ကြောင်ကလေးတွေကို အမွေတစ်ဝက်စီပေးထားတဲ့ မျက်နှာတစ်ခြမ်းစီမှာ အရောင်တစ်မျိုးစီရှိတဲ့ကြောင်

Credit Photo

မျက်နှာမှာအရောင်နှစ်မျိုးရှိနေတဲ့ ချစ်စရာကြောင်းကလေးဟာ သူ့မျက်နှာက အရောင်တစ်မျိုးဆီနဲ့ ကလေးနှစ်ကောင် မွေးဖွားထားပါတယ်။ နာနီယာ လို့ ခေါ်တဲ့ ထိုကြောင်လေးဟာ ထူးခြားတဲ့ရှားပါးမျိုးစိတ်တစ်ခုဖြစ်ကာ သူရဲ့မျက်နှာမှာတော့ အလယ်ကနေ အရောင်နှစ်မျိုးကို ခွဲထားတာတွေ့ရပါတယ်။

Credit Photo

သူ့ရဲ့ မျက်နှာဟာ သင်္ချာနည်းအရ အသေအချာခွဲခြားထားတာလားလို့ ထင်ရလောက်အောင် အံ့ဩစရာကောင်းလှပါတယ်။ နာနီယာ ရဲ့မျက်နှာအသွင်ပြင်နဲ့ ပက်သက်လို့အတိအကျမှန်းဆလို့မရပေမယ့် ဒီအချက်ဟာ chimerism လို့ခေါ်တဲ့ မျိုးရိုးဗီဇကွဲလွဲမှုတစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

Credit Photo

ဒါပေမယ့် သူရဲ့ ပိုင်ရှင် Stephanie Jiminez က စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် သူ့ရဲ့ကြောင်ဟာ chimerism မဟုတ်ကြောင်း ပြောကြားခဲ့တာကြောင့် အရမ်းကို အံဩစရာဖြစ်ခဲ့ရပါတယ်။ နာနီယာဟာ ချစ်စဖွယ်ကောင်းလှတဲ့ ကြောင်ပေါက်လေးနှစ်ကောင်ကိုမွေးဖွားခဲ့ပြီး တစ်ကောင်မှာမီးခိုးရောင်နဲ့ နောက်တစ်ကောင်မှာ အမဲရောင်ဖြစ်ကာ သူ့ရဲ့မျက်နှာက အရောင်တစ်‌ရောင်ချင်းဆီနဲ့ မွေးခဲ့ပါတယ်။

Credit Photo

အသက် ၃၄နှစ်အရွယ် ပိုင်ရှင် Jiminez ဟာ ပရော်ဖက်ရှင်နယ် ကြောင်မျိုးစပ်သူတစ်ခုဖြစ်ပါတယ်။ သူမရဲ့ပြောပြချက်အရ “မျိုးရိုးဗီဇပညာရှင်တစ်ဦးဟာ နာနီယာကိုစမ်းသပ်မှုတွေပြုလုပ်ခဲ့အခါမှာတော့ DNA တစ်မျိုးသာတွေ့ရှိခဲ့တာကြောင့် သိပ္ပံပညာအတွက် ခေါင်းစားစရာဖြစ်ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Credit Photo

ဆက်လက်ပြီး သူမက ” နာနီယာ ကိုမွေးလာတော့ ကျွန်မအရမ်းအံ့ဩသွားတယ်။ ဘာလို့ဆို နာနီယာဟာ အမဲရောင် နဲ့ မီးခိုးရောင် မျက်နှာ နဲ့ မွေးလာခဲ့ပြီး အရမ်းလည်းရှားတယ်လေ။ ပုံမှန်အားဖြင့် ကြောင်တွေက အနက်ရောင် မီးခိုးရောင် နှစ်မျိုးစပ် မမွေးကြဘူးလေ “လို့ ပြောဆိုခဲ့ပါတယ်။

Credit Photo

နာနီယာရဲ့ မူလဇစ်မြစ် ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှဖြစ်ပြီး ယခုအခါမှာတော့ ပိုင်ရှင်နဲ့အတူ ဗြိတိန် မှာနေထိုင်နေပါတယ်။ နာနီယာရဲ့ အရောင် ဟာ ဘယ်လိုမျိုးရိုးဗီဇတွေ ဘာအကြောင်းတွေကြောင့် ဖြစ်လာတာလဲဆိုတာ နားမလည် နိုင်ပေမယ့်လို့ သူ့ရဲ့ ထူးခြားတဲ့ မျိုးရိုးဗီဇကြောင့် ချစ်စရာ ကြောင်လေးဖြစ်နေတာတော့ အမှန်ပါ။

Credit Photo