
အိန္ဒိယနိုင်ငံဆေးဘက်ဆိုင်ရာကောလိပ်တစ်ခုမှ ကိုရိုနာဗိုင်းရပ်စမ်းသပ်နမူနာတွေအား မျောက်တစ်ကောင်မှ ပညာရှင်တွေကိုတိုက်ခိုက်ကာ ခိုးယူသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ Uttar Pradesh ပြည်နယ်ရှိ Meerut ဆေးပညာကောလိပ်တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မျောက်များဟာစမ်းသပ်နမူနာသုံးခုကို ခိုးယူသွားခဲ့ကြောင်း သတင်းများအရသိရပါတယ်။
ဆေးပညာရှင်တစ်ဦးက ဓာတ်ခွဲခန်းတွင်စစ်ရန် သွေးနမူနာများကို ယူဆောင်လာစဉ် မျောက်တစ်ကောင်က ထိုပညာရှင်လက်ထဲက သွေးနမူနာများကိုလုယူကာ သူတို့နေထိုင်နေကျသစ်ပင်ပေါ်ကို ပြေးတက်သွားခဲ့ပါတယ်။
အနီးနားမှာနေထိုင်သူတွေကတော့ မျောက်တွေဟာသူတို့နေထိုင်ရာနေအိမ်တွေနားကို ထိုသွေးနမူနာတွေသယ်ဆောင်လာတာကြောင့် ကိုရိုနာဗိုင်းရပ်ရောဂါပျံနှံ့လာမှာကိုစိုးရိမ်နေကြပါတယ်။ Lucknow ဗျူရိုအကြီးအကဲဖြစ်သူ Bureau Chief ကမျောက်များဟာ သူတို့ကောလိပ်နားမှာ အနှောက်အယှက်ဖြစ်နေကြောင်း အစီရင်ခံတင်ပြထားသော်လည်း ဖြေရှင်းပေးခြင်းတော့မရှိသေးပါဘူး။
ထိုနမူနာများသည် မျောက်များရဲ့ လက်ထဲတွင်ရှိနေတာကြောင့် အနီးနားရှိ မြို့များကို ရောဂါကူးစက်ပျံ့နှံ့မယ့် အန္တာရာယ်ကြီးတစ်ခုဖြစ်ကြောင်း သတိပေးပြောကြားထားပါတယ်။ ကောလိပ်ရဲ့အကြီးအကဲ Dheeraj Raj က နမူနာသေတ္တာတွေကို ပြန်ယူနိုင်ဖို့လုပ်ဆောင်နေပြီးအခုချိန်ထိတော့ပျက်ဆီးခြင်းမရှိသေးပါဘူး လို့ပြောထားပါတယ်။
ထိုနမူနာသုံးခုဟာ ဗိုင်းရပ်ပိုးကိုနောက်တစ်ကြိမ်ပြန်လည် စစ်ဆေးမယ့် သွေးနမူနာတွေဖြစ်ကြောင်းဆက်လက်ပြောကြားထားပါတယ်။ အိန္ဒိယနိုင်ငံသည် မေလအတွင်းစစ်တမ်းကောက်ယူချက်များအရ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူပေါင်း 167442 ဦးနဲ့ သေဆုံးသူပေါင်း 4797 ထိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
Video ကြည့်ရန်
( www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ )