
ယခုဖေါ်ပြပေးမဲ့ အကြောင်းအရာများအားလုံးသည် ဒူဘိုင်းကလူများအတွက်တော့ အသေးအဖွဲ့ကိစ္စများဖြစ်သော်လည်း ကျွန်ုပ်တို့အတွက်တော့ ကွန်ပျူတာဂရပ်ဖစ် သို့မဟုတ် ဟောလိဝုဒ်ရုပ်ရှင်တွေထဲက အထူးပြုလုပ်ချက်များနှင့်တောင်တူနေပါသေးသည်။
၁။ ကမ္ဘာ့အမြင့်ဆုံး မိုးမျော်တိုက်ကြီးများ
၂။ အရမ်းပူပြင်းတဲ့ ဒူဘိုင်းလိုနေရာမှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံးနှင်းလျောစီးရုံကြီး
၃။ ဒေါ်လာ ၁၀၀၀ တန်အချိုပွဲ
၄။ ငွေထုတ်တဲ့ ATM တောင်မဟုတ် ရွှေထုတ်တဲ့ ATM စက်ပါတဲ့
၅။ ပိုက်ဆံမရှိသူတွေအတွက် အခမဲ့ Food Box
၆။ စက်ရုပ်တွေစီးနင်းတဲ့ ကုလားအုတ်ပြိုင်ပွဲ
၇။ ဒူဘိုင်းမှာဆို ကျားသစ်၊ဂျာဂွါ၊ကျား တွေက အိမ်မွေးတိရိစ္ဆာန်တွေဖြစ်သွားရော
၈။ ကမ္ဘာ့အမြင့်ဆုံး တင်းနစ်ကစားကွင်း
၉။ ကားပတ်စီးရတာများသွားလို့ မမောင်းချင်တော့ရင် ငြီးငွေ့လာရင် ဒီလိုလေးလဲ သယ်သွားလို့ရပါတယ်။
၁၀။ ပင်လယ်ရေအောက်ကငါးတွေကို မွေးထားတဲ့ ငါးကန်နံရံတွေပါတဲ့ ဟိုတယ်
၁၁။ ဖာရာရီ၊လမ်ဘိုဂီနီ၊ဘန်တလေ တို့လို ဟိုက်ပါကားတွေနဲ့ ကင်းလှည့်ကြတဲ့ ရဲများ
၁၂။ King Size ဂျစ်ကား
၁၃။ ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေကား