
လူများဟာ ဘယ်အစားအသောက်ဟာဖြင့် ကျန်းမာရေးကိုလွန်စွာအထောက်အကူပြုတယ် ဆိုတာသိရှိထားကြပါတယ်။ဒါပေမယ့်လည်းထိုအစားအသောက်များဟာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းဘဲ အလွန်အကျွံစားသောက်မယ်ဆိုပါက ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ယခုဆောင်းပါးလေးမှာတော့ စာဖတ်ပရိသတ်တွေအတွက် အလွန်အကျွံမစားသောက်သင့်သော ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားအစာ 4 မျိုးကိုဖော်ပြပေး လိုက်ပါတယ်။
1.မုန်လာဥနီ

မုန်လာဥနီဟာ ဘီတာကာရိုတင်း ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ကမုန်လာဥနီစာသုံးပါက ဗီတာမင် အေကိုရရှိမှာလည်းဖြစ်ပါတယ်။မုန်လာဥနီဟာအမှန်တကယ်တော့ ဗီတာမင်အေ ဓာတ်တွေကြွယ်ဝစွာပါဝင်တာမဟုတ်ပါဘူး။ကျွန်တော်တို့ခန္ဓာကိုယ်က ဗီတာမင်အေလိုအပ်လာတဲ့အခါမှာ ဘီတာကာရိုတင်းကို ဗီတာမင်အေအဖြစ်သို့ပြောင်းလဲလိုက်တာဘဲဖြစ်ပါတယ်။အကယ်၍ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဘီတာကာရိုတင်းဓာတ်တွေလွန်ကဲနေပါက အရေပြားကို အဝါရောင်ပြောင်းလဲသွားတဲ့ carotenemia တွေဖြစ်လာနိုင်ပါတယ်။
2.ရေ

ရေဓာတ်တွေ အလွန်အကျွံများပြားလာပါက အီလက်ထရိုလိုက်မညီမျှမှုတွေဖြစ်ပေါ်စေကာ ဆိုဒီယမ်ပမာဏတွေလည်းလျော့ကျလာပြီးကျောက်ကပ်ရဲ့ အလုပ်လုပ်နှုန်းတွေလျော့ကျလာမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဦးနှောက်အတွင်းရေပမာဏများပြားစွာရောက်ရှိလာကာ ဦးခေါင်းခွံဖောင်းလာတာနဲ့ဖိအားတိုးလာတာတွေဖြစ်လာ မှာဖြစ်ပါတယ်။ဒါပေမယ့် ကျောက်ကပ်မှာပြဿနာရှိနေသူများနဲ့ အချိန်ကြာမြင့်စွာ အားကစားလုပ်သူတွေကတော့ ရေဓာတ်လွန်ကဲခြင်းတွေမဖြစ်ဘဲ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတာကို ထူးခြားစွာတွေ့ရှိရပါတယ်။
3.ထောပတ်သီး

ထောပတ်သီးမှာတော့အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ထောပတ်သီးဟာ သင့်ကိုယ်တွင်းကိုလက်စထရောလျော့ချရန်နှင့် monosaturated အဆီဓာတ်များက ဆဲလ်တွေကိုထိန်းသိမ်းရာမှာကူညီပေးပါတယ်။ဒါပေမယ့် အဆီတွေကတော့ဒီအတိုင်းဘဲ ကျန်နေမှာပါ။ထောပတ်သီးတစ်လုံးမှာတော့ ကယ်လိုရီ၂၄၀ခန့်ပါဝင်ပြီး လူတစ်ဦးလိုအပ်တဲ့ ကယ်လိုရီရဲ့ ၁၀-၂၀ရာခိုင်နှုန်းလောက်ရှိနေကာ များစွာစားသုံးပါက ကယ်လိုရီလွန်ကဲကာ သွေးလွှတ်ကြောပိတ်ဆို့မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လူတစ်ဦးဟာ တစ်နေ့ကို ထောပတ်သီး တစ်ဝက်သို့မဟုတ် တစ်လုံးခန့်သာစားသုံးသင့်ပါတယ်။
4.ပင်လယ်ရေမှော်

ပင်လယ်ရေမှော်သည် ဗီတာမင်ဘီ၁၂ ကြွယ်ဝစွာပါဝင်ပြီး တိရစ္ဆာန်မှရရှိတာမဟုတ်တဲ့ သတ်သတ်လွတ်အစာတစ်မျိုးလည်းဖြစ်ပါတယ်။၎င်းဟာ အိုင်အိုဒင်းနဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် ကိုယ်အလေးချိန်ကျစေနိုင်သော အလွန်ကောင်းတဲ့ အစားစာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမယ်အိုင်အိုဒင်းဓာတ်တွေလွန်ကဲစွာဖြစ်ပေါ်လာပါကသိုင်းရွိုက်ပြဿနာများနဲ့ ကိုယ်အလေးချိန်တိုးမြင့်တာတွေဖြစ်လာနိုင်ပါတယ်။ပင်လယ်ရေမှော်ဟာအပင်ကြီးထွားမှုပေါ်မူတည် ၍ ပါဝင်တဲ့ အာနိသင်တွေကလည်း များပြားတတ်ပါတယ်။
Reff; Photo brightside.