
ကာတွန်းကားတွေနဲ့ အမ်နီမေးရှင်းရုပ်ရှင်တွေကြည့်ရတာဟာ မိသားစုတစ်ခုလုံးကို ပျော်ရွှင်စရာတွေနဲ့ စိတ်ဝင်စားစရာအချက်တွေကိုယူဆောင်လာပေးပါတယ်။ကျွန်တော်တို့ဟာအနည်းဆုံးတစ်ကြိမ်တော့ ကျွန်တော်တို့အရမ်းကြိုက်တဲ့ ကာတွန်းသို့မဟုတ် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Mickey Mouse လိုHomer Simpson လိုဇာတ်ကောင်တွေကိုကြိုက်နှစ်သက်တဲ့ ခံစားချက်တော့ ဖြစ်ဖူးမှာအသေချာပါဘဲ။ဒီနေ့ဖော်ပြမယ့်အကြောင်းအရာကတော့ လက်တွေ့ဘဝမှာပြန်လည်ဖန်တီးတည်ဆောက်ထားကြတဲ့ ကာတွန်းကားတွေထဲက အိမ်တွေဘဲဖြစ်ပါတယ်။
(၁)SpongeBob ရဲ့ အိမ်

SpongeBobဟာ ကမ္ဘာပေါ်ကအရယ်ရဆုံးသောကာတွန်းဇာတ်ကောင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။အပြင်လောကမှာရှိတဲ့ SpongeBob ရဲ့အိမ်ကတော့ဩစတြေးလျနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့Queensland ပြည်နယ်မှာတည်ရှိပါတယ်။ဒီအိမ်ဟာ ကာတွန်းဇာတ်ကားထဲမှ SpongeBob ရဲ့ အပြင်လောကမှ နာနတ်သီးပုံစံ ကမ္ဘာအကြီးဆုံးအိမ်ကြီးလည်းဖြစ်ပါတယ်။SpongeBobရဲ့ နာနတ်သီးအိမ်ကိုတော့ နှစ်စဉ်နှစ်တိုင်းခရီးသွားများစွာလာရောက်လည်ပတ်ကြပြီး ထိုထဲမှာ SpongeBob ရဲ့ Fan တွေလည်းပါဝင်ပါတယ်။သင့်အနေနဲ့ ဒီမြို့ငယ်လေးကိုသွားရောက်လာပတ်မယ်ဆိုပါက မြေမြင်ကနေ၁၆ပေအမြင့်ရှိတဲ့ နာနတ်သီးပုံအိမ်ကိုသတိထားမိမှာဖြစ်ပြီး ထိုအဆောက်အဦးထဲမှာတော့ လက်ဆောင်ပစ္စည်းဆိုင်တွေအပြင်အပေါ်ကိုတက်ဖို့ကြောင်လိမ်လှေကားတစ်ခုလည်းရှိပါတယ်။
(၂) Up ကာတွန်းဇာတ်ကားမှပျံနေတဲ့အိမ်

အကယ်၍သာကျွန်တော်တို့အိမ်ဟာ ယာဉ်တစ်ခုပုံစံနဲ့တည်ဆောက်ခဲ့မယ်ဆိုရင်အလွန်ကိုကြီးကျယ်ခမ်းနားလှတဲ့အရာဖြစ်ပါလိမ့်မယ်။အကယ်၍သာအိမ်တစ်ခုလုံးသာယာဉ်ပျံကြီးဖြစ်ခဲ့မယ်ဆိုရင်သင့်အနေနဲ့လိုအပ်တာတွေအိမ်ထဲကိုအကုန်ယူသွားကာထိုယာဉ်ကိုရပ်တန့်ချင်မှာတောင်မဟုတ်ပါဘူး။စွန့်စားခန်းအမ်နီမေးရှင်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Upရုပ်ရှင်ဇာတ်ကားထဲမှမျက်နှာဆိုးတဲ့အဖိုးအို Carl Fredricksen နဲ့ အမြဲပျော်နေတဲ့ ကျောင်းသားလေး Russell တို့ဟကိုယ်ပိုင်အိမ်နဲ့ဘယ်လိုခရီးသွားရမလဲဆိုတာကျွန်တော်တို့ကိုသင်ပြပေးခဲ့ကြပါတယ်။ဇာတ်ကားထဲမှာတော့အိမ်ကိုလေပေါ်ပျံတက်နိုင်ဖို့အတွက်ဘောလုံးအများစုကိုသုံးပြထားတာဘဲဖြစ်ပါတယ်။ဒီစိတ်ကူးကိုတော့ လူတစ်ယောက်ဟာအကောင်ထည်ဖော်ဖို့ကြိုးစားခဲ့ပါတယ်။သူဟာအိမ်ကိုပေါ့ပါးတဲ့ပစ္စည်းများနဲ့တည်ဆောက်ကာ ၃၀၂.၅အချင်းရှိတဲ့ဘောလုံးများစွာကို ဟီလီယမ်ဓာတ်ငွေ့တွေဖြည့်ကာ လော့အိမ်ဂျလိမြို့ရဲ့ ကောင်ကင်းမှာ ၃ကီလိုမီတာအမြင့်ကနေတစ်နာရီကျော်ကြာပျံသန်းပြပြီး ဂရင်းနစ်မှတ်တမ်းတင်ခဲ့ပါတယ်။
(၃) Barbie’s Dreamhouse

