
Lina Cirilo နှင့် Laura Gonçales ဟုခေါ်သော အမျိုးသမီးနှစ်ဦး တို့သည် ၂၀၁၃ ခုနှစ်တွင် သူတို့၏ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင်ကာ ဖန်အိုး ဖန်ခွက်များ၊ ပုလင်းများနှင့် အခြားသော ဖန်ပစ္စည်းများထဲတွင် အလွန်သေးငယ်သော လှပသည့်ကမ္ဘာငယ်လေးများကို ဖန်တီးရောင်းချခဲ့ကြပါသည်။ ထိုအလွန်သေးငယ်သောကမ္ဘာများ၌ ရိုးရိုးစခန်းချနေထိုင်သည့်ခရီးစဉ်ပုံစံများမှသည် ဟယ်ရီပေါ်တာနှင့်အခြားလူကြိုက်များသော ရုပ်ရှင်ဇာတ်ကောင်များအထိ ရှုခင်းအမျိုးမျိုး ပုံစံအမျိုးမျိုးရှိပါသည်။ တစ်ခုချင်းစီသည် လက်ဖြင့်ပြုလုပ်သောကြောင့် ၎င်းတို့အားလုံးသည် ကွဲပြားခြားနားပြီး တမူထူးခြားနေပါသည်။ ထိုကမ္ဘာငယ်လေးတွေဟာ သစ်ပင်များကိုနှစ်သက်သူများအတွက်ကြီးမားသောလက်ဆောင်တစ်ခုဖြစ်ပါလိမ့်မည်။ ဤသေးငယ်သော ကမ္ဘာငယ်လေးများသည်လုံးဝနီးပါး ရှင်သန်ရပ်တည်နိုင်သဖြင့်ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်၍ စိတ်ပူစရာမလိုကြောင်း အပူချိန်အပေါ် မူတည်၍ ၁၀-၁၅ ရက်တစ်ကြိမ် ရေလောင်းရန်လိုအပ်ကြောင်း သူတို့၏ ၀က်ဘ်ဆိုက်တွင် ရေးသားထားပါသည်။ Lina Cirilo နှင့် Laura Gonçales တို့ရဲ့အံ့အားသင့်စရာ Hand Made လက်ရာလေးတွေကို ခံစားကြည့်လိုက်ကြပါဦးနော်။
၁။

၂။

၃။

၄။

၅။

၆။

၇။

၈။

၉။

၁၀။

၁၁။

၁၂။

၁၃။

၁၄။

၁၅။

၁၆။

၁၇။

၁၈။

၁၉။

၂၀။

၂၁။

၂၂။

၂၃။

၂၄။

၂၅။
