ဘီလျံနာတစ်ယောက် ဖြစ်လာပါက ဝယ်ယူသင့်တဲ့ အမိုက်စားရွက်လှေ ( 5 ) စီး

ပင်လယ်ပြင်မှာ ရွက်လွင့်ပြီး ခရီးသွားရတာဟာ အလွန်ပျော်စရာကောင်းလှတဲ့ ခရီးတစ်ခုလည်းဖြစ်ပါတယ်။အထူးသဖြင့်သင့်ရဲ့ကိုယ်ပိုင် ရွက်လှေနဲ့ ခရီးထွက်တာကတော့ ပို၍သက်တောင့်သက်သာရှိကာ ပိုပြီးတော့လည်းဇိမ်ရှိစေပါတယ်။ကျွန်ဝော်တို့အားလုံးဟာ ချမ်းသာလွန်းကြတဲ့ ဘီယံနာကြီးတွေမဟုတ်ပေမယ့် ဘယ်လိုမျိုးဇိမ်ခံ အပန်းဖြေရမလဲဆိုတာ‌တော့ ကောင်းကောင်းသိထားဖို့လိုပါတယ်။ အကယ်၍ဘီလီယံနာတွေဖြစ်လာတဲ့အခါ သင့်တို့အနေနဲ့ ဝယ်ယူပိုင်ဆိုင်ထားသင့်တဲ့ ဇိမ်ခံရွက်လှေတွေအကြောင်းကိုတင်ဆက်ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။

(၁)ရွက်လှေ”A”

Credit Photo

ကမ္ဘာ့အကြီးဆုံးရွက်လွင့်သင်္ဘောကြီးတစ်စင်းဖြစ်တဲ့ ရွက်လှေ”A”ကတော့ ဘီလီယံနာသူဌေးကြီး အမ်ဒရီ မယ်နီချန်ကို ကပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဒီ သင်္ဘောရဲ့ နာမည်ကတော့ ပိုင်ရှင်ဖြစ်သူနဲ့ သူ့ရဲ့ဇနီး အလက်စန္ဒားရဲ့ နာမည်အစစကားလုံး A ကိုယူထားတာလည်းဖြစ်ပါတယ်။ဒီ‌ သင်္ဘောကိုပြုလုပ်ရာမှာတော့ ပိုင်ရှင်ဖြစ်သူဟာ ဒေါ်လာသန်း၃၀၀အထက်အသုံးပြုခဲ့ရပြီး နာမည်ကျော်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဖီလစ်ပီ စတာရပ်ရဲ့ လက်ရာဒီဇိုင်းလည်းဖြစ်ပါတယ်။ဒီရွက်လှေကတော့ ၁၂၀မီတာ(ဘောလုံးနဲ့ ဘက်စကတ်ဘော ကွင်းနီးနီး)ရှည်လျားပြီး ရေကူးကန်သုံးခုအထိပါဝင်ပါတယ်။ထိုထဲကရေကန်တစ်ခုရဲ့ အောက်ကြမ်းပြင်ဟာ ဖန်သားနဲ့ပြုလုပ်ထားပြီး သူရဲ့အောက်မှာရှိတဲ့ ဒစ်စကိုတီးလုံးတွေနဲ့ မီးရောင်စုံတွေဟာ ရေကန်ထိကိုတက်လာနေတာကိုတစ်ချိန်ထဲမှာတွေ့နိုင်ပါတယ်။

(၂)Maltese Falcon

Credit Photo

မြန်နှုန်းအားဖြင့်အလွန်မြန်ဆန်လွန်းလှတဲ့ Maltese Falcon ဟာ ၁၉ ရာစုခန့်က ပင်လယ်ဓားပြတွေရဲ့ လှေတွေနဲ့ ဆင်တူပါတယ်။ဒါပေမယ့်လို့ သူမှာကတော့ ခေတ်မီဇိမ်ခံပစ္စည်းတွေက်ုထည့်သွင်းထားပြီး ဒီ သင်္ဘောကိုတော့ လူတစ်ဦးထဲကဘဲ မောင်းနှင်လို့ရပါတယ်။ထို သင်္ဘောရဲ့ ပင်လယ်ပြင်ကိုဖြတ်သန်းသွားလာနေတဲ့ခရီးတစ်လျောက်မှာတော့ နှစ်သက်ပျော်ရွင်စရာတွေနဲ့ အလွန်စွဲမက်စရာကောင်းလှတဲ့ ဖျော်ဖြေမှုများစွာကိုတင်ဆက်ပေးမှာလည်းဖြစ်ပါတယ်။ထို သင်္ဘောပေါ်စီးနှင်လိုက်ပါလာကြတဲ့ ဧည့်သည်များဟာ ရေလွှာလျှော်စီးတာနဲ့ စကူတာစီးတာတွေပြုလုပ်နိုင်သည့်အပြင် ညဘက်မှာ လည်းကုန်းပတ်ပေါ်ကရုပ်ရှင်ရုံမှာ ကော့တေးသောက်ရင်းနဲ့ အပန်းဖြေကြည့်ရှုလို့ရပါသေးတယ်။ဒီလှေနဲ့အပန်းဖြေမယ်ဆိုပါက သင့်အနေနဲ့တစ်ပတ်ကို ဒေါ်လာ၄သိန်းကျသင့်မှာဖြစ်ပါတယ်။

