ရေအောက်တွင် နစ်မြုပ်သွားခဲ့သော ကမ္ဘာပေါ်မှာ အမှန်တကယ်တည်ရှိခဲ့ကြတဲ့ မြို့ကြီးများ

တစ်စုံတစ်ယောက်က ရေအောက်မှာနစ်မြုပ်နေတဲ့မြို့တွေအကြောင်းပြောမယ်ဆိုပါက လူတွေကတော့အမြဲတမ်းအတ္တလန်တစ်မြို့ကိုပဲ အရင်ဆုံးစဉ်းစားမိကြမှာပါ။ တကယ်တော့ ပျောက်ဆုံးနေတဲ့မြို့တွေကိုစာပေများစွာမှာ ဖော်ပြခဲ့ကြပြီး စူပါဟီးရိုးရုပ်ရှင်တစ်ခုဖြစ်တဲ့ Aquaman မှာလည်း ပျောက်ဆုံးခဲ့တဲ့မြို့အကြောင်းသိနိုင်ပါသေးတယ်။ အတ္တလန်တစ်မြို့တော်တစ်ကယ်ရှိခဲ့လားဆိုတာကိုတော့ အခုထိရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ထိုမြို့တော်ရဲ့ ပျောက်ဆုံးရတဲ့အကြောင်းကတော့ လူတွေရဲ့ လောဘရမ္မက်ကြီးမားမှုကြောင့်ဖြစ်တယ်လို့ ပလေတိုရေးသားခဲ့တဲ့ စာအရယုံကြည်နေကြပါတယ်။ ယခုဆောင်းပါးထဲမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ရေအောက်ကိုရောက်ရှိသွားခဲ့ကြတဲ့မြို့ကြီး(၆)မြို့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) Baiae

Baiae မြို့ကတော့ အီတလီနိုင်ငံ Naples ဒေသအနီးမှာတည်ရှိပါတယ်။ မြို့ရဲ့အစိတ်အပိုင်းအချို့ဟာ ရေအောက်မှာနစ်မြုပ်နေပြီး ထိုမြို့ကတော့ စိတ်ဝင်စားစရာကောင်းလှတဲ့ နောက်ခံသမိုင်းကြောင်းတွေရှိပါတယ်။ ထိုမြို့ကြီးကိုတော့ သာယာတဲ့ရာသီဥတု၊ တန်ဖိုးကြီးအသီးအနှံတွေနဲ့ ရေပူစမ်းတွေကြောင့် လူသိများခဲ့ကြပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ထိုမြို့မှာနေထိုင်သူတွေဟာ အပျော်အပါးလိုက်စားတဲ့ နေထိုင်မှုပုံစံကို နှစ်သက်သူတွေဖြစ်လာခဲ့ကြပါတယ်။ ထိုမြို့ကြီးရဲ့ ရေအောက်ကိုရောက်သွားတဲ့ အကြောင်းအရင်းတစ်ခုကတော့ မီးတောင်ပေါက်ကွဲမှုတွေကြောင့်ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

(၂) Dunwich

ယခင်က တိုးတက်ခမ်းနားလှတဲ့ လူမှုအသိုင်းအဝိုင်းကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလိပ်မြို့ကြီးတစ်မြို့ဟာ ရေအောက်ကို ဘယ်လိုအကြောင်းတွေကြောင့် ရောက်ရှိသွားခဲ့ရတာပါသလဲ? Dunwich မြို့ဟာ ၁၃ရာစုနဲ့ ၁၄ရာစုကာလတွေမှာ မုန်တိုင်းတွေရဲ့ ဆက်တိုက်ဝင်ရောက်ခြင်းကိုခံရပြီး ပင်လယ်ကမ်းရိုးတန်းဒေသတွေဟာ ရေတိုက်စားခံတွေကို ပြင်းထန်စွာခံစား ခဲ့ရပါတယ်။ ထိုမြို့မှာနေထိုင်သူများက မြို့ကိုကုန်းပေါ်မှာတည်ရှိနိုင်အော င်မျိုးစုံကြိုးစားခဲ့သော်လည်း Dunwich ကတော့ပင်လယ်ရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရပါတယ်။ ဘုရားကျောင်းလေးခုနဲ့ အိမ်နဲ့ အခြားအရာများစွာဟာ ရေအောက်မှာရှိနေတာကို တွေ့ရပါတယ်။

