ငါးတစ်ကောင်လုံး စအိုထဲဝင်သွားခဲ့လို့ ဆေးရုံရောက်သွားခဲ့တဲ့ အမျိုးသား

အမျိုးသားတစ်ဦးဟာ ငါးတစ်ကောင်လုံး စအိုထဲဝင်သွားတာခဲ့ကြောင့် ခွဲစိတ်ကာဖယ်ထုတ်ခဲ့ရကြောင်း သူနာပြုတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ထိုအမည်မဖော်လိုသူ အသက် ၃၀ အရွယ်အမျိုးသားဟာ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာရှိတဲ့ ဂွမ်ဒေါင်း စီရင်စု အတွင်းက Zhaoqing ဆေးရုံရဲ့ အရေးပေါ်ဌာနကို ဇွန်လ ၃ရက်နေ့ကရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

Credit Photo

ဓာတ်မှန်ကဖော်ပြလာတဲ့ မနှစ်မြို့စရာပုံရိပ်ထဲမှာတော့ ထိုငါးဟာ စအိုထဲမှာ ကျကျနန တည်ရှိနေတာကိုတွေ့ခဲ့ရပါတယ်။CT scan ရဲ့ ဖော်ပြချက်အရ ငါးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလုံးမှာ စအိုထဲတွင်ရောက်ရှိပြီး လူနာမှာလည်း ပြင်းထန်လှတဲ့ ဗိုက်အောင့် ဝေဒနာကို တစ်နာရီကျော်ကြာခံစားခဲ့ရတယ်လို့ဆိုပါတယ်။

Credit Photo

သူနာပြုက မေးမြန်းတဲ့အခါမှာတော့ သူဟာ ငါးအပေါ်ကိုမတော်တဆထိုင်မိခဲ့ပြီး သူရဲ့ စအိုဝကနေတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့တာလို့ ဖြေဆိုထားပါတယ်။ထိုအကြောင်းကို တရုတ်ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ Weibo မှာမျှဝေခဲ့ပြီး ကျန်းမာရေးဝန်ထမ်းက “ငါ့တို့လို လူထုံတွေများထင်နေလား”ဟုရေးထားတာကိုတွေ့ရပါတယ်။ဖော်ပြချက်များအရ ငါးအသေကောင်မှာကြီးလွန်းနေတာကြောင့် ထုတ်ယူနိုင်ဖို့ကို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။

Credit Photo

ထိုငါးရဲ့ ရေယက်မှ အချွန်များကြောင့် လူနာရဲ့ အူမကြီးမှာပေါက်ထွက်သွားတာကြောင့် ခွဲစိတ်ကုဆရာဝန်များဟာ လူနာရဲ့ ဗိုက်ကိုခွဲကာအမြန်ဆုံးကုသခဲ့ရပါတယ်။နောက်ဆုံးမှာတော့ ထိုငါးကိုအူသိမ်ပိုင်းအတွင်းမှထုတ်ယူနိုင်ခဲ့ပြီး ထိုကဲ့သိူအူသိမ်ပိုင်းကို ခွဲစိတ်ခဲ့ရတာကြောင့် ခွဲစိတ်ခန်းတစ်ခုလုံးမှာလည်း အနံသက်ဆိုးတွေဖြစ်သွားခဲ့ကြောင်း ဆရာတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ထိုလိုဖြစ်ရပ်ကတော့ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

Credit Photo

 

မကြာသေးမီကမှအိန္ဒိယနိုင်ငံ မှအမျိုးသားတစ်ဦးရဲ့ ဆီးအိမ်ထဲမှာ ဖုန်းအားသွင်းကြိုးတစ်ခုတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါသေးတယ်။မေလ ၃၁ ရက်နေ့မှာတော့ ထိုအမျိုးသားဟာ ဗိုက်အောင့်သည်ဟုဆိုကာဆေးရုံကိုရောက်လာခဲ့ပြီး ဘယ်သူမှ သတိမထားမိလောက်အောင်ဘဲ ထိုသူရဲ့ ဗိုက်အောင့်ရတဲ့ အကြောင်းရင်းမှာတော့ ဆီးအိမ်ထဲမှာ ဖုန်းအားသွင်းကြိုးတစ်ခုဝင်နေတာကို ဓာတ်မှန်ကနေတဆင့် တွေ့ခဲ့တာဘဲဖြစ်ပါတယ်။ထိုအမျိုးသားကိုတော့ အိန္ဒိယနိုင်ငံ Guwahati ဆေးရုံမှ ခွဲစိတ်ဆရာဝန်တွေဟာ ၄၅မိနစ်ကျော်ကြာ ခွဲစိတ်ကုသပေးခဲ့ရပါတယ်။

Video ကြည့်ရန်