သင့်ရဲ့အိမ်မက်တွေထဲကတစ်ခုဖြစ်နိုင်မယ့် Barbie အရုပ်မလေးရဲ့စံအိမ်ကြီးထဲမှာနေနိုင်မယ့်စိတ်ကူးကတော့တကယ်ဖြစ်လာခဲ့ပါပြီ။ဒီအိမ်ထဲမှာတော့ ရှိုးလျောက်တာတွေ၊ပန်းရောင်အဝတ်တွေဒါဇင်လိုက်လဲဝတ်လို့ရသလို၊ကြီးမားတဲ့အိမ်ယာပေါ်မှာကခုန်ကစားတာတွေအပြင်၊သူငယ်ချင်းတွေနဲ့ပါတီပါလုပ်နိုင်ပါတယ်။ဒီအိမ်ကတော့အမေရိကန်ဖျော်ဖြေရေးစင်တာတစ်ခုဖြစ်ကာMinnesota ပြည်နယ်ကBloomingtonမြို့မှာရှိပြီး အကျယ် ၂၇၉၀ စတုရန်းမီတာမြေကွက်ပေါ်မှာ Barbie အရုပ်မလေးရဲ့အိမ်ကြီးကိုနမူနာယူကာတည်ဆောက်ထားပါတယ်။ဒီအိမ်မက်ထဲကအိမ်ကြီးထဲမှာတော့ အခန်းများစွာတည်ရှိပြီး လသာဆောင်တွေ၊ဓာတ်လှေကားတွေအပြင်ကလေးတွေအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတွေနဲ့ပန်းရောင်မီးဖိုချောင်တွေပါဝင်ပါတယ်။ဒီအိမ်ကြီးကိုဖန်တီးသူတွေဟာ ပန်းရောင်သုတ်ဆေး ၄၅၀လီတာနဲ့ အရောင်အလက်လက်ပေါင်း ၉ကီလိုဂရမ်သုံးကာဖန်တီးခဲ့ကြပါတယ်။
(၄) Snoopy ရဲ့ခွေးအိမ်

ကာတွန်းစာအုပ်မှဇာတ်ကောင်တွေဖြစ်တဲ့ Avanger ဇာတ်ရုပ်တွေကို ဖန်သားပြင်ပေါ်ချပြလိုက်တဲ့အခါမှာတော့ Avanger လက်မှတ်တွေဟာမိနစ်ပိုင်းအတွင်းရောင်းကုန်သွားခဲ့ပါတယ်။ကျွန်တော်တို့အားလုံး Avanger တွေရဲ့အောာင်မြင်မှုတွေကိုမှတ်မိကြမယ်ထင်ပါတယ်။အခုပြောပြမှာကတော့Avanger အကြောင်းတော့မဟုတ်ပါဘူး Snoopyရဲ့အကြောင်းပါ။သူ့ရဲ့စွန့်စားခန်းရုပ်ရှင် peanuts movie ထဲက Charlie Brown ရဲ့ဇာတ်ကောင်ကိုတော့ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ Brown နဲ့ Snooppy ဟာအရမ်းရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ကြပါတယ်။Adam McCarran ဆိုသူဟာ Snoopy ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး သူရဲ့ mccarran အလုပ်ရုံကနေ Snoopy ခွေးအိမ်လေးကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။သူဟာSnoopy ခွေးအိမ်လေးကိုသစ်သားနဲ့တည်ဆောက်ထားတာဖြစ်ပြီးထိုအိမ်လေးနားမှဖြတ်သန်းသွားကြတဲ့ ကလေးများစွာဟာ မိဘတွေကိုဓာတ်ပုံရိုက်ဖို့အကူအညီတောင်းကြပါတယ်။Adams ရဲ့ဖခင်ဟာ Marvel မှာအလုပ်လုပ်သူဖြစ်ပြီး Hulk နဲ့ ပင့်ကူလူသားကို ဒီဇိုင်းဆွဲပေးခဲ့သူဖြစ်ပြီး ဖခင်ရဲ့ အမွေကိုသားဖြစ်သူမှ လက်ဆင့်ကမ်းယူထားတာလည်းဖြစ်ပါတယ်။
(၅) Gome town (ဥစ္စာစောင့်ကလေးရဲ့မြို့)
Kansas ပြည်နယ် overland park မှာရှိတဲ့ သစ်တောတွင်းမှာ ဥစ္စာစောင့်လေးများနဲ့ အခြားမှော်အတတ်နဲ့ဖန်ဆင်းထားတဲ့ သတ္တဝါတွေနေတယ်လို့ပြောစမှတ်ရှိကြပြီးဘယ်သူကမှတော့သူတို့ကိုမမြင်ဘူးပါဘူး။လူတိုင်းကတော့တောအုပ်ထဲမှာရှိတဲ့ ပုံပြင်ထဲကအိမ်တွေကိုသွားရောက်လည်ပတ်နိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထိုသစ်တောရဲ့အလယ်မှာထူးဆန်းစွာဘဲသစ်ပင်အိမ်တွေပေါ်လာခဲ့ပြီး တောအုပ်အနီးမှနေသူတွေကစတင်ကာလူတွေကိုအသိပေးခဲ့ကြပါတယ်။ထိုအချိန်မှာစတင်ကာ မှော်ဆန်ဆန် Gome မြို့လေးဖြစ်လာကာနိုင်ငံခြားသားဧည့်သည်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ထိုလှပသောမြို့လေးကိုမှတ်တမ်းရုပ်ရှင်တစ်ခုပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပြီး ဇာတ်ကောင်တွေကတော့ Robyn Alex နှင့် Kelly ဆိုတဲ့ အမျိုးသမီးသုံးဦးဘဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဟာအချိန်တိုအတွင်းမှာအောင်မြင်မှုများစွာရရှိခဲ့ပြီး ထိုမှော်မြို့လေးဟာလည်း ကမ္ဘာ့လှည့်ခရီးသွားများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။