
လူငယ်လေးတစ်ဦးဟာညီမဖြစ်သူအားခွေးရဲ့တိုက်ခိုက်တဲ့ရန်ကနေကယ်တင်နိုင်ခဲ့တာကြောင့်သူရဲကောင်းအဖြစ်ဂုဏ်ပြုခံခဲ့ရပါတယ်။ Wyoming ပြည်နယ်Cheyenne မှာ Bridgerလို့အမည်ရတဲ့ခြောက်နှစ်အရွယ်ထိုကောင်လေးဟာညီမဖြစ်သူရဲ့ အနားကိုခွေးရောက်လာချိန်မှာပြေးထွက်လာခဲ့ပြီးသူရဲ့ညီမဖြစ်သူထိခိုက်ဒဏ်ရာတွေမရအောင်ကာကွယ်ရင်းသူ့မှာတော့ဒဏ်ရာတွေရရှိခဲ့ရပါတယ်။

ကောင်လေးရဲ့အဒေါ် Nikki Walker ကထိုအဖြစ်အပျက်နဲ့ Bridgerရဲ့ရဲရင့်လှတဲ့အကြောင်းကို Instagram မှာပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ သူမရေးသားထားတာကတော့ “ကျွန်မရဲ့တူဟာ သူရဲကောင်းတစ်ယောက်ပါ။ဘာလို့ဆိုသူရဲ့ညီမလေးကိုခွေးတိုက်ခိုက်တဲ့ရန်ကနေကယ်တင်ခဲ့လို့ပါ။သူဟာသူ့ညီမလေးဒဏ်ရာတွေမရအောင်ကိုယ်စားဝင်ခံပေးခဲ့တာပါ”လို့ ရေးထားပါတယ်။Nikkiကဘာကြောင့်ဒီလိုလုပ်ခဲ့သလဲလို့ Bridgerကိုမေးတဲ့အခါမှာတော့ “အကယ်၍သာ အဲဒီနေရာမှာ တစ်စုံတစ်ဦးသာသေခဲ့မယ်ဆိုရင်အဲဒီလူကတော့ကျွန်တော်ပါဘဲ၊ ညီမလေးတော့အဖြစ်မခံပါဘူး”လို့ ဖြေခဲ့ပါတယ်။

ကောင်လေးကိုတော့ချက်ချင်းဆိုသလိုဆေးရုံကိုခေါ်သွားခဲ့ရကာယခုအချိန်မှာတော့ကံကောင်းစွာနဲ့ပဲဆေးရုံကနေပြန်ဆင်းလာပြီဖြစ်ပါတယ်။Nikki ရဲ့နောက်ထပ်ပိုစ့်တစ်ခုမှာတော့ “Bridger ဟာခေါင်းနဲ့မျက်နှာကို အချက်ပေါင်းများစွာကိုက်ခံထိပြီးနောက်ညီမဖြစ်သူလက်ကိုဆွဲကာသူ့ညီမလေးလုံခြုံဖို့အတွက်ပြေးထွက်လာခဲ့ပါတယ်။သူဟာကျွမ်းကျင်လှသောပလပ်စတစ်ဆာဂျူရီခွဲစိတ်ဆရာဝန်နဲ့ အချက် ၉၀တိတိချုပ်ခံခဲ့ရပြီးယခုအခါမှာတော့အိမ်မှာအနားယူနေပြီပဲဖြစ်ပါတယ်။\

NikkiဟာMarvelစူပါဟီးရိုးတွေရဲ့အားပေးမှုကိုရရှိစေဖို့ အတွက်သူမရဲ့ ပိုစ့်ကိုဝိုင်းရှယ်ပေးကြဖို့လူအများအပြားကိုတောင်းဆိုခဲ့ပါတယ်။ဂုဏ်ယူစရာအနေနဲ့ အဒေါ်ရဲ့ပိုစ့်ကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Tom Holland,Chris Hemsworth,Robert Downey Jr.,Mark Ruffalo,Chris Pratt,Tom Hiddleston,Chadwick Boseman,Vin Diesel နှင့်Chris Evans တို့က Like ပေးခဲ့ကြပါတယ်။သူတို့တွေအားလုံးကတော့ နာမည်ကြီးကျော်ကြားလှတဲ့Avengers သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။

လူ့အချို့ကတော့သူမကိုBridgerလေးအတွက်အလှူငွေထည့်နိုင်ဖို့ GoFundMe pageထောင်ဖို့ တိုက်တွန်းခဲ့ကြပေမယ့် သူမကတော့ Mission 22သို့မဟုတ်Wounded Warrior Project နဲ့သာတိုက်ရိုက်လှူဒါန်းကြဖို့ ညွန်ကြားခဲ့ပါတယ်။Bridger ဟာဘူမိဗေဒကိုစိတ်ဝင်းစားသူတစ်ယောက်ဖြစ်ပြီးလူတွေအနေနဲ့ Bridgerကိုအားပေးလိုပါကထူးဆန်းတဲ့ကျောက်တုံးပုံတွေပို့ကာကူညီပေးဖို့ Nikki ကတိုက်တွန်းထားပါသေးတယ်။
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )