မှန်အိမ်ထဲမှအရုပ် သူ့ဘာသာလှုပ်ရှားနေတာကို ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့တဲ့အမျိုးသား

အမေရိကန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးဖြစ်သူစုစောင်းထားတဲ့ မှန်အိမ်ထဲမှအရုပ်တွေဟာ သူဘာသာလှုပ်ရှားနေတာကို သတိပြုမိခဲ့ပါတယ်။ ဒီဗီဒီယိုဟာဖန်တီးထားတဲ့ ခြောက်ခြားဖွယ်ဇာတ်လမ်းတိုလေးတစ်ခုမဟုတ်ပါဘူး။

Credit Photo

အတွေ့အကြုံများစွာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ချတ်ဂတ်ဆက် ကသူနေထိုင်ရာ အိုဟိုင်းရိုး ပြည်နယ် ဟာမင်တန်မြို့ မှာရှိတဲ့ သူ့ရဲ့ အိမ်မှာ ဖြစ်ပျက်ခဲတာဖြစ်ကြောင်းအခိုင်အမာပြောဆိုထားတာပါ။ချတ် ရဲ့ ဇနီးဖြစ်သူ ဗစ်တိုးရီးယား ဟာ သူတို့ရဲ့ အိမ်ဧည့်ခန်းမှာ အရုပ်တွေ‌ကိုမှန်အိမ်လေးတစ်ခုနဲ့ ထည့်ထားပါတယ်။

Credit Photo

ချတ်ဟာ ထိုအရုပ်လေးတွေဟာ ငြိမ်သက်နေရာကနေ သူတို့ဘာသာလှုပ်ရှားသွားခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့ ပထမဆုံးထိုခြောက်ခြားစရာဖြစ်ရပ်ကတော့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အရုပ်ဟာသူရဲ့ မှန်အိမ်အတွင်းမှာရွေ့လျားနေတယ်လို့ ချတ်အနေနဲ့ သတိထားမိတဲ့အခါမှာတော့ သူ့ရဲ့ ဖုန်းကင်မရာကိုထုတ်ကာ ထိုထူးဆန်းတဲ့ဖြစ်ရပ်ကို ရိုက်ကူးဖို့ကြိုးစားပါတော့တယ်။

Credit Photo

သူပြောခဲ့တဲ့ အတိုင်းဘဲဗီဒီယိုရိုက်ကူးတဲ့အခါမှာတော့ အရုပ်ဟာမှန်အိမ်ထဲမှာလှုပ်ရှားသွားတာကိုဗီဒီယို မှာတွေ့ရပါတယ်။ဒုတိယတစ်ကြိမ်အရုပ်လှုပ်ရှားသွားတာကိုတော့ဒီလအစောပိုင်းလောက်တုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အရုပ်တွေလှုပ်ရှားနေတာကိုသတိပြုမိထားတဲ့ ချတ်ဟာယခုတစ်ကြိမ်မှာလည်း ဗီဒီယိုမှတ်တမ်းယူထားခဲ့ပါသေးတယ်။

Credit Photo

အဲဒီအချိန်မှာတော့ ချတ်ရဲ့ ဇနီးဖြစ်သူအိမ်မှာမရှိတဲ့အတွက် သူတစ်ယောက်ထဲဖြစ်နေကာ စိတ်ခြောက်ခြားနေခဲ့ရတယ်လို့ဆိုပါတယ်။ထိုအရုပ်တွေထဲကမှအသေးဆုံးအရုပ်ကတော့ ချတ်ပထမဆုံးသတိထားမိတဲ့အရုပ်ဖြစ်ပြီး ထိုအရုပ်ရဲ့ ခြေထောက်တွေဟာ မှန်အိမ်ဘက်ကို ဆန့်ထုတ်လိုက်တာကို ပထမဆုံးအနေနဲ့ မြင်ခဲ့ရတာဘဲဖြစ်ပါတယ်။ချတ်ဟာထိုအဖြစ်အပျက်တွေကြောင့်အရုပ်တွေသူ့ကိုကြည့်နေတယ်ဟု ထင်မှတ်ကာကြောက်ရွံ့ပြီး အိမ်ခန်းထဲမှာပုန်းနေခဲ့ရတယ်လို့ဆိုပါတယ်။

Video ကြည့်ရန်

( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )