
ကျွန်ုပ်တို့ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာသွင်ပြင်ဟာ စဉ်ဆက်မပြတ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ တစ်ချို့အရာတွေက လူတွေကြောင့်ပြောင်းလဲနေသလို တစ်ချို့အရာတွေကလဲ ငလျင်၊မုန်းတိုင်းဒဏ်စတဲ့ သဘာဝအလျောက်လဲဖြစ်ပေါ်တတ်ပါတယ်။ သို့သော် ကမ္ဘာကြီးရဲ့ အချို့သောအစိတ်အပိုင်းတွေဟာ နှစ်သန်းပေါင်းများစွာတိုင်အောင် မပျက်မစီးဘဲရှိနေပါသေးတယ်။ ကမ္ဘာကြီးရဲ့ တစ်ချို့သောအစိတ်အပိုင်းများဟာ သိပ္ပံပညာရှင်များကိုယ်တိုင်အဖြေမထုတ်နိုင်ကြသေးပါဘူး။ ယခုတင်ဆက်ပေးချင်တာကတော့ မသေခင် တစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်သော ကမ္ဘာပေါ်က သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ထူးခြားတဲ့ နေရာများအကြောင်းဖြစ်ပါတယ်။
၁။ တိုင်ဇီတောင်များ ( တရုတ် )

ထူးခြားလှတဲ့ အဲဒီတောင်ဟာ ကမ္ဘာကျော် “Avatar.” ရုပ်ရှင်ကားထဲတွင် ပါဝင်ခဲ့ဖူးပါတယ်။ တိုင်ဇီတောင် ဟာလွန်ခဲ့သော နှစ်သန်းပေါင်း ၃၈၀ ခန့်က ရေအောက်တွင်ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး ရေတိုက်စားမှုကြောင့် သဲကျောက်များ၊ထုံးကျောက်များ၊အရေပျော်သွားပြီးနောက် ဒဏ်ခံနိုင်တဲ့ ကျောက်အမာများသာကျန်ရှိနေခဲ့တာဖြစ်ပါတယ်။ တိုင်ဇီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ တွင်တည်ရှိနေတာပါ။

၂။ အာတိတ်ရေခဲပြင်မှ Sentinels ( ဖင်လန် )

Sentinels ဆိုတာက ဆီးနှင်းများ၊ရေခဲများဖုံးနေတဲ့နေတဲ့ ဧရာမသစ်ပင်များလို့ဆိုလိုတာဖြစ်ပါတယ်၊ ထိုဒေသဟာ ဆောင်းရာသီတွင်အပူချိန် -40 မှ -15 ဒီဂရီစင်တီဂရိတ်အထိရှိတတ်တာကြောင့် လုံလုံခြုံခြုံဝတ်စားသွားဖိုတော့လိုပါတယ်။
၃။ Reed Flute ဂူ ( တရုတ် )

မီတာ ၂၄၀ ရှည်သော Reed Flute ဂူဟာနှစ်ပေါင်း ၁၂၀၀ ကျော်အတွင်းတရုတ်ပြည်၏ လူကြိုက်အများဆုံး ဆွဲဆောင်မှုအရှိဆုံးဂူတစ်ခုဖြစ်သည်။ လှပသော ကျောက်ဆက်ပန်းဆွဲများ၊ကျောက်တိုင်များ၊ဂူတွင်းရေအိုင်များရှိပါတယ်။ယနေ့ခေတ်တွင်အရောင်အသွေးစုံလင်သော မီးရောင်များဖြင့် မီးထိုးပြထားပါသည်။

၄။ Skaftafell ရေခဲဂူ ( အိုက်စလန် )

ဒီရေခဲဂူတွေကတော့ ဆောင်းတွင်းအခါမှာသာဖြစ်ပေါ်ပြီး ယာယီသာဖြစ်တည်နေတာပါ။ နွေအခါမှာတော့ အရည်ပျော်ကာ ရေခဲမြစ်အဖြစ်နဲ့စီးဆင်းသွားတတ်ပါတယ်။အလွန်အေးတဲ့ ရာသီတွင် ရေခဲအသားဟာ မာကျစ်နေကာ အပြင်မှ အလင်းကိုစုပ်ယူပြီး အပြာရောင်အလင်းများအဖြစ် ဂူအတွင်းထွန်းလင်းပေးထားတာကြောင့် အလွန်လှပနေတာပါ။
၅။ သေမင်းချိုင့်ဝှမ်း ( နမ်မီးဘီးယား )

