အရက်မူးပြီး အာလူးကြော်ဓားပြတိုက်ခဲ့တဲ့အမျိုးသား ဖမ်းဆီးခံခဲ့ရ

ဝေးလ်နိုင်ငံမှ ဓားကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးဟာ (၂) ဒေါ်လာတန်ဖိုးရှိတဲ့ အာလူးကြော်အား သူ့ကိုအလကားမပေးပါက ဝန်ထမ်းတွေကိုသတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ သူ့ရဲ့လုယက်ဓားပြတိုက်ဖို့ကြိုးစားခဲ့တဲ့ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။ ဆွမ်ဆီးမြို့မှ Matthew Hawkins လို့အမည်ရတဲ့ ထိုအမျိုးသားဟာ အရက်မူးနေကာ Yummies ပီဇာနဲ့အသားကင်ဆိုင်ရဲ့ကောင်တာမှာ (၉)လက်မအရှည်ရှိတဲ့ ဓားကိုရုတ်တရက်ထုတ်ကာ ခြိမ်းခြောက်ခဲ့တာပါ။

သူဟာ ဓားနဲ့ထိုးဖို့ချိန်ရွယ်နေစဉ် ဝန်ထမ်းကလုံခြုံရေးအချက်ပေးခလုပ်ကို နှိပ်လိုက်ပါတယ်။Hawkins က ” ငါ အာလူးကြော်ကို ဝယ်စားနိုင်တယ်၊ ဒါပေမယ့် မဝယ်ဘူး အလကားယူမှာ မြန်မြန်ပေးမဟုတ်ရင် မင်းကိုဓားနဲ့ထိုးမယ်”လို့ ဝန်ထမ်းတွေကိုပြောခဲ့ပါတယ်။

Hawkins ဆိုင်က မထွက်ခင်အထိ ထိုဖြစ်ရပ်ဟာ (၁၅)မိနစ်ကြာမြင့်ခဲ့ပြီး သူ မထွက်သွားခင်မှာတော့ ” ငါ ဘေးကဆိုင်ကို ဓားပြသွားတိုက်လိုက်ဦးမယ်။ ပြီးရင် ငါ့အာလူးကြော်အတွက် ငါပြန်လာမယ်”လို့ ပြောခဲ့ပါတယ်။ Hawkins ဟာ အနားမှာရှိတဲ့ Best One ဆိုင်ကိုသွားကာ ထိုနည်းတူပဲ ဓားပြတိုက်လုယက်ခဲ့ပြန်ပါတယ်။

သူ့အနောက်ကိုတော့ Yummies ဆိုင်မှဝန်ထမ်းက နောက်ယောင်ခံလိုက်လာကာ သူ့ကို Best One ဆိုင်ထဲမှာ ပိတ်ထားခဲ့ပါတော့တယ်။ ထိုအချိန်မှာတော့ ရဲတွေရောက်လာခဲ့ပြီး သူ့ကရဲတွေကိုတွေ့တဲ့အခါ Hawkins ဟာ ဆိုင်ထဲမှနေ၍ “ငါ့ကို အာလူးကြော်တွေပေးစမ်း “လို့ အော်နေခဲ့ပါတယ်။

ဆွမ်ဆီးမြို့ရဲ့ ရာဇဝတ်တရားရုံးမှာတော့ Hawkins ဟာ ဆိုင်နှစ်ဆိုင်အားဓားပြတိုက်မှုကိုဝန်ခံခဲ့ပြီး သူ့အား လုယက်မှုနဲ့လက်နက်ကိုင်ဆောင်မှုအတွက်ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့ပါတယ်။ သူဟာ ထိုပြစ်မှုကြောင့် ထောင်ကထွက်ပြီး၅နှစ်ကြာသည့်အထိ ထိုဆိုင်တွေမှာ စားသောက်မှာယူခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

တရားသူကြီးပေါလ်သောမတ်စ် QC က Hawkins ရဲ့မူးယစ်ရမ်းကားခြိမ်းခြောက်မှုတွေဟာလူအများကို စိုးရိမ်ထိန်လန့်မှုတွေ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဆက်လက်၍ သူက “တရားရုံးတော်ဟာ ဒီလိုအားနည်းလှတဲ့ အသေးစားလုပ်ငန်းတွေရဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့အတွက် အပြည့်အဝတာဝန်ရှိတယ်”လို့ ဆိုခဲ့ပါတယ်။

Video