လူ့ရဲ့ သွေးကို ခြင်တွေစုပ်ယူတာ ခွင့်ပြုပေးသင့်ကြောင်း ပြောဆိုလိုက်တဲ့ တိရစ္ဆာန်အရေးလှုပ်ရှားသူတစ်ဦး

တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတစ်ဦးရဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်တစ်ခုကြောင့် လူအများရဲ့ ဝေဖန် စောင့်ကြည့်ခြင်းကိုခံနေရပါတယ်။ပြင်သစ် ရေဒီယို နဲ့ တီဗီအစီစဉ်ရဲ့ ဖော်ပြချက်အရ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ Aymeric Caron ဟာ ကျနော်တို့ကို ခြင်ကိုက်နေတဲ့ အချိန်မှာ မသတ်သင့်ကြောင်းနဲ့ သူတို့ကို သွေးစုပ်ခွင့်ပြုသင့်ကြောင်းပြောကြားခဲ့ပါတယ်။ထိုသူဟာ ၁၉၉၀ ခုနှစ် မှစကာ တိရစ္ဆာန် အခွင့်အရေးလှုပ်ရှားမှုတွေနဲ့ သတ်သတ်လွတ်စားခြင်းကို လုပ်ကိုင်ခဲ့တာဖြစ်တာဖြစ်ပါတယ်။

Credit Photo

Caron က လူတွေဟာ ခြင်တွေကို ပြင်းထန်စွာရိုက်တတ်ကြပြီး ခြင်တွေအတွက်တော့ လူတွေက အန္တာရယ်များလှတဲ့ နေရာတစ်ခုလိုဖြစ်နေပါတယ်။အာဖရိကမှာဆိုရင် ငှက်ဖျားရောဂါတွေများစွာဖြစ်ပွားလျက်ရှိပေမယ့် ခြင်တွေရဲ့ ဆာလောင်နေမှုကိုတော့ ဖြည့်ဆည်းသင့်တယ်လို့ ဆိုပါတယ်။ Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက်၄၇ နှစ်အရွယ် ဂျာနယ်လစ် တစ်ဦး က ခြင်တွေကိုရိုက်သတ်တာဟာ ဆိုးရွားလှတဲ့ အကြံတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

Credit Photo

ခြင်ကိုမုန်းတဲ့ လူတစ်ဖြစ်နေပါက သဘာဝထွက်ပစ္စည်းတွေဖြစ်တဲ့ မွှေးကြိုင်တဲ့အဆီတွေ၊ကြက်သွန်ဖြူနဲ့ လာဗင်ဒါ အဆီတွေကိုအသုံးပြုကာ နှိပ်နင်းသင့်တယ်လို့ အကြံပြုထားပါတယ်။ Caron ဟာ တိရစ္ဆာန်တွေသာတူညီမျှတဲ့ အခွင့်ရေးခံစားတဲ့ အဖွဲ့မှာဦးဆောင်နေပြီး Toni Verneli က Caron ရဲ့ ဖော်ပြချက်တွေဟာ တိရစ္ဆာန်တွေ အတွက် အကျိုးရှိစေတဲ့ အချက်တဲ့ ဆက်စပ်မှုမရှိဘူးလို့ဆိုပါတယ်။

Credit Photo

သူက ဒီအချက်တွေဟာ တိရစ္ဆာန်တွေ အမှန်တကယ်အခွင့်အရေးရရှိနိုင်ရေးဆိုတဲ့ အချက် ကွဲပြားနေတယ်လို့ ထင်ပါတယ်တယ်လို့ ဆိုပါတယ်။အမှန်တကယ်တော့ ကျွန်တော်တို့ဟာ လူတွေကို အသားလျော့စားခိုင်းတာတွေ တိရစ္ဆာန်ထွက် ပစ္စည်းတွေသုံးတာနဲ့ တိရစ္ဆာန်မှ ရတဲ့ အဝတ်အစားသုံးတာတွေကို လျော့နိုင်ဖို့လုပ်ဆောင်တာက ပိုမိုထိရောက်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ Independent နဲ့ အင်တာဗျူးမှာ Toni Verneli ကပြောဆိုထားပါတယ်။

Credit Photo

ဒါပေမယ့် ကမ္ဘာကျန်းမားရေးအဖွဲ့ကြီးကတော့ ခြင်တွေဟာ လူ့အသက်ကိုသေစေနိုင်တဲ့ တိရစ္ဆာန် တစ်မျိုးဖြစ်ကြောင်း တရားဝင် ဝက်ဆိုဒ်မှာသတိပေးထားပြီး ခြင်တွေဟာရောဂါတွေကို သယ်ဆောင် ပျံနှံစေတာကြောင့် နှစ်စဉ် သန်းနဲ့ ချီတဲ့ လူတွေ ကမ္ဘာမှာသေဆုံးနေရပါတယ်။အချို့အန္တရယ်ရှိတဲ့ ခြင်တွေဟာ တုပ်ကွေးရောဂါ၊ဇီကာဗိုင်းရပ်၊ငှက်ဖျားရောဂါနဲ့ အခြားရောဂါအများအပြားကိုသယ်ဆောင်လာတာလည်းဖြစ်ပါတယ်။

Reff; Elite Reader.