
Mukbang လို့ခေါ်တဲ့အစားအသောက်တွေစားပြတဲ့ Youtuber အလုပ်ဟာ ကမ္ဘာပေါ်ကအကောင်းဆုံးအလုပ်တစ်ခုမဟုတ်ရင်တောင် Mukbang Youtuber များဟာ အောင်မြင်လှတဲ့အနေထားမှာရှိနေကြပါတယ်။ Mukbang ဆိုတာကတော့ အွန်လိုင်းကနေ အစားအသောက်များကိုစားပြတဲ့ ရုပ်သံအစီအစဥ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်မှစပြီး တောင်ကိုးရီးယားမှာ စတင်ခေတ်စားခဲ့ပါတယ်။ Mukbang Youtuber တွေဟာ အရသာရှိလှတဲ့ အစားအသောက်တွေကို အချိန်တိုင်းစားပြနေကာ အဲဒီကနေဝင်ငွေများစွာရှာဖွေလျက်ရှိကြပါတယ်။ အကယ်၍ သင်လည်းသူတို့လို အောင်မြင်မှုထိပ်ဆုံးကို ရောက်ရှိမယ်ဆိုပါက သင်လည်းပဲ များပြားလှတဲ့ဝင်ငွေတွေကို ပိုင်ဆိုင်နိုင်မှာပါ။ဒီဆောင်းပါးမှာတော့ Mukbang Youtuber ၅ဦးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပြီး သင့်အနေနဲ့သူတို့ဝင်ငွေတွေကို သိလိုက်ရတဲ့အခါ အလွန်အံဩရပါလိမ့်မယ်။
(၅)Eat With Boki
နံပါတ်၅နေရာမှာရပ်တည်နေတဲ့ mukbang youtuber channelကတော့Eat With Bokiဘဲဖြစ်ပါတယ်။သူ့ရဲ့ channel မှာတော့ subscriber 4.3သန်းရှိကာပျှမ်းမျှအားဖြင့် သူရဲ့တစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ1.79သိန်း (မြန်မာငွေကျပ်သိန်း၂၄၀၀ကျော်) ရရှိနေပါတယ်။
(၄)Hamzy (햄지)
နောက်ထပ် youtuber တစ်ယောက်ကတော့ Hamzy ဖြစ်ပြီး သူ့ရဲ့ YouTube channelမှာတော့ subscriber 3.52သန်းရှိပါတယ်။သူ့ရဲ့တစ်လတာဝင်ငွေကတော့ အမေရိကန်ဒေါ်လာ2.17သိန်း (မြန်မာငွေကျပ်သိန်း၂၉၀၀ကျော်) ဝင်ငွေရရှိနေပါတယ်။
(၃) Hongyu ASMR (홍유)

တတိယနေရာမှာရပ်တည်နေတဲ့ channel ကတော့ Hongyu ASMR ဘဲဖြစ်ပါတယ်။subscriber ပေါင်း4.44သန်းရှိကာ သူရဲ့တစ်လတာဝင်ငွေကတော့ အမေရိကန်ဒေါ်လာ 3.17သိန်း (မြန်မာငွေကျပ်သိန်း ၄၃၀၀ကျော်) ရရှိနေပါတယ်။
(၂)Jane ASMR (제인)
Jane ASMR မှာတော့ subscriber ပေါင်း 8.46သန်းရှိပါတယ်။သူမဟာလစဉ်လတိုင်း အမေရိကန်ဒေါ်လာ 6.62သိန်း (မြန်မာငွေကျပ်သိန်း၉၀၀၀ကျော်) ကိုရှာဖွေရရှိနေပါတယ်။
( ၁)Dona (도나)
Mukbang youtuber အဖြစ်လုပ်ကိုင်ကာဝင်ငွေရှာနေတဲ့ ထိပ်ဆုံး channelကတော့ Dona ဘဲဖြစ်ပါတယ်။ဒီစာကိုရေးနေတဲ့ပချိန်မှာ သူ့channelမှာတော့ subscriber 4.99သန်းရှိနေပါပြီ။Dona ရဲ့ တစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ 2.37သန်း (မြန်မာငွေကျပ်သိန်း ၃၂၀၀၀ ကျော်) ရရှိနေတာပဲဖြစ်ပါတယ်။
အခုဆိုရင် Mukbang YouTuber တွေသူတို့ရဲ့ ဗီဒီယိုတွေကနေရရှိတဲ့ဝင်ငွေတွေကိုသိပြီးကြပြီထင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ အပျော်တွေမှာအချိန်ဖြုန်းနေတာကိုလျော့ကာ YouTube channel တစ်ခုစတင်ဖို့ကိုအကြံပြုလိုက်ပါတယ်။