(၃) Ravensar Odd

အလယ်ခေတ်က ထင်ရှားလှတဲ့မြို့တစ်မြို့ဖြစ်တဲ့ Ravensar Odd ကတော့ အင်္ဂလန်နိုင်ငံ yorkshire ပြည်နယ်ရဲ့ အရှေ့ဘက်ကမ်းခြေဒေသမှာ တည်ရှိခဲ့ပြီး ယနေ့အချိန်မှာတော့ ထိုနေရာဟာ အရေးပါတဲ့ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လို့နေပါပြီ။ ထိုမြို့ဟာ ၁၃ ရာစုနှစ်ကာလများက ပင်လယ်ဓားပြများစွာ အခြေချနေထိုင်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ထိုမြို့ဟာ နှစ်များစွာကြာအောင်ထွန်းကားခဲ့ပေမယ့် သူလည်းပဲ မုန်တိုင်းဒဏ်တွေကို ခံစားခဲ့ရတာကြောင့်ပဲ ရေအောက်ကိုရောက်ရှိခဲ့ရပါတယ်။ ထိုမြို့ကိုပြင်းပြင်းထန်ထန် ဖျက်ဆီးပစ်လိုက်တဲ့မုန်တိုင်းကတော့ ၁၃၆၂ ခုနှစ် ဇန်နဝါရီလက တိုက်ခတ်ခဲ့သော Grote Mandrenke ဖြစ်ကာ ထိုအချိန်မှစ၍ရေအောက်ကို နှစ်မြုပ်ပျောက်ကွယ်သွားခဲ့ရပါတယ်။

(၄) Heracleion

ဒီမြို့ကတော့ ယခင်က အီဂျစ်ဒဏ္ဍာရီထဲက မြို့တစ်မြို့အဖြစ် ယုံကြည်ကြပါတယ်။ ထိုမြို့ကိုတော့ တချိန်က Helem of Troy နဲ့ သူ့ရဲ့ချစ်သူ Paris က သွားရောက်ခဲ့ကြပြီး ပြန်လည်ရှာတွေ့ခြင်းမရှိဘူးလို့ ဒဏ္ဍာရီဇာတ်လမ်းအရ သိရပါတယ်။ ထိုမြို့ကိုတော့ ၁၉၉၉ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် Franck Goddio က ရှာတွေ့ခဲ့ပါတယ်။ ဒီမြို့ကတော့ အေဒီ ၈ရာစုအကုန်မှာ ရေအောက်ကိုနှစ်မြုပ်သွားခဲ့ရတယ်လို့ ဆိုကြပါတယ်။

(၅) Atlit Yam

ကျောက်ခေတ်နှောင်းပိုင်းကပေါ်ပေါက်ခဲ့တဲ့ဒီမြို့ကတော့ အစ္စရေးနိုင်ငံ၊Atlit ကမ်းရိုးတန်းတစ်လျောက်မှာတည်ရှိခဲ့ပြီး ဒီမြို့တည်ရှိခဲ့ဟာနှစ်ပေါင်း ၈၉၀၀ကနေ ၈၃၀၀ကြားရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။Atlit Yam ဟာလူသားတွေရဲ့ သမိုင်းမှာပထမဆုံးရေအောက်ကိုရောက်သွားခဲ့ရတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ထိုမြို့ဟာဘာကြောင့်နစ်မြုပ်ခဲ့ရလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဘာကြောင့်ဆို ရေအောက်မှာရှိနေနဲ့ ထိုမြို့ရဲ့ အသုံးအဆောင်တွေဟာဆွေးမြေ့နေတာကြောင့် လေ့လာဖို့အတွက်သယ်ဆောင်ရခက်ခဲနေလို့ဘဲဖြစ်ပါတယ်။

(၆) Shicheng

Lion City လို့ခေါ်ကြတဲ့ဒီမြို့ကတော့ တရုတ်ပြည်ရဲ့အတ္တလန်တစ်မြို့အဖြစ်လူသိများကြပါတယ်။ဒီမြို့တော်ကတော့ တခြားရေအောက်ကိုနစ်မြုပ်သွားကြတဲ့ မြို့တော်တွေနဲ့မတူဘဲ ထူးခြားတဲ့ အကြောင်းပြချက်တစ်ခုရှိနေပါတယ်။ဒီမြို့ဟာရေအောက်မှာနစ်မြုပ်နေတဲ့မြို့တော်မျိုးဖြစ်အောင် ၁၉၅၉ခုနှစ်မှာတမင်တကာဖန်တီးယူခဲ့ကြတာပါ။ဒီမြို့ဟာ Xin’an ဆည်တည်ဆောက်ဖို့အတွက်နစ်မြုပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပြီး ရေအောက်ကိုမရောက်ခင်အချိန်မှာတော့ Shicheng ဟာအတော်ကိုထွန်းကားခဲ့တာဘဲဖြစ်ပါတယ်။ထိုမြို့ကိုတည်ဆောက်ထားတဲ့ နှစ်၆၀၀သက်တမ်းရှိတဲ့လက်ရာတွေဟာ အေးခဲနေသောရေတွေကြောင့် မူလအတိုင်းမပျောက်မပျက်တည်ရှိနေခဲ့ပါတယ်။ထိုခမ်းနားတဲ့ အနုပညာလက်ရာတွေကိုမြင်တွေ့ချင်ရင်တော့ ယခုအချိန်မှာ ရေငုတ်ကာသွားရောက်လေ့လာနိုင်ပြီဖြစ်ပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )