
ဆေးရုံမှဝန်ထမ်းတစ်ဦးဟာ CCTV ကင်မရာမှ သေဆုံးသွားသူတစ်ဦးရဲ့ wheelchair ဟာရွေ့လျားနေတာနေတာကို တွေ့ရှိကာ အလွန်ထိတ်လန့်သွားခဲ့ပါတယ်။ဒီ wheelchair ရွေ့လျားနေတာကိုတော့ သေဆုံးသွားသောသူရဲ့ ဝိညာဉ်မှ သူ့ကိုယ်ပိုင် wheelchair ကို အသုံးပြုနေတယ်လို့ယုံကြည်နေကြပြီး ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း Udon Thani မြို့ရဲ့ ဆေးရုံတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။

မေလ၂၃ရက်နေ့က ဖမ်းယူရရှိထားတဲ့ CCTV မှတ်တမ်းအရ wheel chair ဟာ ဘယ်သူမှအနောက်ကနေ တွန်းနေတာမရှိဘဲ ထောင့်ကနေတဖြည်းဖြည့်ချင်းရွေ့လာတာကို တွေ့ရမှာပါ။

ထို wheelchair မှာဆင်ခြေလျောအသေးလေးအတိုင်း သူဘာသာလိမ့်ဆင်း လာတာလို့ထင်ရပေမယ့် ထူးခြားချက်တစ်ခုမှာတော့ ဆင်ခြေလျှောအတိုင်း ရွေ့ဆင်းလာတာရပ်သွားကာအပေါ်ဘက်ကို အနောက်ပြန်ရွေ့လျားလာတဲ့အချက်က ဝိညာဉ်တစ်ခုကြောင့်လို့ ထင်သွားကြတာပဲ ဖြစ်ပါတယ်။

နောက်တနေ့မနက်မှာ wheelchair ဟာ ထားတဲ့နေရာမှာရှိမနေတာကို ဆေးရုံဝန်ထမ်းတွေက သတိပြုမိခဲ့ပြီး CCTV ပြန်ကြည့်လိုက်တဲ့အခါမှာတော့ အကုန်လုံးထိတ်လန့်ကုန်ကြပါတယ်။ ထိုဆေးရုံရဲ့ နာမည်ကတော့ Ban Kham Doung ဆေးရုံဖြစ်ကာ ဆေးရုံရဲ့ ဒါရိုက်တာဖြစ်တဲ့ Thanasak Pakdeenuan ကတော့ ထိုwheelchair တွေက ပုံမှန်သာဖြစ်ပြီး တစ်ယောက်ယောက်က တွန်းနေခြင်းမျိုးတွေမရှိကြောင်း အတည်ပြုပြောကြားထားပါတယ်။

ဆက်လက်ပြီးသူက” အဲ့ဒီညကဝောာ့ လေတွေအရမ်းတိုက်နေခဲ့တာပါ။လေတိုက်တာကြောင့် wheelchair သာ ရွေ့မယ်ဆိုရင် အကုန်လုံးရွေ့သွားရမှာပါ။ ဒါပေမယ့် သူ့တစ်ခုတည်းရွေ့သွားတာကထူးဆန်းတာပါ “လို့ လည်းပြောထားပါတယ်။ ဒီ wheelchair ဟာ သူတို့ရဲ့ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ မူလပိုင်ရှင်ထံကနေအလှုခံထားတာလည်း ဖြစ်ပါတယ်။
Video ကြည့်ရန်
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )