယ်လီငါးနဲ့ ခွေးတစ်ကောင်နီးပါးရှိတဲ့ယုန်ကို မြင်ရတဲ့အခါ သင်ဘယ်လိုခံစားရမလဲ? သဘာဝမိခင်ကြီးဟာ ကျွန်တော်တို့ကို အမြဲတမ်းအံအားသင့်စရာတွေ ယူဆောင်လာတတ်ပြီး ဒီလိုကြီးမားလှတဲ့တိရစ္ဆာန်တွေကို မြင်ရတဲ့အခါ တကယ်ဟုတ်နိုင်ပါ့မလားလို့တောင် သင်အနေနဲ့မေးခွန်းထုတ်မိမှာပါ။ ဒီဆောင်းပါးမှာတော့ မယုံနိုင်လောက်အောင် ကြီးမားလွန်းလှတဲ့ တိရစ္ဆာန်နဲ့အင်းဆက်ပိုးမွှားတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ဧရာမ ဖားကြီးကိုတွေ့ဖူးလား။
၂။ ဒီ Flemish လို့ခေါ်တဲ့ယုန် အမျိုးအစားဟာ ပျမ်းမျှအားဖြင့် ခွေးလောက် နီးနီးကြီးမားပါတယ်။ စံချိန်တင်ထားသောအကြီးဆုံး Flemish ယုန်မှာ အမြင့် ၄ ပေ ၃ လက်မအထိရှိခဲ့ပါသည်။
၃။ ဧရာမ နောက်ချေးပိုးကြီး
၄။ အန္တာတိကတိုက်တွင် ဖမ်းစီးရမိတဲ့ ဧရာမ ကြယ်ငါးများ
၅။ အချို့သော နွားမျိုးကွဲများသည် လူသားတွေထက် အရပ်ပိုရှည်ကြပါတယ်။
၆။ Nomura’s Jellyfish သည်ကမ္ဘာပေါ်တွင်အကြီးဆုံး ရေသတ္တဝါများထဲက တစ်မျိုးဖြစ်သည်။
၇။ အုန်းသီးဂဏန်းသည် ကုန်းပေါ်တွင်နေထိုင်နေသော ဂဏန်းများထဲတွင် အကြီးဆုံး ဂဏန်းမျိုးစိတ်ဖြစ်ပါသည်။
၈။ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးအဖြစ် လက်ရှိဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားသော Freddy လို့ခေါ်တဲ့ခွေး
၉။ တောင်အမေရိကတိုက်တွင် တွေ့ရသော ဤပိုးတောင်မာများသည် ၆.၅ လက်မအထိရှည်နိုင်သည်။
၁၀။ အသက် (၈၀) အရွယ်ဟုယူဆရသော ၁၈ ပေရှည်သောမိကျောင်းတစ်ကောင်
၁၁။ Percheron မြင်းများသည် မယုံနိုင်လောက်အောင်ကို အရပ်မြင့်မားကြသော မြင်းများဖြစ်ကြပါတယ်။
၁၂။ ဒါကတော့ မြေခွေးလင်းနို့ပါတဲ့
၁၃။ ဧရာမ ပုရစ်ကြီး
၁၄။ ဒါကတော့ ဂျပန် ပင့်ကူဂဏန်းပါတဲ့
၁၅။ ဧရာမ ပင်လယ်ဖျံကြီး