
လူတွေကြားမှာတော့ လက်ဆောင်ပေးခြင်းဟာ တစ်ယောက်ကိုတစ်ယောက် အလေးအမြတ်ထားခြင်း ကျေးဇူးတရားကိုနားလည်ခြင်းအဖြင့် နားလည်လက်ခံထားပါတယ်။ လက်ဆောင်ပေးခြင်းဟာ လူတွေကြားထဲမှာတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သော်လည်း သင့်ရဲ့ အိမ်မွေး တိရိစ္ဆာန်လေးတစ်ကောင်က ( အထူးသဖြင့် ကြောင် ) သင့်ကိုလက်ဆောင်ပစ္စည်းများ ယူဆောင်လာပေးမယ်ဆိုရင်တော့ စိတ်လှုပ်ရှားမှုအသစ်ကိုခံစားမိစေမှာပါ။ ယခုတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ မိမိသခင်အတွက် လက်ဆောင်ပစ္စည်းလေးတွေယူဆောင်လာတတ်တဲ့ ချစ်စရာကြောင်လေးများအကြောင်းပဲဖြစ်ပါတယ်။
၁။ သူကတော့ ပန်းပွင့်တွေကို အမဲလိုက်ခြင်းမှာ မာစတာဖြစ်တဲ့ Mr. Slash လို့ခေါ်တဲ့ကြောင်လေးပါ။သူကတော့ သူ့ရဲ့ သခင်ကို ညတိုင်းပန်းပွင့်လေးတွေလက်ဆောင်ပေးတတ်ပါတယ်တဲ့။

၂။ အိမ်နီးချင်းအိမ်ကနေ ဝက်အူချောင်းတွေ ခိုးခိုးပြီး လက်ဆောင်လာပေးတတ်တဲ့ ကြောင်

၃။ ဒီကောင်လေးကတော့ ထူးထူးဆန်းဆန်းပါပဲ သူ့အစ်ကိုရဲ့ အမဲလိုက်စကေးကို မနာလိုလို့ သစ်ရွက်တွေကို အမဲလိုက်ပြီး ယူလာပေးတာပါတဲ့။

၄။ ကြောင်အများစုဟာ သူတို့အမဲလိုက်လို့ရလာတဲ့ တိရိစ္ဆာန်လေးတွေကို သူတို့ချစ်ရတဲ့သူတွေအတွက်ယူဆောင်လာတတ်ကြတယ်တဲ့ ဒီကြောင်လေးက ဘာရီးကိုအမဲလိုက်လာတာပါလိမ့်။

၅။ သူလေးယူလာပေးတဲ့ လက်ဆောင်လေးကတော့ ယူချင်စရာကောင်းနေတာတော့ အမှန်ဘဲနော်။

၆။ သူလေးကတော့ နောက်ချေးပိုးနှစ်ကောင်ကို နေ့တိုင်းယူလာပေးတတ်ပါတယ်တဲ့။

၇။ ဒီလိုလက်ဆောင်မျိုးယူလာရင်ရော သင်လက်ခံမှာလား။

၈။ သူမကတော့ သူမကို ဂရုမစိုက်တဲ့ အခါတွေမှာ သူမရဲ့ သခင်ဂရုစိုက်လာအောင် အဲလိုလက်ဆောင်လေးတွေယူဆောင်လာတတ်ပါတယ်။

၉။ ကျွန်တော့်ကြောင်က ၃၈ နှစ်တာကာလအတွင်း ကျနော်တစ်ခါမှမမြင်ဖူးသောအရောင်နဲ့ ပိုးဖလံကို လက်ဆောင်ပေးခဲ့သည်။

၁၀။ သူ့ရဲ့လက်ဆောင်တွေကတော့ အိမ်ထဲမှာ အမှိုက်တွေပွတော့မှာဘဲ။
