
ကမ္ဘာအဆိုးရွားဆုံး နျူကလီယားပေါက်ကွဲမှုကြီးတစ်ခုကတော့ ၁၉၈၆ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၊ပရီးယပ်မြို့မှာရှိတဲ့ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုပေါက်ကွဲမှုရဲ့ ဆိုးကျိုးတွေကိုတော့ ထိုနေရာမှာယနေ့ထိတိုင် ခံစားနေရကြဆဲဖြစ်ပါတယ်။ ထိုပေါက်ကွဲမှုကြောင့် စက်ရုံရဲ့ ကီလိုမီတာ ၃၀ ခန့်လောက်ဟာ မြင့်မားတဲ့ ရေဒီယိုသတ္တိကြွမှုတွေဖြစ်ကာ လူအများဟာမြို့ကိုစွန့်ခွာကာပြောင်းရွေ့ခဲ့ရပါတယ်။
၁။ ပရီးယပ်မြို့ပျက်ကြီးမှာတွေ့ရတဲ့ မြေခွေး

ဒီချာနိုဘိုင်းမတော်တဆမှုကတော့ လူတွေရဲ့ အမှားကနေတဆင့်ဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ပြောပြချက်အရ စက်ရုံမှာရှိတဲ့ တာဝန်ရှိသူများဟာ လုံခြုံရေးစည်းကမ်းများကို ချိုးဖောက်ကာအရေးကြီးတဲ့ ထိန်းချုပ်မှုစနစ်တွေကိုပိတ်ချလိုက်ပြီး ဓာတ်ပေါင်းဖို နံပါတ်(၄) အား မတည်ငြိမ်တဲ့အခြေနေနဲ့စွမ်းအင်နိမ့်ကျမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
၂။ အထပ်မြင့်တိုက်ရဲ့ ၈ လွှာမှာပေါက်နေတဲ့သစ်ပင်

ည ၁နာရီ ၂၄ မိနစ်ရောက်တဲ့အခါမှာတော့ လျှပ်စစ်ဓာတ်အားမြင့်တက်လာမှုကြောင့် ပေါက်ကွဲမှုတွေများစွာဖြစ်ပေါ်ခဲ့ပြီး ထိုဓာတ်ပေါင်းဖိုဟာ ဘိလပ်မြေအမှုံတွေ သံမဏိစတွေနဲ့အတူ များစွာသောရေဒီယို သတ္တိကြွနေတဲ့ အမှုန့်တွေကို လေထုထဲသို့ထုတ်လွတ်ခဲ့ပါတယ်။ ထိုရေဒီယိုသတ္တိကြွနေတဲ့အမှုန်များအား ဥရောပမြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသတွေအပြင် အမေရိကန်နိုင်ငံ အရှေ့ပိုင်းထိကိုပင်ရောက်ရှိခဲ့ပါတယ်။
၃။ လူတွေမရှိတော့တာနဲ့ စိမ်းလန်းစိုပြေလာနေတဲ့ မြို့ပျက် ပရီးယပ်

ရေဒီယိုသတ္တိကြွနေတဲ့ စထရွန်တီယမ်၊ စီစီယမ်နှင့်ပလူတိုနီယမ် တို့ပါဝင်နေတဲ့ တိမ်တိုက်တွေဟာ ယူကရိန်းနိုင်ငံ၊အိမ်နီးချင်းဘီလာရုစ်နိုင်ငံနဲ့ ရုရှား၊ဥရောပဒေသတွေကို ပျံ့နှံ့သွားခဲ့ရပါတယ်။ UN၊ယူကရိန်း၊ဘီလာရုစ်နဲ့ ရုရှားအစိုးရတို့မှသေဆုံးသူမှာ ထောင်ဂဏန်းသာရှိမယ်လို့ ခန့်မှန်းထားခဲ့သော်လည်း အမှန်တကယ်သေဆုံးမှုကတော့ ထိုထက်ကိုမြင့်တက်ခဲ့ပါတယ်။ ထိုဓာတ်ရောင်ခြည်သင့်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကင်ဆာရောဂါဖြစ်ပွားမှုတွေ 93000 ထိတိုးလာခဲ့ပြီး ထိုချာနိုဘိုင်းစက်ရုံတည်ရှိရာ ပရီယပ်ဒေသ မှာသေဆုံးသူအရေအတွက်ကတော့ 734000 ထိကိုသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
၄။ မြင်းရိုင်းတွေလဲ ရှိနေပါတယ်

ယခုအခါမှာတော့ ထိုနေရာဒေသကို ဓာတ်ရောင်ခြည်သင့်မှုတွေကြောင့် လူနေထိုင်ရန်မသင့်ဟုသတ်မှတ်ထားကာ စွန့်ပစ်ခံထားရတဲ့ တစ္ဆေမြို့တော်သဖွယ်ဖြစ်ကာ ခြောက်ခြားစရာကောင်းလွန်းလှပါတယ်။ ယခုအခါမှာ ထိုနေရာကိုသွားရောက်လှည်ပတ်သူတွေလည်းရှိနေကာ သွားရောက်လည်ပတ်သူများကတော့ လုံခြုံရေးအထပ်ထပ်နဲ့ သွားရောက်လည်ပတ်ရမှာလည်းဖြစ်ပါတယ်။
၅။ ယခင်မြို့ထဲက လမ်းဘေးဖုန်းရုံလေးက အခု တောလိုဖြစ်နေပြီ

လူနေထိုင်ခြင်းမရှိဘဲစွန့်ပစ်နယ်မြေတစ်ခုဖြစ်ပေမယ့်လို့ ယခုအခါမှာတော့ တိရစ္ဆာန်တွေလာရောက်နေထိုင်နေကြတာကိုတွေ့ရမှာတယ်။(ရေဒီယိုသတ္တိကြွမှုတွေကတော့ ယခုထိရှိနေတုန်းပါ။) တောဝက်နဲ့ ဆတ်တွေအပါအဝင် နို့တိုက်သတ္တဝါပေါင်း ၆၀ကျော်လောက်နေထိုင်နေကြတယ်လို့ဆိုပါတယ်။ ထိုအကြောင်းအရာ ကို HBO က Chernobly ဆိုတဲ့အမည်နဲ့ ဇာတ်လမ်းတွဲရိုက်ကူးခဲ့ပြီး 2019 ခုနှစ်က ထွက်ရှိထားတာလည်းဖြစ်ပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေကလည်း ထိုဇာတ်လမ်းတွဲ 5ပိုင်းအား ဗဟုသုတများစွာရတာမို့ သွားကြည့်ဖို့ကိုတိုက်တွန်းလိုက်ပါတယ်။
၆။ တောဖြစ်သွားပြီဖြစ်တဲ့ ကစားကွင်း

၇။

၈။

၉။

၁၀။

၁၁။

၁၂။

၁၃။

၁၄။

၁၅။

၁၆။

၁၇။
