ပိုးဟပ်နဲ့ဆင်တူပြီး တစ်ပေခန့်ကြီးမားတဲ့ ပင်လယ်ပိုးဟပ်ကြီး

ကြည့်ရတာ မနှစ်မြို့စရာကောင်းလှတဲ့ ပိုးဟပ်မျိုးစိတ်အသစ်တစ်ခုကိုတော့ အိန္ဒိယသမုဒ္ဒရာရဲ့ အောက်ခြေမှာတွေ့ရှိခဲ့ပြီး ၎င်းရဲ့မျက်နှာဟာ ထူးဆန်းလှစွာပဲ Star War ဇာတ်ကားမှ Darth Vader ဇာတ်ကောင်နဲ့ တူနေပါတယ်။

Credit Photo

ခြေထောက် ၁၄ ချောင်းပါတဲ့ ထိုပင်လယ်သတ္တဝါကိုတော့ စင်ကာပူနိုင်ငံမှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့တွေဟာ အင်ဒိုနီးနိုင်ငံဂျာဗားကျွန်းအနောက်ဘက် Bantern ကမ်းရိုးတန်းနားက ရေအောက်ကြမ်းပြင်မှာ လေ့လာမှုတွေ ပြုလုပ်နေစဉ်အတွင်း ရှာတွေ့ခဲ့ကြတာပါ။ ဒီမျိုးစိတ်ကိုတော့ ၂၀၁၈ခုနှစ်ကပထမဆုံးအကြိမ် ရှာတွေ့ခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိမှုအရ သူ့ရဲ့ဦးခေါင်းနဲ့မျက်လုံးများဟာ Star Wars Sith Lord ရဲ့ ဦးထုပ်နဲ့တူနေပါတယ်။

Credit Photo

သို့ပေယ့်လည်း ထိုပင်လယ်သတ္တဝါကို Bathynomus raksasa လို့ အမည်ပေးခဲ့ပါတယ်။ ဒီသုတေသနကိုတော့ စင်ကာပူနိုင်ငံ National University မှ Peter Ng ဖြစ်သူကဦးဆောင်ကာ ရှာဖွေမှုတွေပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူနဲ့သူ့ရဲ့အဖွဲ့ဟာ ထိုဒေသမှာရှိတဲ့ နေရာပေါင်း ၆၃ ခုကို နှစ်ပတ်အကြာ ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။

Credit Photo

သူတို့အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့အစည်းနဲ့ပေါင်းကာ ပင်လယ်ရေနက်ပိုင်းမှ ထောင်ပေါင်များစွာသော နမူနာများကို ယူဆောင်နိုင်ဖို့အတွက် ထိုဒေသတစ်ခုလုံးဟာ အဆင့်မြင့်နည်းပညာသုံးကာ ပိုက်နဲ့ဖမ်းတာတွေနဲ့ သောင်တူးစက်နဲ့တူးဖော်တာတွေပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့လုပ်ငန်းကတော့ အနက်ပေ ၀.၄၉မိုင်(၈၀၀မီတာ)နမူနာတွေကိုသယ်ဆောင်ရတာဖြစ်ပါတယ်။

Credit Photo

ဒါပေမယ့် သူတို့ဟာ နမူနာတစ်ခုကိုတော့ ပင်လယ်ရေအောက်အနက်ပေ ၁.၃မိုင်(၂၁၀၀မီတာ)မှ နမူနာတစ်ခုကိုယူဆောင်ခဲ့ကြပါတယ်။ သူတို့ဟာ သမုဒ္ဒရာရေနက်ပိုင်းမှ ပင်လယ်သတ္တဝါပေါင်း ၁၂၀၀၀ ကိုစုဆောင်းနိုင်ခဲ့ပြီး ထိုအရာတွေထဲမှာတော့ ပုဇွန်လုံးများ၊ ငါးများ၊ ဂျယ်လီငါး၊ ပုဇွန်ထုတ်၊ ရေမြှုပ်၊ ပိုးကောင်များ၊ ကြယ်ငါး၊ ခရုကမာနဲ့ အခြားသတ္တဝါများစွာပါဝင်ပါတယ်။ မတူညီတဲ့ မျိုးစိတ်စုစုပေါင်း ၈၀၀ ကိုတွေ့ရှိခဲ့ကြပြီး ထိုထဲကမှ ၁၂ မျိုးဟာ သိပ္ပံပညာမှာ မှတ်တမ်းတင်ထားခြင်းမရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

Credit Photo

ထိုထဲမှာမှ Bathynomus raksasa (Darth Vader) ပင်လယ်ပိုးဟပ်လို့ခေါ်တဲ့ သတ္တဝါလည်း ပါဝင်ခဲ့ပါတယ်။ ထိုပင်လယ်ပိုးဟပ်သတ္တဝါဟာ အခွံမာတဲ့သတ္တဝါအမျိုးအစားထဲတွင်ပါဝင်ပြီး ကုန်းပေါ်က ပိုးဟပ် သို့မဟုတ် သစ်ဆွေးပိုးနဲ့ပုံစံဆင်တူနေပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျလေ့လာချက်တွေအရ ထိုသတ္တဝါဟာ ဂဏန်း၊ ပုဇွန်မျိုးစိတ်တွေနဲ့ ဆက်ဆက်မှုရှိတယ်လို့သိရပါတယ်။

Credit Photo

ထိုပင်လယ်ပိုးဟပ်တွေဟာ သမုဒ္ဒရာကြမ်းပြင်အောက်မှာနေထိုင်ကြပြီး ထိုရေအောက်ကြမ်းပြင်က သေဆုံးနေတဲ့ အခြားရေနေသတ္တဝါတွေကို ရှာဖွေစားသောက်ကြပါတယ်။ ကုန်းပေါ်မှာရှိတဲ့ ပိုးဟပ်တွေနဲ့တူညီလှတဲ့အချက်တစ်ခုကတော့ သူတို့ဟာ အစာမစားဘဲ ရက်ပေါင်းများစွာ အသက်ရှင်နေနိုင်တာပဲ ဖြစ်ပါတယ်။

Credit Photo

သူတို့တွေဟာ ပုံမှန်အားဖြင့် အရှည် ၁၃လက်မ(၃၃စင်တီမီတာ)လောက်ထိ ကြီးထွားကြပြီး အချို့အကောင်တွေကတော့ အရှည် ၂၀လက်မ(၅၀စင်တီမီတာ)လောက်ထိကြီးထွားကြပါတယ်။ သူတို့ဟာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ အသက်ရှင်နေနိုင်တဲ့ အလွန်ရှားတဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပင်လယ်ကြမ်းပြင်ဟာ အလွန်အေးတဲ့အပူချိန်ရှိကာအလင်းရောင်လည်းမရရှိတာကြောင့် အစားအစာလည်း ရှားပါးလှပါတယ်။ အခုတွေ့ရှိတဲ့ ပင်လယ်ပိုးဟပ်ကတော့ ဒုတိယအကြီးဆုံးဖြစ်ကာ သူထက်ကြီးမားတဲ့ အကောင်ကိုတော့ ‘Bathynomus giganteus’ လို့ အမည်ပေးထားပါတယ်။