
မိမိဘဝရဲ့အခက်အခဲတွေကို အေးအတူပူအမျှအတူတကွရင်ဆိုင်ဖြေရှင်းပြီး တစ်ယောက်အကြောင်းတစ်ယောက်နားလည်ပေးနိုင်မယ့် ဘဝလက်တွဲဖော်ဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရဖို့ဆိုတာ မလွယ်ကူပေမယ့် ပိုင်ဆိုင်ခဲ့ရင်လည်း သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေမှာပါ။

ထိုအတွက်ကြောင့် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူကောင်မလေးကို ဇနီးမယားတစ်ဦးရဲ့အရည်အချင်းတွေနဲ့ ပြည့်မီရဲ့လား ဆိုတာစမ်းသပ်ဖို့ စိတ်ကူးခဲ့ပါတယ်။ ဂီတပညာရှင် VJ a.k.a ဆိုတဲ့သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့အစီစဉ်တစ်ခုကိုပြောပြခဲ့ပြီး ထိုအစီစဉ်ရဲ့စမ်းသပ်မှုကြောင့် တစ်စုံတစ်ယောက်ဟာ နောင်လာမယ့်အနာဂတ်မှာ သူ့အတွက် အမှန်တကယ်သင့်တော်တဲ့ ဇနီးမယားတစ်ယောက်ဖြစ်လာမယ်လို့ဆိုပါတယ်။

သူရဲ့အစီအစဉ်အရ သူဟာရှုပ်ပွနေတဲ့သူ့အိမ်ကို ချစ်သူကောင်မလေးအား ပထမဆုံးအကြိမ်ခေါ်လာခဲ့ပြီး သူ့ရဲ့ချစ်သူကောင်မလေးဟာ အိမ်တစ်ခုလုံးကိုသန့်ရှင်းရေးလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။

ဒါပေမယ့်လို့ သူထင်ထားတာနဲ့ ဆန်ကျင့်ဘက်ရလာဒ်တစ်ခုသာရရှိခဲ့ပြီးတော့ အွန်လိုင်းမှလူအများရဲ့ ပြစ်တင်ဝေဖန်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ ပြီးနောက်မှာတော့ သူ့တွစ်တာမှာ စာတစ်စောင်ရေးတင်ခဲ့ပါတယ်။

“ကျွန်တော်ရဲ့ ကောင်မလေးကိုပထမဆုံးအကြိမ်အနေနဲ့အိမ်ကိုခေါ် လာခဲ့ပါတယ်။ အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် အတော်ကိုစိတ်ပျက်မိသွားပါတယ်။ သူမဟာ မနက်ပိုင်းက အိမ်ကိုရောက်လာခဲ့ကာ ပေနေတဲ့ပန်းကန်တွေကို မဆေးကြောဘဲပြန်သွားခဲ့ပါတယ်။ အချို့သန့်ရှင်းရေးတွေလည်း မလုပ်ခဲ့ပါဘူး။ ဒီအချက်ကြောင့် ဇနီးတစ်ယောက်ရဲ့အရည်ချင်းမပြည့်မီဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ရဲ့စမ်းသပ်မှုမှာ သူမကျရှုံးခဲ့တယ်”လို့ ရေးတင်ခဲ့ပါတယ်။

VJ က သူဟာပျင်းရိတဲ့လူတစ်ယောက်မဟုတ်ကြောင်းလည်း ပြန်ရှင်းပြထားပါတယ်။ သူဟာ တမင်သက်သက်ကို မီးဖိုချောင်အားဖွထားကာ သူ့ချစ်သူကိုခေါ်လာခဲ့တာဖြစ်ပြီး သူ့မသန့်ရှင်းရေးလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။

သူ့ရဲ့စမ်းသပ်မှုတွေကို လူတွေကကြိုက်နှစ်သက်ခြင်းမရှိဘဲ ထိုဂီတပညာရှင်အား ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အချို့တွေကလည်း အရမ်းကိုဒေါသထွက်ခဲ့ကြကာ ဒီအရာလေးတစ်ခုတည်းနဲ့ ဇနီးတစ်ယောက်ရဲ့ အရည်ချင်းမရှိဘူးလို့ မပြောနိုင်ပါဘူး၊ မိန်းကလေးတွေဟာ အမြဲတမ်းသန့်ရှင်းရေးလုပ်နေသူတွေပါလို့ ပြောခဲ့ကြပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )