
အိပ်ထောင်သက်တမ်း 62 နှစ်တိုင်အောင် လက်တွဲခဲ့ကြတဲ့ စုံတွဲတစ်တွဲအား သူနာပြုတစ်ဦးက ဆေးရုံကုတင်ချင်းကပ်လျက် ထားပေးခဲ့ကြပြီးနောက် တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်စကားဆိုခဲ့ကြပါတယ်။ Jhon Wilson အသက်92နှစ်ဟာ ပြီးခဲ့တဲ့မေလကတည်းက ကင်ဆာရောဂါကိုခံစားခဲ့ရပြီး ဘာတန်မြို့မှာရှိတဲ့ Queen’s ဆေးရုံမှာတက်ရောက်နေကာ ဇနီးဖြစ်သူ Marjorie အသက် 88 နှစ်မှာလည်း ထိုဆေးရုံမှာရှိနေခဲ့ပါတယ်။

ဇနီးဖြစ်သူ Marjorie ကိုတော့ သူနာပြုအိမ်ကို ပြန်ပို့ဖို့စီစဉ်ခဲ့ကြပြီးနောက် သူတို့နှစ်ဦးပြန်ဆုံဖို့ မဖြစ်နိုင်တော့တာကိုသိရတဲ့အတွက် သူနာပြုဆရာမ Sister Emma Barker က သူတို့နှစ်ဦးကို ကုတင်ချင်းကပ်လျက်စီစဉ်ပေးခဲ့ပြီး ယောက်နဲ့တစ်ယောက်နှုတ်ဆက်စကားတွေပြောခဲ့ကြပါတယ်။

သူတို့စုံတွဲဟာဆယ်မိနစ်ခန့် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားခဲ့ကြပြီး Emma ဟာ သူတို့ရဲ့မိသားစုတွေကိုပေးဖို့အတွက် ထိုအခိုက်အတန့်ကို ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ Johnကတော့ ဇွန်လ၁၅ရက်နေ့၌သူရဲ့နေအိမ်မှာဘဲ လူ့လောကကိုနှုတ်ဆက်သွားခဲ့ပါတယ်။ Emma က”နှစ်60ကျော်ကြာလက်တွဲလာခဲ့ပြီးမှ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတော့မှာကို ကျွန်မအနေနဲ့ မကြည့်ရက်နိုင်ခဲ့ပါဘူး။”လို့ဆိုပါတယ်။ ဒီဓာတ်ပုံကိုမြင်ရတဲ့အခါမှာတော့ လူတိုင်းဟာ ဝမ်းနည်းငိုကြွေးခဲ့ကြပါတယ်။

ဒီဓာတ်ဟာစိတ်ခံစားချက်ကိုအလွန်ထိခိုက်စေခဲ့ပါတယ်။ဒီဓာတ်ပုံကိုပေးလိုက်တဲ့အခါမှာသူ့မိသားစုဟာအလွန်ဝမ်းသာသွားခဲ့ပါတယ်။သူနာပြုတစ်ဦးဖြစ်ရတဲ့ အကြောင်းပြချက်ဟာလူနာတွေကိုပြုစုဖို့သာမဟုတ်ဘဲဒီလိုမျိုးအချိန်အခါတွေကိုလည်းဂရုစိုက်တတ်ဖို့လိုတာပါ။သားဖြစ်သူကတော့ အဖေတို့နဲ့ပက်သက်တဲ့ အမှတ်ရစရာကတော့ ဓာတ်ပုံတစ်ခုထဲသာမဟုတ်ဘဲ မကွယ်လွန်ခင်အမေနဲ့တွေ့ဆုံခွင့်ရသွားခဲ့တဲ့ အခိုက်အတန့်လေးကိုလည်းအမြဲအမှတ်ရနေမှာပါလို့ဆိုပါတယ်။

သားဖြစ်သူ Kurt ဟာနောက်ဆုံးဓာတ်ပုံကိုရိုက်ကူးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းစာတစ်စောင်ရေးပို့ခဲ့ပြီး ကျွန်တော်တို့ရဲ့ လက်ထဲမှာအဖေကိုငြိမ်းချမ်းသွားသေဆုံးနိုင် အောင် အဖေဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့တဲ့ ဝန်ထမ်းအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။သူက” အဖေနဲ့အမေကိုနောက်ဆုံးအချိန်မှာ အတူတွေ့ခွင့်ရအောင်စီစဉ်ကာဓာတ်ပုံရိုက်ယူပေးခဲ့တဲ့အတွက် Sister Emma ကိုအထူးကျေးဇူးတင်ပါတယ်။”လို့ရေးသားထားပါတယ်။ထပ်ပြောရမယ်ဆိုရင် မင်းတို့အားလုံရဲ့ကျေးဇူးကိုစကားလုံးတွေနဲ့ ဖော်ပြဖို့တောင်မလောက်ပါဘူးလို့ဆိုပါတယ်။