ဒီအပုံက ပန်းချီကားတစ်ချပ်မဟုတ်ပါဘူး။ နမ်မီးဘီးယားမှ ကမ္ဘာ့အပူပြင်းဆုံး ကန္တာရတစ်ခုဖြစ်ပြီး တစ်ချိန်ကတော့ အလွန်စိမ်းလန်းတဲ့ တောအုပ်များရှိဖူးပါတယ်။

၆။ Turquoise Ice, ဘိုင်ကယ်ရေကန် ( ရုရှား )

ဘိုင်ကယ် ရေကန်သည်ကမ္ဘာပေါ်တွင် ရှေးအကျဆုံးရေချိုအိုင်ဖြစ်သည်။ ဆောင်းရာသီတွင်ရေကန်သည် အေးခဲသွားသော်လည်းရေသည်အလွန်ကြည်လင်သောကြောင့်ပေ ၁၃၀ အနက်ထိအောက်ခြေထိ ကြည်လင်စွာတွေ့နိုင်သည်။ မတ်လတွင်နှင်းခဲနှင့်နေတို့သည် ရေခဲမျက်နှာပြင်အက်ကြောင်းများဖြစ်ပေါ်စေပြီး မျက်နှာပြင်တွင်စိမ်းနေသည့် ရေခဲတုံးများဖြစ်ပေါ်စေသည်။
၇။ ဆိုကိုထရာကျွန်း ( ယီမင် )

ဒီကျွန်းကတော့ သူ့မှာပေါက်နေတဲ့ ထူးခြားတဲ့အပင်တွေကြောင့် ထင်ရှားနေခဲ့တာပါ။ ထိုကျွန်းပေါ်မှာပေါက်သော အပင်များရဲ့ ၃ပုံ၁ပုံဟာ ကမ္ဘာပေါ်က မည်သည့်ဒေသတွင်မှာမှ မရှိပါဘူး။

၈။ သက်တန့်တောင်တန်း ( ဂန်ဆု, တရုတ် )

ဤရောင်စုံတောင်တန်းများသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၂၄ သန်းကျော်မှ အနီရောင်သဲကျောက်နှင့်တွင်းထွက်သဘာဝပစ္စည်းများကြောင့်ဖြစ်ပေါ်လာသည်ဟုဆိုပါတယ်။ ထို့နောက်လေနှင့်မိုးသည်ကျောက်ဆောင်ထဲသို့အံ့သြဖွယ်ကောင်းသောပုံစံများကိုထွင်းထုကာသဘာဝဂူများ၊ မြစ်များ၊ ချိုင့်ဝှမ်းများနှင့်ရေတံခွန်များကိုဖွဲ့စည်းခဲ့သည်။
၉။ Pamukkale သဘာဝရေပူစမ်း ( တူရကီ )

Pamukkale သဘာဝရေပူစမ်းဟာ တူရကီနိုင်ငံမှာတည်ရှိပြီး လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်၊ ရုတ်တရက်ကြည့်လိုက်ရင် ရေခဲရေကန်များလို့ထင်စရာရှိပေမဲ့ ဒါဟာထုံးကျောက်များဖြင့်ဖွဲ့စည်းထားတာပါ။ ထိုရေပူစမ်းဟာ တူရကီနိုင်ငံတွင် တစ်နှစ်ပါတ်လုံး ရေကူးသူမပြတ်တဲ့နေရာဖြစ်ပါတယ်။

၁၀။ Caño Cristales မြစ် ( ကိုလံဘီယာ )

များပြားလှစွာသော တိရစ္ဆာန်များနှင့်သစ်ပင်ပန်းမာန်များ ပေါက်ရာက်နေထိုင် ရာနေရာဖြစ်သော ဤစီးဆင်းနေသောမြစ်သည် နေ့စဉ် အဝါရောင်၊ အစိမ်းရောင်၊ အပြာ၊ အနက်ရောင်နှင့်အနီရောင်တို့ ပြောင်းလဲနေတတ်ပါတယ်။ဤမြစ်တွင်ရှိသောကျောက်တုံးများသည်နှစ်ပေါင်း ၁.၂ ဘီလီယံခန့်သက်တမ်းရှိပြီး ကမ္ဘာလှည့်ခရီးသွားများက ၎င်းမြစ်ကိုကမ္ဘာ့အလှဆုံးမြစ်ဟုသတ်မှတ်ထားကြပါတယ်။
