ကျန်းမာရေးအတွက် ကောင်းမွန်သော အိမ်တွင်းစိုက်ပျိုးသင့်တဲ့ အပင်( ၁၀ )မျိုး

နာဆာရဲ့ သန့်စင်တဲ့လေကိုလေ့လာချက်များအရ ဖော်မယ်ဒီဟိုက်၊ကာဗွန်မိုနောက်ဆိုဒ်၊ ထရစ်ကလိုတလင်းနှင့်အမိုးနီးယားအစရှိတဲ့ အဆိပ်အတောက်ရှိတဲ့ ဓာတ်ငွေ့များဟာအိမ်တစ်အိမ်မှာပျှမ်းမျှအားဖြင့်တည်ရှိနေကြောင်းလေ့လာချက်များအရသိရပါတယ်။ ဒါပေမယ့်ကျွန်တော်တို့မှာကြီးမားလှတဲ့ ကူညီသူတွေရှိတာအလွန်ကံကောင်းလှတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သူတို့တွေကတော့ အိမ်အတွင်းမှာ ရှိနေတဲ့ အပင်တွေဖြစ်ပြီး သူတို့ဟာ ထိုဓာတ်ငွေ့တွေရဲ့ ၉၀%လောက်ကိုစုပ်ယူပေးထားတာဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တောတို့အိမ်အတွင်းမှာ အလှဆင်ရုံသက်သက်သာမဟုတ်ကျန်းမာရေးကိုပါ အထောက်အကူပေးနိုင်တဲ့အပင် ( ၁၀ ) မျိုးကိုဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။

၁။စံပယ်ပင်(Jasmine)

Photo Brightside

စံပယ်ပင်ဟာသင့်ရဲ့ စိတ်ကျန်းမာရေးကိုအထောက်အကူပြပေးတဲ့ အပင်တစ်မျိုးဖြစ်ကာသူမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကစိုးရိမ်စိတ်တွေကိုသက်သာစေခြင်း၊စိတ်အပြောင်းအလဲများကိုကုသခြင်း၊အိပ်စက်တဲ့ အရည်အသွေးတွေတိုးမြှင့်ပေးခြင်း၊ကိုယ်ခံစွမ်းအားကိုမြှင့်တင်ခြင်းနဲ့ လိင်စိတ်ကိုတိုးပွားလာစေခြင်းစတဲ့ အကျိုးအာနိသင်တွေပါဝင်ပါတယ်။

၂။ပင့်ကူဂမုန်း(Spider Plant)

Photo Brightside

ပင့်ကူဂမုန်းဟာ လေထုထဲမှာရှိတဲ့ ဖော်မယ်ဒီဟိုက်၊ကာဗွန်မိုနောက်ဆိုဒ်နဲ့ အခြားအဆိပ်အတောင့် ဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့တွေကို အဓိကစုပ်ယူပေးတဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ဒီဓာတ်ငွေ့တွေဟာ စက္ကူအိတ်တွေ၊ဖယောင်းစက္ကူတွေ၊လက်သုတ်ပဝါတွေနဲ့ အထပ်သားပြားတွေကနေအဓိကထွက်ပေါ်လာတာဘဲဖြစ်ပါတယ်။အကယ်၍သင့်အိမ်မှာသာ စိမ်းစိုနေတဲ့ သစ်ပင်တွေများများစားစားမရှိဘူးဆိုပါက လေကောင်းလေသန့်ရရှိစေဖို့ ပင့်ကူဂမုန်းစိုက်ပျိုးခြင်းက အသင့်တော်ဆုံးပါ။

၃။ရှင်သီဝလိဂမုန်း(Peace Lily)

Photo Brightside

ရှင်သီဝလီဂမုန်းဟာအိမ်အလှဆင်တဲ့ နေရာမှာအလွန်ကောင်းလှသော အပင်တစ်မျိုးလည်းဖြစ်ပါတယ်။အကြောင်းကတော့ နွေရာသီမှာလှပတဲ့ အဖြူရောင်ပန်းပွင့်တွေ ပွင့်ဖူးလို့ဘဲဖြစ်ပါတယ်။သူရဲ့ကောင်းကျိုးတွေကတော့ ဒီတစ်ခုထဲမဟုတ်ပါဘူး။ရှင်သီဝလီဂမုန်းဟာ အမိုးနီးယား၊ဖော်မယ်ဒီဟိုက်နဲ့ ထရီကလိုရိုသိုင်လင်း ဓာတ်ငွေ့တွေကိုစုပ်ယူပေးတာကြောင့် အိမ်တွင်းလေသန့်စင်ပေးတဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ထိုအပြင်၎င်းဟာ ဝတ်မှုံနဲ့ ပန်းရနံတွေကိုထုတ်လွတ်ပေးပါတယ်။ဝတ်မှုံနဲ့ ဓာတ်မတည့်သူတွေကတော့ အထူးသတိထားဖို့လိုအပ်ပါတယ်။

၄။အင်္ဂလိပ်နွယ်( English Ivy)

Photo Brightside

အင်္ဂလိပ်နွယ်ဟာ လေထုအတွင်းမှာရှိတဲ့ မှိုတွေရဲ့ 90%ခန့်ကိုဖယ်ရှားပေးတာကြောင့် မှိုနဲ့ ဓာတ်မတည့်ကာယားယံနေတတ်သူများနဲ့ပန်းနာရင်ကြပ် သမားတွေအတွက် ညအခါမှာ ကောင်းမွန်စာအိပ်စက်နိုင်စေဖို့ များစွာအကူအညီပေးတဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ဒါပေမယ့်လို့ ထိုနွယ်ပင်ဟာ အဆိပ်ဖြစ်စေတာမို့ ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်များ မစားသုံးမိစေဖို့ အတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၅။ရိုစ့်မယ်ရီပင်(Rosemary)

Photo Brightside

ရိုစ့်မယ်ရီအပင်ကိုတော့ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကိုကောင်းမွန် လာစေဖို့ အသုံးပြုတဲ့ဆေးပင်အဖြစ်လူသိများကြပါတယ်။ဒါ့အပြင်ကြွက်သားနာကျင်မှုကို သက်သာစေဖို့နဲ့ ကိုယ်ခံအားနဲ့သွေးလည်ပတ်မှုစနစ် ကိုကောင်းမွန်စေဖို့အတွက်အသုံးပြုကြပါတယ်။သူ့ရဲ့ လတ်ဆတ်တဲ့ အရွက်များကိုလည်း ဟင်းချက်ပြုတ်ရာမှာအသုံးပြုနိုင်ပါသေးတယ်။

၆။လာဗန်ဒါပန်းပင်( Lavender)

Photo Brightside

လာဗန်ဒါပန်းရဲ့ ရနံကြောင့် စိတ်ဖိဆီးမှုတွေကိုဖြေလျော့ပေးတဲ့အပြင်၊အိပ်မပျော်တာတွေ၊စိုးရိမ်စိတ်တွေ၊အာရုံကြောအားနည်းတာတွေနဲ့ ဝမ်းနည်းမှုတွေကိုပြေပျောက်စေပါတယ်။

၇။ရှားစောင်းလက်ပတ်(Aloe Vera)

Photo Brightside

ရှားစောင်းလက်ပတ်ကတော့ အနာရောဂါတွေကုသပေးနိုင်သောကြောင့်လူသိများကြပြီး အပူလောင်တာတွေ၊နေလောင်တာတွေ၊နှင်းကိုက်တာတွေနဲ့ အနီဖိမ့်တွေထွက်တဲ့ အရေပြားရောဂါတွေကိုသက်သာပျောက်ကင်းစေပါတယ်။

၈။ရွှေလာငွေလာဂမုန်း(Golden Pothos)

Photo Brightside

ရွှေလာငွေလာဂမုန်းကတော့ ကော်တွေ၊အိတ်သုတ်ဆေးနဲ့ ချွတ်ဆေး‌တွေကနေထွက်လာတဲ့ လေထဲမှာရှိတဲ့ ထရီကလိုမီသိုင်း တွေကိုဖယ်ရှားပေးပါတယ်။ဒါကြောင့်အိမ်တွင်းမှာစိုက်ပျိုးသင့်တဲ့ အပင်ကောင်းတစ်မျိုးလည်းဖြစ်ပါတယ်။

၉။တောင်ဇလပ်ပင်(Azalea)

Photo Brightside

တောင်ဇလပ်ပင်ဟာ လှပသောရောစုံပန်းများပွင့်ဖူးသည့်အပြင်အိမ်အတွင်း လေထုအတွင်းမှာရှိတဲ့ ဓာတုပစ္စည်းများစုပ်ယူကာလေထုကိုသန့်စင်ပေးပါတယ်။တောင်ဇလတ်ပင်တွေဟာ စိုထိုင်းတဲ့ပတ်ဝန်းကျင်ကိုနှစ်သက်တဲ့ အပင်လည်းဖြစ်ပါတယ်။

၁၀။အိမ်တော်မင်္ဂလာရွက်လှပင်( Philodendron)

Photo Brightside

အိမ်တော်မင်္ဂလာရွက်လှပင်ဟာ လေထုထဲမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဇိုင်လန်းနဲ့ ဖော်မယ်ဒီဟိုက်တွေကို စစ်ထုတ်ပေးတာကြောင့် လူသိများလှပါတယ်။ဒါ့အပြင်ထိုအပင်ဟာ အလင်းရောင်နည်းတဲ့နေရာတွေကိုနှစ်သက်ကာ ထွေထွေထူးထူးဂရုစိုက်ပျိုးထောင်စရာလည်းမလိုပါဘူး။ဒါပေမယ့်လို့ အန္တာရာယ်ရှိတာ‌ေကြာင့် အိမ်မွေးတိရစ္ဆာန်များနဲ့ ကလေးငယ်တွေမစားသုံးမိစေဖို့အထူးဂရုစိုက်သင့်ပါတယ်။

Reff and Credit Brightside.