(၃)Street of Monaco

Credit Photo

မိုနာကိုရဲ့ လမ်းမများလို့အမည်ပေးထားတဲ့ ထို သင်္ဘောကတော့စီမံကိန်းတစ်ခုအနေနဲ့ သာရှိသေးပြီး ချမ်းသာတဲ့ လူတစ်တစ်ယောက်ကဒါကို တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပြီး ဇိမ်ခံသင်္ဘောတွေထဲကမှ အထူးခြားဆုံးသင်္ဘောတစ်ခုဆိုလည်းမမှားပါဘူး။ဒီ‌သင်္ဘောတည်ဆောက်မှုအားလုံးအတွက် ကုန်ကျစရိတ်ကတော့ ၁.၁ ဘီလီယံခန့်ကုန်ကျမှာဖြစ်ပါတယ်။ဒီကြီးမားလှတဲ့ သင်္ဘောကြီးပေါ်မှာတော့ မိုနာကိုမြို့မှာ ထင်ရှားကျော်ကြားလှတဲ့ နေရာတွေဖြစ်တဲ့ မွန်တီကားလို့ ကာစီနိုနဲ့ ဖော်မြူလာဝမ်း ကားပြိုင်ကွင်းတွေပါပါဝင်မှာဖြစ်ပြီး ရေပေါ်မှာရွေ့လျားနေတဲ့ မိုနာကိုမြို့ကြီးလိုတောင်ပြောလို့ရပါတယ်။

(၄)Jazz

Credit Photo

လှပလွန်းသင်္ဘော Jazzကတော့ ဇာဟာဟက်ဒစ်မှဒီဇိုင်းထုတ်တည်ဆောက်ထားကာ ပင်လယ်သတ္တဝါတစ်မျိုးနဲ့ ဆင်တူနေပါတယ်။ဒီသင်္ဘောကတော့ avant-garde သင်္ဘောအမျိုးအစားဖြစ်ပြီး ဘီလီယံနာတွေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေကြားမနာလိုမှုတွေကို ယူဆောင်လာပေးမယ့်သင်္ဘောတစ်စင်းလည်းဖြစ်ပါတယ်။

(၅)Tropical Island Paradise

Credit Photo

Tropical Island Paradise သင်္ဘောကဝောာ့ အပူပိုင်းဒေသမှ ကျွန်းငယ်လေးတွေကိုပိုင်ဆိုင် ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ဒီအပူပိုင်းအပန်းဖြေကျွန်း ကို‌တော့ ပင်လယ်ပြင်ပေါ်က သင်သွားချင်တဲ့ ဘယ်နေရာကိုမဆိုသယ်ဆောင်သွားနိုင်ပါတယ်။ထိုသင်္ဘောဟာ အပူပိုင်းဒေသရဲ့အသေးစားရွာငယ်လေးတစ်ခုဖြစ်ကာ အိမ်များနဲ့ အုန်းပင်ထန်းပင်များပါ ပါဝင်ပါတယ်။ပိုင်ရှင်ရဲ့ အခန်းငယ်လေးကတော့ သင်္ဘောပေါ်ကမီးတောင်အတုရဲ့ အထဲမှာတည်ရှိပြီးချော်ရည်ကျတဲ့ပုံစံရေတံခွန်ငယ်လေးက ရေတွေက ရေကန်ထဲကိုစီးကျနေတာကိုတွေ့ရပါတယ်။ဒီသင်္ဘောဟာလည်း ယခုအချိန်မှာစီမံကိန်းတစ်ခုသာရှိသေးပြီး ဒီတည်ဆောက်မှုအပေါ်မှာ လာရောက်ရင်းနှီးမြုပ်နှံတာကိုစောင့်ဆိုင်းနေတာလည်းဖြစ်ပါတယ်။

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန်မေတ္တာရပ်ခံအပ်ပါသည်။ )