အိန္ဒိယနိုင်ငံတွင် မင်္ဂလာပွဲကျင်းပပြီးနောက် သတိုးသားသေဆုံးကာ ( ၉၅ )ဦး Covid-19 ရောဂါကူးဆက်ခဲ့

အိန္ဒိယနိုင်ငံတွင် မင်္ဂလာပွဲကျင်းပခဲ့ပြီးနောက် သတို့သားကွယ်လွန်ကာ မင်္ဂလာပွဲသို့တက်ရောက်လာသော ဧည့်သည်များထဲမှ (၉၅)ဦးမှာ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့ပြီး ထိုသူများရဲ့မိသားစုဝင်များမှာလည်း မင်္ဂလာပွဲကို မတက်ရောက်ခဲ့ပေမယ့် ကိုဗစ်၁၉ ရောဂါလက္ခာတွေ တွေ့ရှိနေရပါတယ်။

Credit Photo

ကျန်းမာရေးဝန်ထမ်းရဲ့ ပြောကြားချက်အရ အသက်၃၀အရွယ်ရှိ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ သတိုးသားဟာ မင်္ဂလာပွဲ မစခင်ကတည်းက သူမှာဖျားနာနေကြောင်း အသိပေးခဲ့ပေမယ့် မိသားစုကတော့ ပါရာစီတမောသောက်ကာ မင်္ဂလာပွဲကိုဆက်လက်ကျင်းပဖို့ တိုက်တွန်းခဲ့ပါတယ်။

Credit Photo

သတို့သားရဲ့သေဆုံးမှုဟာ ကိုဗစ် ၁၉ ရောဂါနှင့် ဆက်ဆက်မှုရှိမရှိ မသိခဲ့ရပေမယ့် မစစ်ဆေးဘဲမီးသင်္ဂြိုလ်ခဲ့ပြီး သတို့သမီးကို စစ်ဆေးတဲ့အခါမှာတော့ ဗိုင်းရပ်ပိုးမတွေ့ရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရတော့ မင်္ဂလာပွဲကိုတက်ရောက်လာကြတဲ့ ဆွေမျိုး၁၅ယောက်ခန့်မှာ ကိုရိုဗိုင်းရပ်ပိုးရှိနေခဲ့ပြီး ထိတွေ့ဆက်ဆံခဲ့သော လူအယောက် ၃၅၀ကိုစစ်ဆေးခဲ့ရာမှာတော့ ၉၅ဦးတွေ့ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

Credit Photo

ထိုသတို့သားဟာ လက်ရှိမှာတော့ နယူးဒေလီမြို့ အနောက်တောင်ဘက်မှာရှိတဲ့ ဂူရူဂရမ်ဒေသမှာနေထိုင်နေကာ မင်္ဂလာဆောင်ဖို့အတွက် မွေးရပ်ဇာတိဖြစ်တဲ့ ဘီဟာပြည်နယ်၊ပါတနာခရိုင်အတွင်းမှာရှိတဲ့ ကျေးလက်ရွာလေးတစ်ရွာသို့ ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ Bussiness Today သတင်းရဲ့ ဖော်ပြချက်မှာတော့ မင်္ဂလာပွဲကိုတက်ရောက်လာကြသူတွေဟာ Social Distance နဲ့ Lockdown စည်းမျည်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိခဲ့ကြောင်းသိရပါတယ်။

Credit Photo

ယခုအခါ မင်္ဂလာဆောင်ပွဲများကို အိန္ဒိယနိုင်ငံမှာ လူ၅၀သာတက်ရောက်ခွင့်ပြုထားပြီး သတို့သားမိသားစုဟာ ထိုစည်းကမ်းတွေကိုမလိုက်နာခဲ့ဘဲ သူတို့ရဲ့ မင်္ဂလာပွဲကို လူ ၃၅၀ ထိအောင် တက်ရောက်ခဲ့ကြပါတယ်။ဒေသခံစီးပွားရေးသမားတစ်ဦးဖြစ်သူ Rampravesh Rai ရဲ့ ပြောကြားချက်မှာတော့ သတို့သားရဲ့အဖေဟာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကောလိပ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်များစွာကိုလည်း မင်္ဂလာဆောင်သို့ဖိတ်ခေါ်ခဲ့ကြောင်းသိရပါတယ်။

Credit Photo

သတို့သားသေဆုံးတဲ့ သတင်းဟာ ရွာသားတွေကြားမှာ လျင်မြန်စွာပြန့်ပျံ့သွားပြီး ရွာထဲမှာလည်း ယာယီစမ်းသပ်ရေးစခန်းတစ်ခု တည်ဆောက်ထားရတယ်လို့သိရပါတယ်။စမ်းသပ်စခန်းမှ Dr Abha Kumari ရဲ့ က”မင်္ဂလာပွဲကို တက်ရောက်ခဲ့သူများ နဲ့ သူတို့နဲ့အကြောင်းကြောင်းကြောင့် ဆက်နွယ်နေသူများဟာ စမ်းသပ်စခန်းသို့လာကာ အစစ်ဆေးခံပေးနေကြတယ်”လို့ဆိုပါတယ်။ဒေါက်တာမှာ သတို့သားအိမ်ကိုသွားရောက်စစ်ဆေးတဲ့အခါမှာတော့ သတို့သားဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ရတာဖြစ်ကြောင်း မိသားစုဝင်များကပြောကြားခဲ့ပါတယ်။

Credit Photo

သတို့သားရဲ့မိသားစုဝင်များဟာ ကိုရိုနာဗိုင်းရပ်ပျံ့နှံ့စေမှုနဲ့ ရွာသားတွေရဲ့ ပြစ်တင်ရှုတ်ချခံရမှာ စိုးသောကြောင့် မြို့ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ယခုအချိန်မှာတော့ ဒီအမှုကို အသေအချာစုံစမ်းစစ်ဆေးဖို့ ခရိုင်တရားသူကြီးမှ အမိန့်ချမှတ်ထားကြောင်းသိရပါတယ်။

Credit Photo

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်လွတ်လပ်စွာ ကူးယူဖေါ်ပြခွင့်ရှိပါတယ်ခင်ဗျ။ သို့ပေမဲ့ ဘာသာပြန်သူကိုလေးစားမှုအနေနဲ့တော့ Credit ( Credit Beesoprtnews ) လေးတော့ပေးစေချင်ပါတယ်ခင်ဗျ။ )