
ထိုအမျိုးသမီးရဲ့ အမေဖြစ်သူ Tatyana Bushueva ရဲ့ ဖော်ပြချက်အရ “သူမကိုကမ္ဘာကြီးပေါ်ကနေကယ်တင်ဖို့ ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။သမီးဖြစ်သူ Nadezhda Bushueva သည် အခုချိန်မှာတော့ အသက် ၄၂နှစ်ရှိပြီဖြစ်ကာ အမေဖြစ်သူ ဆေးရုံတင်ရမယ့် အခြေအနေကြောင့် အိမ်ကနေ ပထမဦးဆုံးအကြိမ်ထွက်လာခဲ့တာဖြစ်ပြီး ဆေးရုံဆိုတာ ဘာလဲဆိုတာတောင် သူမမသိခဲ့ပါဘူး။

ထိုသားအမိနှစ်ဦးဟာ အိမ်ထဲမှာ ကြောင်များစွာနဲ့ အတူနေထိုင်ခဲ့ကြတာဖြစ်ပြီး ရေနဲ့ လျှပ်စစ်မီးတွေမရရှိခဲ့တာကြောင့် သူမတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်မှ စကာ ရေချိုးသန့်စင်တာမျိုးတွေ မလုပ်ခဲ့ရဘူးလို့ဆိုပါတယ်။ဒါအပြင်ကို ၂၆နှစ်လုံးလုံး ဆံပင်ညှပ်ခြင်း မရှိတာကြောင့် သူမရဲ့ ဆံပင်တွေဟာ ရှည်လျားလုံးထွေးနေပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့တွေ့မှ ညှပ်ခဲ့ရပါတယ်။

ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှတဲ့ ထိုအဖြစ်အပျက်ကတော့ ရုရှားနိုင်ငံအနောက်ပိုင်း Nizhny Novgorod ဒေသရှိ Vachsky ခရိုင်၊ Arefinsky ရွာတွင်ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ Nadezdha ရဲ့ ရှင်းပြချက်အရ သူမနဲ့ သူမရဲ့ အမေဟာ အိပ်ယာတစ်ခုထဲအတူတူအိပ်ကာနေထိုင်ကြတာဖြစ်ပြီး အိမ်တစ်ခုလုံးမှာလည်း ကြွက်သေကြောင်သေတွေနဲ့ ပြည့်နေကာ ထိုတိရစ္ဆာန်ရဲ့ အလောင်းတွေကိုလည်းဖယ်ရှားခြင်းမပြုဘူးလို့ သိရပါတယ်။

ဆက်လက်ပြီး သူမက”ကျွန်မရဲ့ ဘဝဟာ ကြောင်တွေရဲ့ ဘဝထက်ကို အများကြီးဆိုးပါတယ်။ကြောင်တွေမှာ အပြင်ထွက်ဖို့အခွင့်အရေးအများကြီး ရှိပေမယ့် ကျွန်မကတော့ လုံးဝမရှိခဲ့ပါဘူး၊ကျွန်မဘဝဟာအသက်ရှင်နေပေမယ့် သေနေရသလိုပါဘဲ။ “လို့ဆိုပါတယ်။

အမေဖြစ်သူ Tatyana မှာ အငြိမ်းစားယူပြီးနောက် သူမနဲ့ သမီးဖြစ်သူ Nadezdha ဟာ ဆိတ်ညိမ်တိတ်ဆိတ်လှတဲ့ ဘဝပုံစံနဲ့ နေထိုင်ခဲ့ကြပြီး လူမှုအဖွဲ့အစည်းနဲ့ အခြားသူများရဲ့ အကူအညီတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ Tatyana ဟာ အစပိုင်းမှာတော့ သမီးဖြစ်သူအား အသက်၁၆နှစ်အရွယ်အထိ အိမ်အပြင်ထွက်ခွင့်ပြုခဲ့သော်လည်း အသက် ၁၆နှစ်မှစကာ အိမ်မှ ထွက်ခွာခွင့်မပြုတော့ဘဲပိတ်ပင်တားဆီးခဲ့ပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သူမဟာ သမီးဖြစ်သူအား ပညာကိုလည်း ဆက်သင်ခွင့် မပြုတော့သလို အလုပ်လည်းလုပ်ခွင့်မပေးဘူးလို့ဆိုပါတယ်။အမေဖြစ်သူဆေးရုံတက်ရတဲ့ အချိန်မှာသာ သူမဟာ ဒေသဆိုင်ရာ ကောင်စီ ခေါင်း ဆောင် Tovarnov ဆိုသူနဲ့ စကားပြောဆိုခွင့် ရခဲ့ပြီး သူမရဲ့ အဖြစ်အပျက်တွေအား ရှော့ရသွားခဲ့ရပါတယ်။သူမဟာအခုချိန်မှာ ဘဝအတွက် ပြောင်းလဲမှုတွေများစွာပြုလုပ်ရမှာကိုကြောက်ရွံ့နေပြီးကမ္ဘာကြီးက ဘယ်လိုအခြေအနေတွေရှိနေတာကို နားမလည်နိုင်မှာ စိုးရိမ်နေပါတယ်။ ပြင်ပကမ္ဘာကိုကြောက်ရွံနေတာကြောင့် အမေဖြစ်သူတတ်ရောက်နေတဲ့ ဆေးရုံအားသူမကိုမသွားရန် တားမြစ်ခဲ့ရပါတယ်။

Reff; Unilad.
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် မေတ္တာရပ်ခံအပ်ပါသည်။ )