
အိန္ဒိယနိုင်ငံတွင် အိမ်ပန်းခြံတစ်ခုမှ Gym ပစ္စည်းတစ်ခုဟာ ညနက်အချိန်မှာ သူ့ဘာသာလှုပ်ရှားနေတာကြောင့်ဒေသခံ ပြည်သူများက အိန္ဒိယရဲတပ်ဖွဲ့ ကိုအကြောင်းကြားကာခေါ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Uttar Pradesh ပြည်နယ် Jhansi ရှိ Kashiram ပန်းခြံမှတာဝန် ရှိသူများဟာ ဇွန်လ၁၁ရက်နေ့ကတည်းက ထိုစက်ဟာမည်သူမျှအသုံးပြုထားခြင်းမရှိဘဲ သူ့ဘာသာလှုပ်ရှားနေတာကိုတွေ့ ရှိခဲ့ကြပါတယ်။ သူတို့ကတော့ ဒါကိုသရဲတစ်ဦးလေ့ကျင့်ခန်းလာလုပ်နေတာထက် စနောက်ချင်သူတစ်ဦးမှ အမဲဆီသုံးကာစက်ကိုလည်ပတ်နိုင်အောင် ပြုလုပ်သွားတယ်လို့ထင်ကြပါတယ်။
ဒီဗီဒီယိုရဲ့ အစမှာတော့ စက်ဟာမြန်မြန်ဆန်ဆန်နဲ့လှုပ်ရှားနေပြီး ဆူညံသံများလည်းထွက်ပေါ်နေကာ ဘေးနားမှာတော့ယူနီဖောင်းအပြည့်ဝတ်ဆင်ထားတဲ့ ရဲများကဝိုင်းကာ ဗီဒီယိုရိုက်ကူးနေကြပါတယ်။ ပြီးနောက်မှာတော့ စက်ရဲ့အရှိန်ဟာ တဖြည်းဖြည်းလျော့ကျလာပြီး ဗီဒီယိုမှာလည်း အဲဒီမှာပဲ ပြီးဆုံးသွားပါတယ်။
Video ကြည့်ရန် 👇👇👇
ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ”စနောက်ချင်ကြတဲ့ လူယုတ်မာတစ်ချို့အမဲဆီအသုံးပြုကာ စက်ကိုရွေ့လျားအောင်လုပ်သွားတယ်လို့ဆိုကြပြန်ပါတယ်။
Video ကြည့်ရန် 👇👇👇
အမဲဆီကိုအသုံးပြုထားမယ်ဆိုပါက ထိုစက်ဟာ မည်သူမျှထိန်းချုပ်ခြင်းမရှိဘဲ ပေါ့ပါးတဲ့ ပွတ်တိုက်အားလေးနဲ့ တောင် ရွေ့လျားနိုင်တယ်လို့ဆိုပါတယ်။ စာဖတ်ပရိသတ်တွေကလည်း သရဲလား စနောက်တာကြောင့်လားဆိုတာဗီဒီယိုကြည့်ပြီးဝေဖန်ပေးကြပါဦး။
Video ကြည့်ရန် 👇👇👇
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )