
တိရိစ္ဆာန်အရေးလှုပ်ရှား သူများရဲ့ ပြောကြားချက်အရ ငန်းတစ်ကောင်ဟာ သူ့မရဲ့ အသိုက်ပျက်စီးခံရပြီး ဥမပေါက်သေးတဲ့ ငန်းလေး တွေပါ သေဆုံးခဲ့တာကြောင့် ရင်ကွဲနာကျပြီး သေပွဲဝင်ခဲ့ရတယ်လို့ဆိုပါတယ်။

ထိုငန်းရဲ့အသိုက်ကတော့ ဘော်တွန်မှာရှိတဲ့ မန်ချက်စတာတူးမြောင်းတစ်လျောက်မှာ တည်ရှိတာဖြစ်ပြီး ထိုအသိုက်ထဲမှာတော့ မမွေးဖွားသေးတဲ့ ငန်းဥတွေပါရှိနေခဲ့တာပါ။ မန်ချက်စတာညနေခင်းသတင်းရဲ့ ဖော်ပြချက်အရ kearsley ဒေသမှာရှိတဲ့ ထိုငန်းရဲ့ အသိုက်အား ငန်းမိခင်ကြီး မရှိတဲ့အချိန်မှာ လူငယ်တစ်စုက အုတ်ခဲကျောက်ခဲများဖြင့် ပေါက်ကာ ဖျက်ဆီးခဲ့ကြတယ်လို့သိရပါတယ်။

ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ငန်းဥခြောက်လုံးမှ သုံးဥသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ တိရစ္ဆာန်လှုပ်ရှားသူများကတော့ထိုငန်းရဲ့အသိုက်ကိုစောင့်ကြည့်နေခဲ့ပြီး ငန်းအထီးကတော့ လွန်ခဲ့တဲ့နှစ်ပတ်ကတည်းက ထွက်သွားခဲ့တာကြောင့် ထိုဖြစ်ရပ်ဆိုးရဲ့ဖိအားတွေကိုတော့ မခံစားရတော့ပါဘူး။

ထိုငန်းဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဥတွေကိုဆုံးရှုံးခဲ့ပြီး တစ်လုံးသာ အကောင်းတိုင်းကျန်ခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်အစောပိုင်းမှာတော့ တိရစ္ဆာန်လှုပ်ရှားသူတွေဟာ သူ့ရဲ့အသိုက်တွင်းမှာ သေဆုံးနေတဲ့ ငန်းမ ကိုတွေ့ခဲ့ရပါတယ်။

သူမဟာ ရင်ကွဲနာကျကာသေဆုံးခဲ့ရတယ်လို့ ထင်ရပြီး သူ့မရဲ့ ဥတွေလည်းဖျက်ဆီးခံရကာ သူ့ရဲ့ လက်တွဲဖော်မှာလည်း သူ့အနားကထွက်သွားတာကြောင့် ရင်ကွဲနာကျခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။